အသက်ရလာရင်၊ မျက်အိတ်ကနှစ်ဖက်လုံး မျက်စိအောက်ဘက်မှာ ဖောင်းမို့ တွဲကျလာတယ်။ ပန်ဒါဝက်ဝံတွေလို မျက်ကွင်းညိုတာကလည်း ၊
တချို့လူတွေမှာ အရုပ်ဆိုးစွာ ဖြစ်ပေါ်လာကြတယ်။ အဲဒီလိုမျိုးက တချို့လူတွေမှာ ပိုဖြစ်လွယ်တာ တွေ့ရပါတယ်။
အထူးသဖြင့် အိပ်ရေးပျက်များသူ၊ အလှပြင်ပစ္စည်းတွေနဲ့ မျက်လုံးပတ်လည် ကြမ်းတမ်းစွာ ဆွဲလိမ်းလေ့ရှိသူ၊
အငန်နဲ့ ဆော်ဒါပါတဲ့ အစားအစာ အစားများသူတွေမှာ အဲဒါတွေ ပိုဖြစ်လွယ်တာ တွေ့ရတယ်။အဲ့ဒီလိုမျိုးဖြစ်တာကနေကာကွယ်ဖို့အတွက် သဘာဝနည်းလမ်းလေးတွေကို ပြောပြလိုက်ပါတယ်နော်။
(၁) ကန်စွန်းဥ Sweet Potato
ကန်စွန်းဥမှာ အသားဖြူစေတဲ့ သတ္တိရှိတယ်။ ရေဓာတ်အပြည့်ပါပြီး အသားအရေကို စွတ်စိုနေစေတယ်။ ရောင်ရမ်းနေရင် အရောင်ကျစေတယ်။
ကန်စွန်းဥကို ပါးလွှာနေအောင်စိတ်ပြီး ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ခန့် အအေးခံထားပါ။ အေးလာမှ အပေါ်နဲ့ အောက်မျက်ခွံတွေပေါ်ကို အသာဖိကပ်ပေးထားပါ။
ခြောက်မှ အလိုအလိုကွာကျသွားပါလိမ့်မယ်။ ဒါမှမဟုတ် ၁၅ မိနစ်ကြာအောင် ကပ်ထားပေးပါ။ နေ့စဉ် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
(၂) သခြားသီး
သခွားသီးမှာ ရောင်ရမ်းတာကျစေတဲ့ အစွမ်းထက်သတ္တိတွေ အတော်ပါရှိတယ်။ သခွားသီးကို ဒသမ ၅ စင်တီမီတာအထူလောက်လေးတွေ၊
ဖြစ်အောင်စိတ်ပြီး ရေခဲသေတ္တာထဲ ၁၅ မိနစ်လောက်အေးသွားအောင်ထားပါ။ အေးလာတော့၊ မျက်ခွံအပေါ်ရော အောက်ဘက်ပါ လုံအောင်ဖုံးအုပ်ပြီးကပ်ထားပေးပါ။
သခွားသီးအဖတ်လေး ပူလာရင် အသစ်တစ်ခုနဲ့ လဲလှယ်ကပ်ပေးနိုင်ပါတယ်။ မိနစ် ၂၀ လောက်ကြာအောင် အဲလိုအချိန်မှန်လုပ်ပေးရုံနဲ့ ၊
မျက်ခွံတင်းရင်းလာတာ သိသာလာပြီး နေ့စဉ် ပြုလုပ်ပေးရင် မျက်ကွင်းညိုတာကိုပါ ပျောက်ကင်းလာစေပါတယ်။
(၃) လက်ဖက်စိမ်း Green Tea
လက်ဖက်စိမ်းကလည်း ရောင်ရမ်းတာ ကျစေတယ်။ မျက်လုံးပတ်လည် အရည်စုတာ ကာကွယ်ပေးတယ်။
