Local News

စစ်ကောင်စီမှ ဒုခေါင်းဆောင် စိုးဝင်း နဲ့ အတွင်းရေးမှူး အောင်လင်းဒွေး သေဆုံးခြင်းမရှိဟု ပြန်ကြားရေးမှ ဇော်မင်းထွန်း ပြောကြား

စစ်ကောင်စီမှဒုခေါင်းဆောင်စိုးဝင်းနဲ့အတွင်းရေးမှူးအောင်လင်းဒွေး သေဆုံးခြင်းမရှိဟုပြန်ကြားရေးမှဇော်မင်းထွန်းပြောကြား

ရန်ကုန်၊ဇွန်၁၁

အကြမ်းဖက်လူသတ်စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသေဆုံးခြင်းမရှိဘဲကျန်းမာစွာတာဝန်ထမ်းဆောင်လျက်ရှိကြောင်းအကြမ်းဖက်စစ်ကောင်စီပြန်ကြားရေးဇော်မင်းထွန်းကမီဒီယာသို့ထုတ်ဖော်ပြောဆိုပြီးယနေ့ညသတင်းများတွင်လည်းသက်ရှိထင်ရှားရှိနေသည်ကိုပြသသွားသည်။

စိုးဝင်းသည်သေဆုံးခြင်းမရှိဘဲကျန်းမာလျက်ရှိသည့်အပြင်ယနေ့အမျိူးသားမြေယာမူဝါဒအစည်းဝေးတက်ရောက်ခဲ့ကြောင်း၊ယင်းနောက်ဈေးကုန်းဆရာတော်ကြီးရုပ်ကလပ်ကိုကြည်ညိုခဲ့ကြောင်း၊သတင်းများတွင်ပါမည်ဖြစ်ကြောင်းဇော်မင်းထွန်းကပြောဆိုသည်ဟုသိရှိရသည်။

ယနေ့ည ယ၈နာရီကြေညာသောစစ်ကောင်စီဝါဒဖြန့်သတင်းများတွင် လူသတ်စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းဒွေးလည်းသက်ရှိထင်ရှားရှိနေသည်ကိုပြသသွားပြီးစိုးဝင်းလည်းမြေယာအစည်းအဝေးတက်ရောက်သည့်သတင်းကိုလည်းကြေညာသွားသည်။

Credit