Knowledge

အခ်စ္​ေရးက ကြၽန္မအတြက္ ကံေကာင္းျခင္းမ႐ွိတာလားမသိေတာ့ဘူ

ပထမဦးဆုံး ခ်စ္ခဲ့တဲ့ခ်စ္သူကို သူနဲ႔ပဲ ဘဝႀကီးကၿပီးဆုံးခဲ့မယ္ထင္တာ သူ႕မွာေနာက္ထပ္ ဒုတိယ လူထပ္ ႐ွိလာတဲ့ အခ်ိန္မွကြၽန္မလက္ကိုပဲ ဆက္တြဲ မယ္တဲ့ ဒါေပမယ့္ တစ္ဖက္မွာ အေျခအေနေတြ လြန္ခဲ့တာကို ဒုတိယလူ ကိုယ္တိုင္က သူ႕သိကၡာအတြက္ ​ေျပာလာေတာ့ မိန္းမသားခ်င္း ကိုယ္ခ်င္းစာစိတ္နဲ႔ ကိုယ့္ဘက္က ​ေနာက္ဆုတ္ ခဲ့တယ္အခုလို ဘာေၾကာင့္ သစၥာမ႐ွိတာလဲ လို႔ေမးေတာ့

မင္းမွာငါနဲ ႔ပတ္သက္လို႔ ခ်စ္သူျဖစ္တယ္ ဆို႐ုံပဲ ႐ွိခဲ့တာေလ ငါလည္းလူ ထဲကလူမို႔ သာယာ မိတာေပါ့ တဲ့လား အဲဒီ အခ်ိန္က စၿပီးသူနဲ႔ ပတ္သက္ တာမွန္သမွ် ခ်စ္လ်က္နဲ႔ စြန္႔လႊတ္ ခဲ့တယ္ အားလုံးကိုေမ့ပစ္ ႏိုင္ေအာင္ ႀကိဳးစားခဲ့တယ္ အခ်ိန္ေတြ အၾကာႀကီး တစ္ေယာက္တည္း ျဖတ္သန္းလာခဲ့တယ္လအနည္းငယ္ၾကာေတာ့ သူဆက္သြယ္ လာျပန္တယ္ ေမာင္မွားသြားပါ တယ္​ေမာင့္ကို ခြင့္လႊတ္ေပး ပါလား အရင္လို ျပန္ခ်စ္ခြင့္ေပး ပါလားတဲ့ဘာေၾကာင့္လဲ လို႔ေမးလိုက္ေတာ့ ဒုတိယလူက သူ႕အေပၚမွာ ကြၽန္မေလာက္ နားလည္မႈ မေပးဘူး ခိုင္ကေတာင္ တစ္ခါမွ မဆဲခဲ့တဲ့ေမာင့္ကို ဆဲတယ္တဲ့ မိဘေတြ အထိေတာင္ ထိခိုက္ၿပီးေျပာဆိုတယ္​ေမာင္ျပန္လာခြင့္ ႐ွိမလားတဲ့

ေတာ္ၿပီေလ ကြၽန္မအတြက္ သူနဲ႔ ပတ္သက္တာ မွန္သမွ် ဘာအေၾကာင္းမွ မ႐ွိေတာ့ဘူး ေလ ဒါေၾကာင့္ ထပ္ၿပီး မပတ္သက္ပဲ ေဝးေဝးမွာပဲ ေနခဲ့တယ္​ေမာင့္ကို အရမ္းခ်စ္ခဲ့ ပါတယ္ ေမာင့္ကို ခ်စ္ခဲ့တဲ့ အခ်စ္ေတြ အားလုံးကို ေမာင္ကိုယ္တိုင္ ဖ်က္စီးျပစ္ ခဲ့ၿပီပဲ ျပန္မလာပါနဲ႔ ေတာ့လို႔ ႏႈတ္ဆက္ခဲ့တယ္ဒုတိယတစ္ႀကိမ္ ကြၽန္မကို အရမ္းခ်စ္ပါတယ္ ဆိုတဲ့ အစ္ကိုႀကီး တစ္ေယာက္ထပ္ၿပီး ေပၚလာခဲ့တယ္သူ႕မိဘ ကိုယ့္မိဘေတြ အသိေပးတဲ့ အထိ သူ႕ဘက္က ခ်စ္ျပခဲ့တယ္ ကိုယ့္ကိုယ္ နားလည္မႈ အျပည့္ ေပးခဲ့တယ္သူ႕ဘက္က အလိုလိုက္ ခဲ့သလို ဂ႐ုလည္းစိုက္ ခဲ့တယ္

