Local News

ရဲဘော်ရဲဘက်များအတွက် အသက်စတေးခဲ့သော ခုခံတော်လှန်ရေးသမားမျာ

ရဲဘော်ရဲဘက်များအတွက် အသက်စတေးခဲ့သော ခုခံတော်လှန်ရေးသမားများ

စစ်ကောင်စီကိုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးတွင် မနှင်းဆီလှိုင် စတင်ပါဝင်ချိန်ကတည်းကပင် “စစ်ခွေးများ” ဟု သူတို့ ခေါ်သည့် စစ်ကောင်စီစစ်သားများကို သတ်ဖြတ်ရန် မည်သည်ကိုမဆို လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအတွက် ထောက်ပို့အဖွဲ့ဝင် အသက် ၂၀ အရွယ် မနှင်းဆီလှိုင်သည် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တွေ့ရသောအခါ အခြားရဲဘော်ရဲဘက်တဦးနှင့်အတူ အသေခံဖောက်ခွဲပြီး သူ၏စကားကို သက်သေပြခဲ့သည်။

ရွှေဘိုကာကွယ်ရေး တပ်ဖွဲ့ (SBDF) မှ ဗိုလ်သံမဏိ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ဒေါ်စုစုရည်နှင့် မိုညိုတော်လှန်ရေးတပ်ဖွဲ့မှ အီးဇီ

ထိုအမျိုးသမီး နှစ်ဦးတို့သည် ခုခံတော်လှန်ရေး အင်အားစုများအတွက် လက်လုပ်ဗုံးများ ပို့ဆောင်ပေးရန် ဆိုင်ကယ်စီးလာစဉ် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်သည့် အင်အားစုအမာခံဒေသများအနက် တခုဖြစ်သော ကောလင်းမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းကို မမျှော်လင့်ဘဲ ရင်ဆိုင်ခဲ့ရချိန်ဖြစ်သည်။

၎င်းတို့သည် လက်နက်မချသလို ရဲဘော်ရဲဘက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပေးရနိုင်သည့် စစ်ကြောရေးကို ရင်ဆိုင်မည့်အစား စစ်ကောင်စီစစ်သားများ ၎င်းတို့အနီး ချဉ်းကပ်လာစဉ် ဗုံးများကို ဖောက်ခွဲခဲ့ကြသည်။

ထိုအသေခံ ဖောက်ခွဲမှုတွင် စစ်ကောင်စီစစ်သား အများအပြား ထိခိုက်ဒဏ်ရာရပြီး ထိုအမျိုးသမီးများ၏ ကြွင်းကျန်သော ရုပ်အလောင်းများကို မိသားစုများသို့ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း ဒေသခံ PDF အဖွဲ့ဖြစ်သော ကောလင်း တော်လှန်ရေးအဖွဲ့ (KRT) က ပြောသည်။

မနှင်းဆီလှိုင်သည် ကောလင်းရှိ စတိုးဆိုင်တခုတွင် အရောင်းစာရေးလုပ်ခဲ့ပြီး ကောလင်း PDF တွင် တာဝန် ထမ်းဆောင်နေကာ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေသူဖြစ်သည်။

သူနှင့်အတူ ကျဆုံးခဲ့သည့်ရဲဘော်မှာ ဒေါ်စုစုရည်ဖြစ်သည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဒေါ်စုစုရည်တွင် အသက် ၂၀ အရွယ် သားတယောက်နှင့် အသက် ၇၀ အရွယ် မိခင် ကျန်ရစ်ခဲ့သည်။ စစ်အာဏာမသိမ်းမီက ဒေါ်စုစုရည်သည် ကောလင်းမြို့နယ်တွင် ကွမ်းယာရောင်းသူတဦးဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်တွင် သူသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ပြီး ကောလင်း PDF ထောက်ပို့အဖွဲ့ဝင်တဦး အဖြစ်သာမက KRT အတွက် ကင်းထောက်တဦးလည်း ဖြစ်လာသည်။

တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြသော လူငယ်များအတွက် ဝမ်းနည်းကြောင်းနှင့် ထိုလူငယ်များအစား သူသာ သေပေးလိုက်လိုကြောင်း ဒေါ်စုစုရည်က ပြောဖူးသည်ဟု KRT က ဆိုသည်။

သူသေဆုံးပြီးနောက် သူ၏အိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်သည်။ သူ၏သားနှင့် မိခင်ကို ယခုအခါ ထိုမြို့နယ်မှ NUG အုပ်ချုပ်ရေး အဖွဲ့ဖြစ်သော ကောလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စောင့်ရှောက်ထားသည်။

ဒေါ်စုစုရည်နှင့် မနှင်းဆီလှိုင်တို့သည် တော်လှန်ရေးအတွက် အသက်ကို စတေးခဲ့သည်ဟု PDF က ကြေညာချက်ထုတ်ပြန်ပြီး ၎င်းတို့ကို သူရဲကောင်းများအဖြစ် ဂုဏ်ပြုသည်။

ထိုအမျိုးသမီး နှစ်ဦး၏ တိုက်ခိုက်မှုသည် မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် တိုက်ပွဲဝင်နေသော တော်လှန်ရေးအင်အားစုများ၏ မကြာသေးမီက တိုက်ခိုက်ရေးစိတ်ဓာတ် စံနမူနာဖြစ်သည်။

ရဲဘော်ရဲဘက်များနှင့် တော်လှန်ရေးအတွက် အသက်စတေးခဲ့သော အခြား ခုခံတော်လှန်ရေးသမား များစွာ ရှိသည်။ ၎င်းတို့အနက် အချို့ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

ရေစကြိုတော်လှန်ရေးအဖွဲ့ (YGO) မှ ကိုမိုး