Love

ဒေါ့မွန်အသင်းအပါအဝင် အင်္ဂလိပ်ကလပ်အချို့ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်လာတဲ့ ယူနိုက်တက်တောင်ပံကစားသမားလေး အီလန်ဂါ

ဂျာမနီအင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ ဘိုရပ်ရှား ဒေါ့မွန်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ပွဲကစားခွင့်မရရှိသည့် ဆွီဒင်လက်ရွေးစင်တောင်ပံကစားသမား အန်တိုနီ အီလန်ဂါကို ခေါ်ယူဖို့ ပစ်မှတ်ထားစောင့်ကြည့်နေကြောင်း Talksport ရဲ့

ဖော်ပြချက်အရ သိရှိရပါတယ်။အီလန်ဂါသည် မနှစ်ကဘောလုံးရာသီတွင် ယာယီနည်းပြဟောင်း ရန်းနစ်လက်အောက်တွင် ယူနိုက်တက်စီနီယာအသင်းကြီးအတွက် ပထမဆုံးကစားခွင့်ရရှိခဲ့ပြီး ယူနိုက်တက်ကျရှုံးခဲ့သည့်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းပြသထားနိုင်တဲ့ ကစားသမားအနည်းစုထဲက ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့ပါသည်။

ဒါပေမဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟတ်လက်ထက်မှာတော့ ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရကာ ၎င်းရဲ့ပွဲထွက်ခွင့်နေရာကို အခြားလူငယ်ကစားသမားလေး ဂါနာချိုက လုယူခဲ့ပြီး ပွဲထွက်ကစားခွင့်ရရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အီလန်ဂါက အသင်းမှထွက်ခွာဖို့

စဉ်းစားနေကြောင်း အစောပိုင်း သတင်းတွေက ဆိုထားပါသည်။ယူနိုက်တက်ဘက်ကလည်း ၎င်းတို့အသင်းရဲ့လူငယ်ကြယ်ပွင့်လေးကို တစ်သင်းသင်းထံ အဌါးချဖို့ ဆုံးဖြတ်ထားပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေကို အဆင့်မြှင့်တင်ပေးနိုင်မည့် အသင်းတစ်သင်းထံ အဌားဖြင့်ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်ထားကြောင်း Manchester United Evening News က ယခုလအစောပိုင်းမှာ ဖော်ပြထားခဲ့သည်။

ဒေါ့မွန်အသင်းဟာ လူငယ်တွေကို ပြုစုပျိုးထောင်ရာမှာ နာမည်ကြီးအသင်းတစ်သင်းဖြစ်ပြီး အီလန်ဂါသာ အဆိုပါအသင်းထံ ရောက်ရှိသွားပါက သူ့ရဲ့ကစားသမားဘဝဟာ နောက်တစ်ဆင့်သို့ မြင့်တတ်သွားနိုင်ဖွယ်ရှိသည်။

ဒေါ့မွန်အသင်းဟာ အီလန်ဂါကို စိတ်ဝင်စားတဲ့ တစ်သင်းတည်းသော အသင်းမဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ Everton နှင့် Bournemouth တို့သည်လည်း ယငကစားသမားအတွက် စုံစမ်းမှုများ ပြုလုပ်ထားသည်ဟု Talksport သတင်းစာက မနေ့ညက ဖော်ပြလာခဲ့သည်။

credit