ကြၽန္မခရီး ခဏခဏ သြားရတယ္ သူစိတ္ပူေပးခဲ့တယ္ ​ေရာက္ေလရာ ဖုန္းေခၚတယ္ ဒီလိုနဲ႔ တစ္ႏွစ္နဲ႔ သုံးလအထိ တြဲလက္ေတြၿမဲ ခဲ့ၾကတယ္ဒီတစ္ခါ ခရီးကျပန္လာရင္ လက္ထပ္ဖို႔ အထိ သူေျပာခဲ့တယ္ ျပန္မလာခင္ သုံးရက္ေလာက္ အလိုမွာ သူရဲ႕ပထမလူနဲ႔ သူနဲ႔အဆက္အသြယ္ မျပတ္ေသးဘူး ဆိုတာ သိလိုက္ ရတယ္ကံၾကမၼာက ပဲ ကြၽန္မအတြက္ ကံေကာင္းေစ ခဲ့တာလား ကံဆိုးေစခဲ့ တာလား တကယ္ မသိေတာ့ဘူး သူတို႔အရင္က အတူေနခဲ့တဲ့ ပုံေတြျမင္ လိုက္ရေတာ့မယုံၾကည္ႏိုင္ေလာက္ေအာင္ ဆြံ႕အ ခဲ့ရတယ္ ဒီတစ္ႀကိမ္မွာလဲ ခြင့္လႊတ္ျခင္းေတြ ကုန္ဆုံးခဲ့လို႔ စြန္႔လႊတ္ျခင္းနဲ ႔အဆုံးသတ္ ခဲ့ရျပန္တယ္

ခ်စ္ခဲ့ၾကတဲ့ တစ္ႏွစ္နဲ႔သုံးလငါးရက္ တစ္ေလွ်ာက္လုံး အရမ္းခ်စ္ျပ ခဲ့လို႔ ေက်းဇူးအမ်ားႀကီးတင္ ပါတယ္ ကိုကိုရယ္ ကိုယ့္ဘဝကို ​ေနာက္ပိုင္းမွာ အခ်စ္နဲ႔ေဝးေဝး မွာေနၿပီး ျဖတ္သန္းဖို ႔ဆုံးျဖတ္ခ်က္ခ် လိုက္တယ္ေနာက္ထပ္လည္း အခ်စ္ကို ခ်စ္ဖို႔ေၾကာက္ လာခဲ့တယ္

​ေမာင့္ကိုခ်စ္တဲ့ အခ်စ္နဲ႔ ကိုကို႔ ကိုခ်စ္ခဲ့တဲ့ အခ်စ္က မတူေပမယ့္ ေပးခဲ့ၾကတဲ့ ဒဏ္ရာေတြက တစ္ထပ္တည္း ျဖစ္ခဲ့တယ္ေက်ပါေစ ဒီဝဋ္မ်ိဳးႀကီးနဲ႔ ဘယ္ေတာ့မွ မဆုံပါရေစနဲ႔ေတာ့လား ကံၾကမၼာႀကီးရယ္

Credit Nyein Naing

ယူနီကုတ္

ပထမဦးဆုံး ချစ်ခဲ့တဲ့ချစ်သူကို သူနဲ့ပဲ ဘဝကြီးကပြီးဆုံးခဲ့မယ်ထင်တာ သူ့မှာနောက်ထပ် ဒုတိယ လူထပ် ရှိလာတဲ့ အချိန်မှာကျွန်မလက်ကိုပဲ ဆက်တွဲ မယ်တဲ့ ဒါပေမယ့် တစ်ဖက်မှာ အခြေအနေတွေ လွန်ခဲ့တာကို ဒုတိယလူ ကိုယ်တိုင်က သူ့သိက္ခာအတွက် ​ပြောလာတော့ မိန်းမသားချင်း ကိုယ်ချင်းစာစိတ်နဲ့ ကိုယ့်ဘက်က ​နောက်ဆုတ် ခဲ့တယ်

အခုလို ဘာကြောင့် သစ္စာမရှိတာလဲ လို့မေးတော့ မင်းမှာငါနဲ ့ပတ်သက်လို့ ချစ်သူဖြစ်တယ် ဆိုရုံပဲ ရှိခဲ့တာလေ ငါလည်းလူ ထဲကလူမို့ သာယာ မိတာပေါ့ တဲ့လား အဲဒီ အချိန်က စပြီးသူနဲ့ ပတ်သက် တာမှန်သမျှ ချစ်လျက်နဲ့ စွန့်လွှတ် ခဲ့တယ် အားလုံးကိုမေ့ပစ် နိုင်အောင် ကြိုးစားခဲ့တယ် အချိန်တွေ အကြာကြီး တစ်ယောက်တည်း ဖြတ်သန်းလာခဲ့တယ်လအနည်းငယ်ကြာတော့ သူဆက်သွယ် လာပြန်တယ်မောင်မှားသွားပါ တယ် ​မောင့်ကို ခွင့်လွှတ်ပေး ပါလား အရင်လို ပြန်ချစ်ခွင့်ပေး ပါလားတဲ့ဘာကြောင့်လဲ လို့မေးလိုက်တော့ ဒုတိယလူက သူ့အပေါ်မှာ ကျွန်မလောက် နားလည်မှု မပေးဘူး ခိုင်ကတောင် တစ်ခါမှ မဆဲခဲ့တဲ့မောင့်ကို ဆဲတယ်တဲ့ မိဘတွေ အထိတောင် ထိခိုက်ပြီးပြောဆိုတယ်

