လက်ရှိမှာတော့ တချို့လူငယ်လေးတွေရဲ့ အသက်တွေ၊ဘဝတွေပေးဆပ်လိုက်ရသလို တချို့ပြည်သူတွေလည်း တောထဲဝင်ပြီး စစ်ပညာကိုသင်ကြားလေ့ကျင့်နေကြတာဖြစ်ပါတယ်။
အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့မောင်လျှံဖြိုးအောင်ဆိုရင်လည်းလက်တစ်ဖက်ဖြတ်လိုက်ရတဲ့အပြင် ညာဘက်မျက်လုံးက

လည်း မျက်ကြည်လွှာအစားထိုးကုသဖို့အတွက် လိုအပ်နေတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့မိသားစုဝင်တွေက

လည်း သူ့ရဲ့ဘေးနားမှာနေပြီး အစစအရာရာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။
(၇.၆.၂၀၂၁)ရက်နေ့မှာတော့ မောင်လျှံဖြိုးအောင်ကို တရားစွဲဆိုထားတဲ့ ၅၀၅(က) ပုဒ်မနဲ့ လာရောက်ဖမ်းဆီးပြီးဒေါင်းနေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

မောင်လျှံဖြိုးအောင်က အခုချိန်ထိ အကောင်းပကတိပြန်မဖြစ်သေးဘဲမိသားစုအကူအညီနဲ့လှုပ်ရှားနေရတာဖြစ်ပါတယ်။
နောက်ထပ်ဆေးကုသမှုတွေလိုအပ်နေသေးတဲ့သားဖြစ်သူကို မိသားစုဝင်တွေကလည်း စိတ်ပူနေကြတာဖြစ်ပါတယ်။

ပြည်သူတွေကတော့ သူ့အတွက် တတ်နိုင်သလောက်ကူညီပေးကြပြီး Speak Out လည်းလုပ်ပေးနေကြတာဖြစ်ပါတယ်။
မိန်းကလေးတစ်ယောက်ကဆိုရင် မောင်လျှံဖြိုးအောင် မျက်လုံးတစ်ဖက်မြင်ရဖို့အတွက် သူ့ရဲ့မျက်ကြည်လွှာကိုလှူချင်နေတာဖြစ်ပါတယ်။စေတနာရှင်မိန်းကလေးက “ညီမက ကိုယ်လက်အင်္ဂါအကုန်စုံနေသေးတော့

မျက်လုံးတစ်ဖက်မမြင်ရလည်းအဆင်ပြေမှာပါ။
အစ်ကို့အတွက် အမြင်အာရုံလေးဖြစ်ဖြစ် ကူညီချင်ပါတယ်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့ ဖခင်ကလည်း အခုလိုမျိုး

စေတနာကောင်းတဲ့မိန်းကလေးကို အရမ်းကျေးဇူးတင်နေတာဖြစ်ပါတယ်။အများအကျိုးအတွက်ဆောင်ရွက်ခဲ့ရင်း ပေးဆပ်လိုက်ရတဲ့ မောင်လျှံဖြိုးအောင်လည်းအချုပ်အနှောင်မှလွတ်မြောက်ပြီး မြန်မြန်သက်သာပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit
Unicode