Knowledge

သင့်ချစ်သူရဲ့ ပါးစပ်က ဒီစကား (၅)ခွန်း ထွက်ဖူးခဲ့ရင် ဘယ်လောက်ချစ်ချစ် လမ်းခွဲလိုက်ပါ

လူတော်တော် များများက အပြောထက် အလုပ်က အဓိက ကျတယ်လို့ ခံယူကြပေမယ့်

အပြောကနေတစ်ဆင့် လုပ်လာမယ့် အရာတွေကို သိနိုင်ပါတယ်။

လူတစ်ယောက်ရဲ့ အဆင့်အတန်း၊ အမူအကျင့်၊ စိတ်နေစိတ်ထား တွေကို သူပြောတဲ့

စကားတွေကနေ တဆင့် သိလို့ ရပါတယ်။

တကယ်လို့ သင့်ချစ်သူဆီက ဒီစကား (၅)ခွန်း ဒါမှမဟုတ် ဒီအထဲက တစ်ခွန်းကိုပဲ ကြားဖူးတယ် ဆိုရင်

ဘယ်လောက် ချစ်ချစ် လမ်းခွဲလိုက် ပါတော့။ ဘယ်လိုမှ လူကောင်း မဖြစ်နိုင် လို့ပါ။

(၁) အပိုတွေ လုပ်ပြန်ပြီ

ယောကျ်ား တယောက်၊ ချစ်သူ တစ်ယောက် အနေနဲ့သင့်ရဲ့ ခံစားချက်ကို ဒီလို မစော်ကားသင့် ပါဘူး။

သင်ဟာ ရက်တွေဆက်ပြီး စိတ်ဖိစီးနေတာလည်း ဖြစ်ကောင်းဖြစ်မယ်၊

သူ့ဖက်က ကြည့်လို့ အသေးအမွှားလို့ ထင်ရတဲ့ ကိစ္စတွေတောင် သင့်အနေနဲ့ကြည့်ရင်

အရမ်းပင်ပန်းကောင်း ပင်ပန်းနေမယ်။

သင့်ဘာသာသင် အပိုတွေလုပ်နေတာပဲ ဖြစ်ဖြစ်၊ သင့်ချစ်သူတစ်ယောက် အနေနဲ့သင့်ကို

နှစ်သိမ့်ပေးရမှာ သူ့တာဝန်ပါ။

ဒီလိုမဟုတ်ဘဲ အပိုတွေလုပ်နေပြန်ပြီ ဆိုတဲ့ သဘောမျိုး သက်ရောက်တဲ့ စကားကို ပြောတယ် ဆိုရင်တော့ ဘယ်လောက် ချစ်ချစ် လမ်းခွဲလိုက်ပါ။

သင့်အပေါ်မှာ နည်းနည်းလေးမှ ညှာတာ၊ သနားစိတ်မရှိတဲ့သူကို အချိန်ကုန်ခံ ဆက်တွဲ မနေသင့် တော့ပါဘူး။

(၂) နင်ငါ့ကို တကယ်ချစ်ရင်

ဒီလိုစကားဟာ အစပိုင်းမှာတော့ ဘာမှမဟုတ်ဘူး လို့ ထင်ရပေမယ့် သင့်ကို စိတ်ပိုင်းဆိုင်ရာ ကနေ နှိပ်စက်နေတာ ဖြစ်ပါတယ်။

နင်ငါ့ကို တကယ်ချစ်ရင် ငါနဲ့ အိပ်ပေးရမယ်၊ ဒါဝယ်ပေး ရမယ်၊ ဒါလုပ်ပေးရမယ် အစရှိသဖြင့် ချစ်တာကို ခုတုံးလုပ်ပြီး သင့်ကို ခိုင်းစေတတ်တဲ့သူ ဆိုရင်တော့

ဘယ်လောက်ချစ်ချစ် လမ်းခွဲလိုက်ပါ။ သင့်ကို တကယ်ချစ်တာ မဟုတ်သလို၊ သစ္စာရှိမယ့် သူမျိုးလည်း မဟုတ်လို့ပါ။

(၃) ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ခြင်း

မိန်းကလေးတစ်ယောက်ကို အခြား မိန်းကလေးတစ်ယောက်နဲ့ နှိုင်းယှဉ်တာဟာ လုံးဝ မလုပ်သင့်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။

ပိုဆိုးတာကတော့ သူ့အရင် ရည်းစားနဲ့ နှိုင်းယှဉ်ပြီး ပြောခြင်းပါပဲ။

ဒါဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်တတ်တဲ့ ယောကျ်ားဖြစ်ကြောင်း သက်သေပြနေသလို၊

သင့်ကို နာကျင်စေမယ်မှန်း သိရက်နဲ့ တမင်လုပ်တတ်တဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုလူမျိုးကို လမ်းခွဲ လိုက်တာ အကောင်းဆုံး ပါပဲ။

(၄) မင်းအမေနဲ့ တချိုးတည်းပဲ

သင့်မိခင်ဟာ သင့်ကို ဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုလာ ခဲ့တာ ဖြစ်ပါတယ်။

အမေမဟုတ်ရင်တောင် သင့်ကို လူလားမြောက်အောင် ကျွေးမွေးပြုစုခဲ့ တဲ့သူ တစ်ယောက် ယောက်နဲ့ ဒီလိုမျိုး

အဆိုးဖက်ကနေ နှိုင်းပြီး ပြောတတ်တဲ့ ယောကျ်ားမျိုးဟာ စိတ်ဓာတ်ရေးရာ ညံ့ဖျင်းသေးသိမ်တဲ့ သူပါ။

သင့်ရဲ့မိသားစုကို မကြည်ဖြူတဲ့ ယောကျ်ားမျိုးကို ဘယ်လောက် ချစ်ချစ် လမ်းခွဲ လိုက်ပါ။

သူကြောင့် သင်အမြဲ နာကျင်နေရမှာ မို့ပါ။

(၅) ဘာလို့ ဒီလောက် ဦးနှောက် မရှိရတာလဲ

သင်ဟာ အမှားတွေ ခဏခဏ လုပ်မိတတ်တယ် ဆိုရင်တောင်မှ သင်ချစ်တဲ့သူဆီ ကနေ အရူး၊ ဦးနှောက် မရှိဘူး၊ အသုံးမကျဘူး ဆိုတဲ့ စကားမျိုး ထွက်မလာသင့် ပါဘူး။

သင်အမှားလုပ်မိတဲ့ အခါတွေမှာ သင့်ကို သိမ်ငယ်သွားအောင်၊ စိတ်ကျဉ်းကျပ် သွားအောင်၊

ထူပူသွားအောင် ပြောဆိုတတ်တဲ့ယောကျ်ားဟာ အောက်တန်းကျတဲ့ ယောကျ်ားမျိုး ဖြစ်ပါတယ်။

သင့်ကို တန်ဖိုးမထားမှန်းလည်း အရမ်းသိသာနေ တာကြောင့် အဲလိုလူမျိုးကို လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

မဟုတ်ရင် သင့်တစ်ဘဝလုံး မျက်နှာငယ်နေရမှာ ဖြစ်ပါတယ်။

Credit

Unicode