“သေရင် သေပစေ စစ်အာဏာရှင်တစ်စုပြုတ်စေရမယ်”လို့ ဆိုတဲ့ ဗျူဟာမှူးဗိုလ်အယ်စေးဝါး
ဇန်နဝါရီ ၂၃၊ The Nation Voice
Lion Battalion Commando – ဗျူဟာစစ်ကြောင်းရဲ့ဗျူဟာမှူးဗိုလ်အယ်စေးဝါးဟာ သူ့ရဲ့ရဲဘော်တွေကို မိန့်ခွန်းပြောကြားနေတဲ့ ရုပ်သံဖိုင်တစ်ခုကို မနေ့က ညပိုင်းမှာ ထုတ်ဖော်ပြသလာပါတယ်။
အဲ့ဒီရုပ်သံဖိုင်ထဲမှာ ဗျူဟာမှူးဗိုလ်အယ်စေးဝါးက သူ့ရဲ့ ရဲဘော်တွေကို “ထိုးဖောက်ဝင်ရောက် မြို့ပြဗျောက်”စစ်ဆင်ရေးရဲ့ လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြနေတာကို မြင်တွေ့ရပါတယ်။
အဲ့ဒီရှင်းပြချက်တွေထဲမှာ ဗျူဟာမှူး ဗိုလ်အယ်စေးဝါးက မိသားစုတွေဝေးကွာရတာ၊အိုးမဲ့အိမ်မဲ့ဖြစ်ရတာ၊မိသားစုအသတ်ဖြတ်ခံလိုက်ရတာ၊ပြည်သူ့အခွင့်အရေးတွေ ဆုံးရှုံသွားတာ၊ပညာရေးမှာ လူငယ်အနာဂတ်တွေဆုံးရှုံးသွားတာနဲ့ တိုင်းရေးပြည်ရေးကို ကောင်းအောင်မလုပ်ပေးနိုင်တာတွေဟာ စစ်တပ်က အာဏာသိမ်းပြီးတော့ လုပ်သွားတာဖြစ်တာကြောင့် ပြည်သူ့အခွင့်အရေးကို ပြန်ရဖို့ “ထိုးဖောက်ဝင်ရောက် မြို့ပြဗျောက်”စစ်ဆင်ရေးကို လုပ်ဆောင်နေတာဖြစ်ကြောင်း ပြောဆိုနေတာပါ။
“ထိုးဖောက်ဝင်ရောက် မြို့ပြဗျောက်” စစ်ဆင်ရေးဟာ မြို့အတွင်းပိုင်းကိုရောက်တော့မယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ တစ်ညီတစ်ညွတ်ထဲ လက်သွားမှာဖြစ်တယ်လို့လည်းဗျူဟာမှူး ဗိုလ်အယ်စေးဝါးက ဆက်လက် ပြောဆိုထားပါတယ်။
“အကိုတို့မြို့အတွင်းပိုင်းမှာ ရောက်တော့မယ်ဆိုရင် အကိုတို့ပြောပြီးသား အကိုတို့တိုင်ရင်းသားညီကိုမောင်နှမတွေ အကုန်လုံးလက်တွဲမယ်၊အားလုံးတစ်ညီတစ်ညွတ်ထည်းနဲ့၊တစ်စီး တစ်ရုံးနဲ့ တစ်သွေးထဲ တစ်သားထည်း ပေးစပ်မယ်ကွာ၊အဲ့ဒါကြောင့် သေရင် သေပစေ ငါတို့တိုင်းနဲ့ ပြည်နဲ့ပြန်ဖြစ်ရမယ် ငါတို့လိုချင်တဲ့ အခွင့်အရေး ရရမယ်၊ငါတို့လိုချင်တဲ့ ဒီစစ်အာရှင်တစ်စုပြုတ်စေရမယ်”လို့ ဗိုလ်အယ်စေးဝါးက သူ့ရဲ့ရဲဘော်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီရုပ်သံဖိုင်ထဲမှာ ဗိုလ်အယ်စေးဝါးက သူရဲ့ရဲဘော်တွေကို စိတ်ဓာတ်မကြကြဖို့နဲ့ အခုရက်ပိုင်းမှာ ရဲဘော်တွေနဲ့အတူ စစ်ဆင်ရေးလို့ ယူဆရတဲ့ ခရီးထွက်မှာဖြစ်ကြောင်း၊ရဲဘော်တွေအားလုံးကို ချစ်ချစ်ခင်ခင်နဲ့ ခရီးထွက်ကြဖို့ ပြောဆိုနေတာကို မြင်တွေ့ရပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက် စစ်နည်းစနစ်တွေ၊စစ်စည်းကမ်းတွေ ပြောလို့မပြီးသေးခင်မှာ အကိုတို့နင်တို့ကို အရေးကြီးဆုံးအချက်တွေပြောပြမယ်။တစ်ဦးတစ်ယောက်နဲ့ ကိုယ့်တိုင်းရင်းသားတွေအားလုံး ကရင်ပဲဖြစ်ဖြစ်၊ဗမာပဲဖြစ်ဖြစ်၊ကုလားပဲဖြစ်ဖြစ် ဒီအချိန်မှာ ခွဲခြားစရာမလိုတော့ဘူး တစ်သွေးထည်း တစ်သားထည်းဖြစ်ရမယ်။တစ်ထပ်တည်း ဖြစ်ရမယ်။ညီကိုမောင်နှမ စိတ်ဓာတ်အပြည့်အဝရှိရမယ်”လို့လည်း ခရီးထွက်ရာမှာ လိုက်ပါမယ့်သူ့ရဲ့ရဲတွေကို ဗိုလ်အယ်စေးဝါးက ပြောကြားခဲ့ပါတယ်။
အုပ်စိုးစိတ်ကို နှိမ့်ချတက်မှသာ လိုချင်နေတဲ့ လမ်းစဉ်နဲ့ လိုချင်တဲ့ ခရီးကို ရမှာဖြစ်ပြီး အဲ့ဒီစိတ်ဓာတ်သာမရှိရင် ဆက်သွားမယ့်ခရီးစဉ်ဟာ ဘယ်တော့မှ အောင်မြင်မှု ရမှာမဟုတ်ဘူးလို့လည်း ဗျူဟာမှူး ဗိုလ်အယ်စေးဝါးက ပြောဆိုခဲ့ပါသေးတယ်။
ရုပ်သံကြည့်ရန်