ကိုယ်ခန္ဓာအတွင်းမှာ အဆိပ်အတောက်တွေ ကင်းစင်အောင် ဖယ်ရှားပေးတယ်။ အဲဒီလက်ဖက်စိမ်းကို ဆူပွက်နေတဲ့ ရေနွေးနဲ့စိမ်ပြီး နေ့စဉ်နံနက်နဲ့ ညနေ မတ်ခွက်တစ်ခွက်စီသောက်ပေးသင့်ပါတယ်။
အဲလိုရေနွေးကြမ်းအဖြစ်သောက်ပြီး ကျန်တဲ့လက်ဖက်စိမ်းအထုတ်လေးတွေကို ရေနွေးနွေးနဲ့ ခဏစိမ်ကာ ခပ်နွေးနွေးဖြစ်တော့ ခပ်ဖွဖွညှစ်ပစ်ပါ။
ပြီးရင် မျက်ခွံပေါ် နှစ်ဖက်လုံး တစ်ဖက်တစ်အိတ်စီ ၁၅ မိနစ်လောက် တင်ထားပေးပါ။ မျက်ခွံညောင်းတာပါ သက်သာစေတယ်။ ပြီးတော့မှ ရေအေးနဲ့ မျက်နှာသစ်ပစ်နိုင်ပါတယ်။
(၄) နွားနို့ သို့မဟုတ် ဆိတ်နို့
နွားနို့ သို့မဟုတ် ဆိတ်နို့အနည်းငယ်ကို ရေခဲသေတ္တာထဲ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထည့်ထားပြီး အေးလာတဲ့အခါ ဂွမ်းလုံးလေးတွေ ထည့်နှစ်ပါ။
အဲဒီဂွမ်းလုံးလေးတွေကို ခပ်ဖွဖွ ညှစ်ပစ်ပြီး မျက်ခွံနဲ့ မျက်လုံးပတ်လည်ကို ဖုံးအုပ်ကာ ၁၅ မိနစ်ခန့် တင်ထားပေးရတယ်။ အချိန်ပြည့်မှ ရေအေးနဲ့ ဆေးကြောပစ်ရပါတယ်။
(၅) ပန်းသီးနဲ့ အုတ် (ကွေကာအုတ်)
ပန်းသီးတစ်လုံး အနေတော်လောက်ကို အတုံးလေးတွေစိတ်ပြီး ရေခဲသေတ္တာထဲ ၁၅ မိနစ်လောက် အေးအောင်ထည့်ပြီးနောက် အေးလာရင်၊
ကွေကာအုတ် Raw Oat စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောကာ ဘလင်ဒါထဲ ရောကြိတ်ပေးပါ။
အနှစ်ရလာတော့ မျက်လုံးပတ်လည် အပါအဝင် မျက်နှာတစ်ပြင်လုံးကို အနှံ့လိမ်းပေးရင်း စက်ဝိုင်းပုံ ခပ်ဖွဖွနှိပ်နယ်ပေးပါ။
၁၅ မိနစ်ကြာအောင် အဲဒီလိမ်းထားတဲ့ Mask ဖုံးထားပြီးမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပစ်ပေးပါ။
ပန်းသီးက မျက်နှာကြွက်သားတွေကို အညောင်းအညာ ပြေစေပြီး မျက်နှာတစ်ပြင်လုံးကိုလည်း သွေးလည်ပတ်မှုကောင်းစေတယ်။ အကြောအခြင် လျော့စေတယ်။
တစ်နေကုန် အလုပ်ထဲမှာ ပတ်ဝန်းကျင်လေထုထဲမှာ ပင်ပန်းလာတဲ့မျက်နှာကို ညစဉ် သို့မဟုတ် ရက်ခြားအထက်ပါအတိုင်း ၊
ပြုလုပ်ပေးရင် ဖြူစင်ဝင်းမွတ်တဲ့ အသားအရေနဲ့အတူ မျက်အိတ်တွဲတာ၊ မျက်ကွင်းညိုတာတွေပါ ပျောက်ကင်းလာစေပါတယ်။
Credit Original upload
Unicode
