ဖူးစာဆိုတာ အတိတ်ဘဝရဲ့ ပတ်သက် ဆက်နွယ်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုစမှတ်ပြုကြပါတယ်။ဇာတ်ကားတွေထဲမှာလို ဘဝအဆက်ဆက် ချစ်သူဖြစ်ဖို့ဆိုတာ မလွယ်ကူ နိုင်ပေမယ့်လို့ အတိတ်ဘဝရဲ့
ဖူးစာရှင်ဆိုတာကတော့ ဖြစ်နိုင်ခြေတွေရှိလို့နေပါတယ်နော်။သင်တို့ နှစ်ယောက်ဟာ အတိတ်မှာ တစ်ခုခု ဆက်နွယ် ပတ်သက်ခဲ့ဖူးတဲ့ သူတွေဖြစ်ပြီး လက်ရှိမှာ မှန်ကန်တဲ့ ဖူးစာရှင်တွေ ဖြစ်ကြောင်းကိုဒီအချက်တွေက သက်သေပြနေပါတယ်။
လေးနက်တဲ့ စိတ်ခံစားမှုနဲ့ ဆက်သွယ်ချက်တွေ ရှိတယ် ဟိုးအတိတ် ဘဝတည်းက ဆက်နွယ်ထားတဲ့ စိတ်ခံစားချက်တွေ ဖြစ်တာကြောင့် လွယ်လွယ်ကူကူတော့ ပျက်စီး မသွားနိုင်ပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် လေးနက်တဲ့ ချစ်ခြင်းတွေနဲ့ ဆက်ဆံရေးကို တည်ဆောက်ထားကြသလို သူတို့ရဲ့ ခံစားချက်တွေက အရမ်းကို ခိုင်မာတည်တံ့ပါတယ်။
နောက်ပြီး လေးနက်မှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်က မေ့ပျောက်ဖို့ မလွယ်ကူသလို တစ်ခါတစ်လေ ပါးစပ်က ထုတ်ပြောစရာ မလိုပဲတစ်ယောက်ရဲ့ ခံစားချက်တွေကို တစ်ယောက်က နားလည်သဘောပေါက် နိုင်စွမ်းရှိပါတယ်။
တစ်ယောက်ရဲ့ ခံစားမှုကို တစ်ယောက် ခံစားမိစေတယ် တစ်ခါတစ်လေ ကိုယ်ချစ်ရတဲ့ သူက အရမ်းသတိရနေမိတဲ့အချိန်မှာ နောက်တစ်ယောက်ကပါ လွမ်းလွမ်းဆွေးဆွေး ဖြစ်လာတတ်တာမျိုး ဖြစ်ဖူးလား။
သူ့ကို အရမ်းသတိရနေမိတဲ့ အချိန်မှာ သူ့ဆီက ဖုန်းဝင်လာပြီး ကိုယ့်ကိုယ် သတိရနေတယ်ဆိုတဲ့ တိုက်ဆိုက်လွန်းတဲ့ အချိန်တွေ ရှိဖူးလား။
ဒါဟာ ချစ်သူနှစ်ယောက်ရဲ့ စိတ်ချင်း ဆက်သွယ်နေမှုကို ဖော်ပြတာပါပဲ။
ဒီလို မျိုးတွေ ကြုံတွေ့နေရတာဟာ သင်တို့ နှစ်ယောက်ရဲ့ စိတ်စွမ်းအားတွေ၊လေးနက်တဲ့ ခံစားမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလိုမျိုးတွေ မကြာခဏဖြစ်နေမိတယ် ဆိုရင်တော့ သူဟာ သင့်ရဲ့အတိတ် ဘဝက ပတ်သက်ခဲ့ဖူးတာကြောင့်လည်း ဖြစ်ပါတယ်နော်။
ဝေးကွာနေရင်တောင် ခံစားချက်ချင်း ဆက်သွယ်နေတယ် ၊မတူညီတဲ့ အချိန်ကာလတွေက သူတို့တွေကို မတားဆီးနိုင်ပါဘူး။
အနေဝေးနေသည့် တိုင်အောင် တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာတွေကို ခံစားရစေပါတယ်။
လူချင်း မနီးရင်တောင် စိတ်ချင်းနီးစပ်နေပြီး မမြင်ရရင်တောင် သူဘာလုပ်နေတယ်ဆိုတာကို ခန့်မှန်းလို့ ရနိုင်တဲ့အထိ စွမ်းအားကြီးမားပါတယ်။
နောက်ပြီး မတွေ့ရမမြင်ရရင်တောင် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိ၊ ယုံယုံကြည်ကြည်နဲ့ ချစ်တတ်ကြသူတွေပါ
အတူဆုံတဲ့အချိန်တွေဆို လွတ်လပ်ပျော်ရွှင်မှုကို ခံစားမိတယ် ဟိုးအတိတ်ဘဝထဲက အကြောင်းကံ ပါလာခဲ့တဲ့ သူတွေဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် မြင်မြင်ချင်းတောင် ရင်းနှီးသလို ခံစားရစေပါတယ်။
နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်မြင်နိုင်ကြပါတယ်။
နှစ်ယောက်ဆုံတဲ့ အချိန်တွေမှာဆို ရှိုးတိုးရှန်းတန်း ဖြစ်မနေပဲ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်မှုကို ခံစားရစေပါတယ်နော်။
ဒါတွေက သင်တို့ နှစ်ယောက်ဟာ အတိတ်ဘဝမှာ ပတ်သက်ဆက်နွယ်ခဲ့ဖူးတယ် ဆိုတာကို ဖော်ပြ လို့နေပါတယ်။
Credit Original upload
Unicode
သူဟာ သင့်ရဲ့အတိတ်ဘဝက ဖူးစာရှင်ဆိုတာ ဖော်ပြနေတဲ့ အချက်များ…
ဖူးစာဆိုတာ အတိတ်ဘဝရဲ့ ပတ်သက် ဆက်နွယ်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုစမှတ်ပြုကြပါတယ်။
ဇာတ်ကားတွေထဲမှာလို ဘဝအဆက်ဆက် ချစ်သူဖြစ်ဖို့ဆိုတာ မလွယ်ကူ နိုင်ပေမယ့်လို့ အတိတ်ဘဝရဲ့ ဖူးစာရှင်ဆိုတာကတော့ ဖြစ်နိုင်ခြေတွေရှိလို့နေပါတယ်နော်။
သင်တို့ နှစ်ယောက်ဟာ အတိတ်မှာ တစ်ခုခု ဆက်နွယ် ပတ်သက်ခဲ့ဖူးတဲ့ သူတွေဖြစ်ပြီး လက်ရှိမှာ မှန်ကန်တဲ့ ဖူးစာရှင်တွေ ဖြစ်ကြောင်းကိုဒီအချက်တွေက သက်သေပြနေပါတယ်။

Credit