လတ်တလောမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUGက ကြေညာထားတဲ့
တိုက်ပွဲခေါ်သံနေ့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန်
ချင်းပြည်နယ် နှင့် ကယားပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်းဆိုလာခဲ့ပါတယ်။



မေလ (၂၁) ရက်နေ့လောက်ကနေစတင်ပြီး ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တွေမှာ
မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။


လက်ရှိအချိန်ထိ အာဏာရှင်ကိုတော်လှန်နေတဲ့ တိုက်ပွဲတွေဟာ
ချင်းပြည်နယ် နှင့် ကယားပြည်နယ်တွေမှ



နေရာကွက်ကျား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်တွေကလည်
း အင်အားအလုံးအရင်းဖြည့်တင်းပြီး ပိုမိုဖိအားပေးတိုက်ခိုက်လာတာကို တွေ့ရပါတယ်။



ဒီလိုစစ်အင်အားအလုံးအရင်းဖြင့် ဖိအားပေးမှုတွေ လျော့နည်းသွားစေမယ့်
အခြေအနေတစ်ရပ်ကို အမြန်ဆုံးဖြစ်စေဖို့ တစ်နိုင်ငံလုံး တော်လှန်တိုက်ခိုက်မယ့် တိုက်ပွဲခေါ်သံနေ့ကို



အမြန်ဆုံအကောင်အထည်ဖော်ပေးရန် ချင်းပြည်နယ် နှင့် ကယားပြည်နယ်ရှိ PDFတပ်ဖွဲ့ဝင်တွေက NUG အစိုးရကို တောင်းဆိုလာခဲ့ပါတယ်။

၎င်းတို့တောင်းဆိုချက်မှာတော့ NUG က ကြေညာချက်တွေကို အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ဖို့လည်း
မျှော်လင့်ကြောင်း၊ NUGက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
စတင်တော်လှန် တိုက်ခိုက်လာလျှင်လည်း ပူးပေါင်းတိုက်ထုတ်သွားမယ်ကြောင်း နှင့်



တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမြန်ဆုံး တော်လှန်နေချင်ပြီဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။



NUG အစိုးရဟာ PDF တပ်တွေကို တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားပြီးဖြစ်လို့
စစ်ကောင်စီကို တော်လှန်ရန်ဖို့အချိန်ရောက်ရင် တစ်နိုင်ငံလုံးအတိုင်အတာဖြင့် တိုက်ပွဲခေါ်သံ ပေးမည်ဟု ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကြေညာထားခဲ့ပါတယ်။

credit