မျက်အိတ်ဖြစ်တာနဲ့ မျက်ကွင်းညိုတာတွေအတွက် သဘာဝနည်းလမ်းများ
အသက်ရလာရင်၊ မျက်အိတ်ကနှစ်ဖက်လုံး မျက်စိအောက်ဘက်မှာ ဖောင်းမို့ တွဲကျလာတယ်။ ပန်ဒါဝက်ဝံတွေလို မျက်ကွင်းညိုတာကလည်၊
း တချို့လူတွေမှာ အရုပ်ဆိုးစွာ ဖြစ်ပေါ်လာကြတယ်။ အဲဒီလိုမျိုးက တချို့လူတွေမှာ ပိုဖြစ်လွယ်တာ တွေ့ရပါတယ်။
အထူးသဖြင့် အိပ်ရေးပျက်များသူ၊ အလှပြင်ပစ္စည်းတွေနဲ့ မျက်လုံးပတ်လည် ကြမ်းတမ်းစွာ ဆွဲလိမ်းလေ့ရှိသူ၊
အငန်နဲ့ ဆော်ဒါပါတဲ့ အစားအစာ အစားများသူတွေမှာ အဲဒါတွေ ပိုဖြစ်လွယ်တာ တွေ့ရတယ်။အဲ့ဒီလိုမျိုးဖြစ်တာကနေကာကွယ်ဖို့အတွက် သဘာဝနည်းလမ်းလေးတွေကို ပြောပြလိုက်ပါတယ်နော်။
(၁) ကန်စွန်းဥ Sweet Potato
ကန်စွန်းဥမှာ အသားဖြူစေတဲ့ သတ္တိရှိတယ်။ ရေဓာတ်အပြည့်ပါပြီး အသားအရေကို စွတ်စိုနေစေတယ်။
ရောင်ရမ်းနေရင် အရောင်ကျစေတယ်။ ကန်စွန်းဥကို ပါးလွှာနေအောင်စိတ်ပြီး ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ခန့် အအေးခံထားပါ။
အေးလာမှ အပေါ်နဲ့ အောက်မျက်ခွံတွေပေါ်ကို အသာဖိကပ်ပေးထားပါ။ ခြောက်မှ အလိုအလိုကွာကျသွားပါလိမ့်မယ်။
ဒါမှမဟုတ် ၁၅ မိနစ်ကြာအောင် ကပ်ထားပေးပါ။ နေ့စဉ် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
(၂) သခွားသီး
သခွားသီးမှာ ရောင်ရမ်းတာကျစေတဲ့ အစွမ်းထက်သတ္တိတွေ အတော်ပါရှိတယ်။ သခွားသီးကို ဒသမ ၅ စင်တီမီတာအထူလောက်လေးတွေ၊
ဖြစ်အောင်စိတ်ပြီး ရေခဲသေတ္တာထဲ ၁၅ မိနစ်လောက်အေးသွားအောင်ထားပါ။ အေးလာတော့၊ မျက်ခွံအပေါ်ရော အောက်ဘက်ပါ လုံအောင်ဖုံးအုပ်ပြီးကပ်ထားပေးပါ။
သခွားသီးအဖတ်လေး ပူလာရင် အသစ်တစ်ခုနဲ့ လဲလှယ်ကပ်ပေးနိုင်ပါတယ်။ မိနစ် ၂၀ လောက်ကြာအောင် အဲလိုအချိန်မှန်လုပ်ပေးရုံနဲ့၊
မျက်ခွံတင်းရင်းလာတာ သိသာလာပြီး နေ့စဉ် ပြုလုပ်ပေးရင် မျက်ကွင်းညိုတာကိုပါ ပျောက်ကင်းလာစေပါတယ်။
(၃) လက်ဖက်စိမ်း Green Tea
လက်ဖက်စိမ်းကလည်း ရောင်ရမ်းတာ ကျစေတယ်။ မျက်လုံးပတ်လည် အရည်စုတာ ကာကွယ်ပေးတယ်။
ကိုယ်ခန္ဓာအတွင်းမှာ အဆိပ်အတောက်တွေ ကင်းစင်အောင် ဖယ်ရှားပေးတယ်။ အဲဒီလက်ဖက်စိမ်းကို ဆူပွက်နေတဲ့ ရေနွေးနဲ့စိမ်ပြီး ၊
နေ့စဉ်နံနက်နဲ့ ညနေ မတ်ခွက်တစ်ခွက်စီသောက်ပေးသင့်ပါတယ်။
အဲလိုရေနွေးကြမ်းအဖြစ်သောက်ပြီး ကျန်တဲ့လက်ဖက်စိမ်းအထုတ်လေးတွေကို ရေနွေးနွေးနဲ့ ခဏစိမ်ကာ ခပ်နွေးနွေးဖြစ်တော့ ခပ်ဖွဖွညှစ်ပစ်ပါ။
ပြီးရင် မျက်ခွံပေါ် နှစ်ဖက်လုံး တစ်ဖက်တစ်အိတ်စီ ၁၅ မိနစ်လောက် တင်ထားပေးပါ။
မျက်ခွံညောင်းတာပါ သက်သာစေတယ်။ ပြီးတော့မှ ရေအေးနဲ့ မျက်နှာသစ်ပစ်နိုင်ပါတယ်။
(၄) နွားနို့ သို့မဟုတ် ဆိတ်နို့
နွားနို့ သို့မဟုတ် ဆိတ်နို့အနည်းငယ်ကို ရေခဲသေတ္တာထဲ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထည့်ထားပြီး အေးလာတဲ့အခါ ဂွမ်းလုံးလေးတွေ ထည့်နှစ်ပါ။
အဲဒီဂွမ်းလုံးလေးတွေကို ခပ်ဖွဖွ ညှစ်ပစ်ပြီး မျက်ခွံနဲ့ မျက်လုံးပတ်လည်ကို ဖုံးအုပ်ကာ ၁၅ မိနစ်ခန့် တင်ထားပေးရတယ်။ အချိန်ပြည့်မှ ရေအေးနဲ့ ဆေးကြောပစ်ရပါတယ်။
(၅) ပန်းသီးနဲ့ အုတ် (ကွေကာအုတ်)
ပန်းသီးတစ်လုံး အနေတော်လောက်ကို အတုံးလေးတွေစိတ်ပြီး ရေခဲသေတ္တာထဲ ၁၅ မိနစ်လောက် အေးအောင်ထည့်ပြီးနောက် အေးလာရင်၊
ကွေကာအုတ် Raw Oat စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောကာ ဘလင်ဒါထဲ ရောကြိတ်ပေးပါ။
အနှစ်ရလာတော့ မျက်လုံးပတ်လည် အပါအဝင် မျက်နှာတစ်ပြင်လုံးကို အနှံ့လိမ်းပေးရင်း စက်ဝိုင်းပုံ ခပ်ဖွဖွနှိပ်နယ်ပေးပါ။
၁၅ မိနစ်ကြာအောင် အဲဒီလိမ်းထားတဲ့ Mask ဖုံးထားပြီးမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပစ်ပေးပါ။
ပန်းသီးက မျက်နှာကြွက်သားတွေကို အညောင်းအညာ ပြေစေပြီး မျက်နှာတစ်ပြင်လုံးကိုလည်း သွေးလည်ပတ်မှုကောင်းစေတယ်။ အကြောအခြင် လျော့စေတယ်။
တစ်နေကုန် အလုပ်ထဲမှာ ပတ်ဝန်းကျင်လေထုထဲမှာ ပင်ပန်းလာတဲ့မျက်နှာကို ညစဉ် သို့မဟုတ် ရက်ခြားအထက်ပါအတိုင်း၊
ပြုလုပ်ပေးရင် ဖြူစင်ဝင်းမွတ်တဲ့ အသားအရေနဲ့အတူ မျက်အိတ်တွဲတာ၊ မျက်ကွင်းညိုတာတွေပါ ပျောက်ကင်းလာစေပါတယ်။
Credit Original upload