မောင်ပြန်လာခွင့် ရှိမလားတဲ့ တော်ပြီလေ ကျွန်မအတွက် သူနဲ့ ပတ်သက်တာ မှန်သမျှ ဘာအကြောင်းမှ မရှိတော့ဘူး လေ ဒါကြောင့် ထပ်ပြီး မပတ်သက်ပဲ ဝေးဝေးမှာပဲ နေခဲ့တယ်​မောင့်ကို အရမ်းချစ်ခဲ့ ပါတယ် မောင့်ကို ချစ်ခဲ့တဲ့ အချစ်တွေ အားလုံးကို မောင်ကိုယ်တိုင် ဖျက်စီးပြစ် ခဲ့ပြီပဲ ပြန်မလာပါနဲ့ တော့လို့ နှုတ်ဆက်ခဲ့တယ်ဒုတိယတစ်ကြိမ် ကျွန်မကို အရမ်းချစ်ပါတယ် ဆိုတဲ့ အစ်ကိုကြီး တစ်ယောက်ထပ်ပြီး ပေါ်လာခဲ့တယ်သူ့မိဘ ကိုယ့်မိဘတွေ အသိပေးတဲ့ အထိ သူ့ဘက်က ချစ်ပြခဲ့တယ် ကိုယ့်ကိုယ် နားလည်မှု အပြည့် ပေးခဲ့တယ်သူ့ဘက်က အလိုလိုက် ခဲ့သလို ဂရုလည်းစိုက် ခဲ့တယ် ကျွန်မခရီး ခဏခဏ သွားရတယ် သူစိတ်ပူပေးခဲ့တယ်

​ရောက်လေရာ ဖုန်းခေါ်တယ် ဒီလိုနဲ့ တစ်နှစ်နဲ့ သုံးလအထိ တွဲလက်တွေမြဲ ခဲ့ကြတယ်ဒီတစ်ခါ ခရီးကပြန်လာရင် လက်ထပ်ဖို့ အထိ သူပြောခဲ့တယ် ပြန်မလာခင် သုံးရက်လောက် အလိုမှာ သူရဲ့ပထမလူနဲ့ သူနဲ့အဆက်အသွယ် မပြတ်သေးဘူး ဆိုတာ သိလိုက် ရတယ်ကံကြမ္မာက ပဲ ကျွန်မအတွက် ကံကောင်းစေ ခဲ့တာလား ကံဆိုးစေခဲ့ တာလား တကယ် မသိတော့ဘူးသူတို့အရင်က အတူနေခဲ့တဲ့ ပုံတွေမြင် လိုက်ရတော့မယုံကြည်နိုင်လောက်အောင် ဆွံ့အ ခဲ့ရတယ် ဒီတစ်ကြိမ်မှာလဲ ခွင့်လွှတ်ခြင်းတွေ ကုန်ဆုံးခဲ့လို့ စွန့်လွှတ်ခြင်းနဲ ့အဆုံးသတ် ခဲ့ရပြန်တယ် ချစ်ခဲ့ကြတဲ့ တစ်နှစ်နဲ့သုံးလငါးရက် တစ်လျှောက်လုံး အရမ်းချစ်ပြ ခဲ့လို့ ကျေးဇူးအများကြီးတင် ပါတယ်

ကိုကိုရယ် ကိုယ့်ဘဝကို ​နောက်ပိုင်းမှာ အချစ်နဲ့ဝေးဝေး မှာနေပြီး ဖြတ်သန်းဖို ့ဆုံးဖြတ်ချက်ချ လိုက်တယ်နောက်ထပ်လည်း အချစ်ကို ချစ်ဖို့ကြောက် လာခဲ့တယ် ​မောင့်ကိုချစ်တဲ့ အချစ်နဲ့ ကိုကို့ ကိုချစ်ခဲ့တဲ့ အချစ်က မတူပေမယ့် ပေးခဲ့ကြတဲ့ ဒဏ်ရာတွေက တစ်ထပ်တည်း ဖြစ်ခဲ့တယ်ကျေပါစေ ဒီဝဋ်မျိုးကြီးနဲ့ ဘယ်တော့မှ မဆုံပါရစေနဲ့တော့လား ကံကြမ္မာကြီးရယ်

Credit Nyein Naing