Knowledge

အေးအေးဆေးဆေးနေတတ်တဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်း (၅) ချက်

လောကမှာ မဟုတ်မခံဆတ်ဆတ်ကြဲတဲ့သူတွေနဲ့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နေတဲ့သူရယ်လို့ (၂) မျိုးရှိပါတယ်။

ဘယ်လိုအကြောင်းမျိုးပဲရှိရှိ အေးအေးဆေးဆေးနေတဲ့သူတွေကို တစ်ချို့ကကြောက်လို့၊

မပြောရဲလို့ဆိုပြီးထင်တတ်ကြပါတယ်။

ဒါပေမယ့်လည်း တကယ်ကမဟုတ်ပါဘူး။ အေးအေးဆေးဆေးနေတိုင်းလျှော့မတွက်သင့်တဲ့အကြောင်းရင်းလေးတွေကို

ဖော်ပြပေးလိုက်ပါတယ်။

(၁) လွယ်လွယ်အရှုံးမပေးတတ်ဘူး

အေးအေးဆေးဆေးနေလို့ စိတ်ပျော့ညံ့မယ်လို့တော့ လုံးဝမထင်လိုက်ပါနဲ့နော်။ ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးတတ်သလို၊

လွယ်လွယ်လည်း လက်မလျှော့တတ်ပါဘူး။ တစ်ခုခုကို လုပ်ပြီဆိုရင် အဆုံးထိလုပ်ပြီး လိုချင်တဲ့ရလဒ်မရမချင်း ကြိုးစားသွားမယ့်သူတွေပါ။

(၂) မလိုပဲမာန္မေထာင္ခ်င္ဘူး

ဒီလိုလူတွေဟာ မလိုအပ်ပဲ စကားတွေအများကြီးပြော၊ မာန်တွေထောင်၊ ဒေါသတွေမထွက်ချင်တဲ့သူပါ။

ဒါပေမယ့် သူတို့ရဲ့ စည်းကိုကျော်လာပြီဆိုရင်တော့ မထင်မှတ်ထားလောက်တဲ့အထိ

ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်တဲ့သူတွေပါ။

တော်ရုံတန်ရုံဘာမှ ပြောတတ်၊ ဒေါသထွက်တတ်တဲ့သူတွေမဟုတ်ပေမယ့်

စော်ကားတာမျိုးကိုတော့ လုံးဝသည်းခံမနေမယ့်သူတွေဖြစ်ပါတယ်။

(၃) ခံနိုင်ရည်စွမ်းအပြည့်ရှိတယ်

ဒီလိုလူတွေဟာ သူများတွေထက် ခံနိုင်ရည်ပိုရှိကြပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်တွေမပြည့်အချင်း ဘယ်လိုအခက်အခဲမျိုးကိုပဲ

ရင်ဆိုင်ရပါစေ၊ အံကြိတ်ပြီး သည်းခံနိုင်တဲ့သူတွေပါ။

တော်ရုံအရာတွေလောက်ကို စာဖွဲ့မနေပဲ အဆုံးထိလျှောက်သွားမယ့်သူတွေပါ။

အပြင်သဏ္ဍာန်ကအေးဆေးပေမယ့်

အတွင်းထဲမှာ သံချောင်းလိုမာကြောကြံ့ခိုင်တဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူတွေပါ။

(၄) ခိုင်မာတဲ့ယုံကြည်ချက်တွေရှိတယ်

ဒီလိုလူတွေမှာ ခိုင်မာတဲ့ယုံကြည်ချက်တွေ၊ ဘဝရည်မှန်းချက်တွေရှိပါတယ်။

ဒီအရာတွေကိုပဲ တစိုက်မတ်မတ်နဲ့ အာရုံစိုက်တတ်တဲ့သူတွေပါ။

သူများကိုယှဉ်ပြိုင်ရတာမျိုး ဝါသနာမပါပါဘူး၊

ကိုယ့်ရဲ့ ယုံကြည်မှုအတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေမယ့်သူတွေဖြစ်ပါတယ်။

(၅) ကိုယ့်စိတ်ထဲရှိတဲ့အရာတွေကို သူများသိစရာမလိုဘူးလို့ ခံယူထားတယ်

အေးအေးဆေးဆေးနေတတ်တဲ့သူတွေဆိုတာ မလိုအပ်ပဲ

စကားတွေအများကြီးပြောတာမျိုး မကြိုက်တဲ့သူတွေပါ။

အနာဂတ်အတွက် ရည်မှန်းချက်တွေ၊ စိတ်ကူးတွေ၊ အစီအစဉ်တွေ အများကြီးရှိနေသည့်တိုင်အောင် ထုတ်ပြောမယ့်သူတွေ မဟုတ်ပါဘူး။

အပြောကြီးပြီး ဘာမှမဖြစ်တာထက်၊ ဘာမှမပြောပဲ အကြီးကြီးလုပ်ပြချင်တဲ့သူတွေပါ။

Credit

Unicode

အေးအေးဆေးဆေးနေတတ်တဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်း (၅) ချက်

လောကမှာ မဟုတ်မခံဆတ်ဆတ်ကြဲတဲ့သူတွေနဲ့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်

နေတဲ့သူရယ်လို့ (၂) မျိုးရှိပါတယ်။

ဘယ်လိုအကြောင်းမျိုးပဲရှိရှိ အေးအေးဆေးဆေးနေတဲ့သူတွေကို တစ်ချို့ကကြောက်လို့၊

မပြောရဲလို့ဆိုပြီးထင်တတ်ကြပါတယ်။

ဒါပေမယ့်လည်း တကယ်ကမဟုတ်ပါဘူး။ အေးအေးဆေးဆေးနေတိုင်းလျှော့မတွက်သင့်တဲ့

အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လွယ်လွယ်အရှုံးမပေးတတ်ဘူး

အေးအေးဆေးဆေးနေလို့ စိတ်ပျော့ညံ့မယ်လို့တော့ လုံးဝမထင်လိုက်ပါနဲ့နော်။

ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးတတ်သလို၊ လွယ်လွယ်လည်း လက်မလျှော့တတ်ပါဘူး။

တစ်ခုခုကို လုပ်ပြီဆိုရင် အဆုံးထိလုပ်ပြီး လိုချင်တဲ့ရလဒ်မရမချင်း ကြိုးစားသွားမယ့်သူတွေပါ။

(၂) မလိုပဲမာန်မထောင်ချင်ဘူး

ဒီလိုလူတွေဟာ မလိုအပ်ပဲ စကားတွေအများကြီးပြော၊ မာန်တွေထောင်၊

ဒေါသတွေမထွက်ချင်တဲ့သူပါ။ ဒါပေမယ့် သူတို့ရဲ့ စည်းကိုကျော်လာပြီဆိုရင်တော့

မထင်မှတ်ထားလောက်တဲ့အထိ ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်တဲ့သူတွေပါ။

တော်ရုံတန်ရုံဘာမှ ပြောတတ်၊ ဒေါသထွက်တတ်တဲ့သူတွေမဟုတ်ပေမယ့်

စော်ကားတာမျိုးကိုတော့ လုံးဝသည်းခံမနေမယ့်သူတွေဖြစ်ပါတယ်။

(၃) ခံနိုင်ရည်စွမ်းအပြည့်ရှိတယ်

ဒီလိုလူတွေဟာ သူများတွေထက် ခံနိုင်ရည်ပိုရှိကြပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်တွေမပြည့်အချင်း ဘယ်လိုအခက်အခဲမျိုးကိုပဲ ရင်ဆိုင်ရပါစေ၊

အံကြိတ်ပြီး သည်းခံနိုင်တဲ့သူတွေပါ။

တော်ရုံအရာတွေလောက်ကို စာဖွဲ့မနေပဲ အဆုံးထိလျှောက်သွားမယ့်သူတွေပါ။

အပြင်သဏ္ဍာန်ကအေးဆေးပေမယ့် အတွင်းထဲမှာ

သံချောင်းလိုမာကြောကြံ့ခိုင်တဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူတွေပါ။