Local News

ပြည်တွင်း ပေါက်ကွဲမှုတွေအပေါ် အာဆီယံ နှုတ်ဆိတ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

ပြည်တွင်း ပေါက်ကွဲမှုတွေအပေါ် အာဆီယံ နှုတ်ဆိတ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

   

မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေအပေါ်မှာ အာဆီယံအပါအဝင် နိုင်ငံတကာက နှုတ်ဆိတ်နေတယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

   

ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က အာဆီယံအထူးကိုယ်စားလှယ် ၂ ဦး နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၇ ရက် မနေ့က ကျင်းပခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။

   

ပြည်တွင်းမှာ နေ့စဉ်ဖြစ်နေတဲ့ ဒီပေါက်ကွဲမှုတွေကို အမျိုးသားညီညွတ်ရေး အစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH တို့နဲ့ ဆက်စပ်သူတွေက

လုပ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲနေတာပါ။CRPH နဲ့ NUG ကတော့ ဒီလို အကြမ်းဖောက်ခွဲမှုတွေဟာ သူတို့နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ကြေညာထားပါတယ်။

   

ဧပြီ ၂၄ ရက်နေ့ကအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာမြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် ဘုံသဘောတူညီချက် ၅ ချက် ရရှိထားတာဖြစ်ပါတယ်။

   

RFA က ကောက်ယူထားတဲ့ စာရင်း အရ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလကုန်ပိုင်းအထိ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ပေါက်ကွဲမှု အကြိမ်ပေါင်း ၃၀၀ ကျော်ရှိခဲ့ပါတယ်။

Credit Original upload

Zawgyi

ျပည္တြင္း ေပါက္ကြဲမႈေတြအေပၚ အာဆီယံ ႏႈတ္ဆိတ္ေနတယ္လို႔ စစ္ေခါင္းေဆာင္ေျပာ

 

ျမန္မာႏိုင္ငံအတြင္းျဖစ္ေပၚေနတဲ့ ေဖာက္ခြဲဖ်က္ဆီးမႈေတြအေပၚမွာ အာဆီယံအပါအဝင္ ႏိုင္ငံတကာက ႏႈတ္ဆိတ္ေနတယ္လို႔ ျမန္မာစစ္တပ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာလိုက္ပါတယ္။

 

ၿပီးခဲ့တဲ့ ဇြန္ ၄ ရက္ေန႔က အာဆီယံအထူးကိုယ္စားလွယ္ ၂ ဦး နဲ႔ သီးသန႔္ေတြ႕ဆုံစဥ္မွာ ေျပာဆိုခဲ့တာလို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇြန္လ ၇ ရက္ မေန႔က က်င္းပခဲ့တဲ့ စစ္ေကာင္စီအစည္းအေဝးအတြင္း ျပန္ေျပာျပခဲ့တာျဖစ္ပါတယ္။

 

ျပည္တြင္းမွာ ေန႔စဥ္ျဖစ္ေနတဲ့ ဒီေပါက္ကြဲမႈေတြကို အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG, ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH တို႔နဲ႔ ဆက္စပ္သူေတြက

လုပ္ေနတယ္လို႔ စစ္ေကာင္စီက စြပ္စြဲေနတာပါ။CRPH နဲ႔ NUG ကေတာ့ ဒီလို အၾကမ္းေဖာက္ခြဲမႈေတြဟာ သူတို႔နဲ႔ သက္ဆိုင္ျခင္း မရွိဘူးလို႔ ေၾကညာထားပါတယ္။

 

ဧၿပီ ၂၄ ရက္ေန႔ကအင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေဝးမွာျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔ အပါအဝင္ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ ရရွိထားတာျဖစ္ပါတယ္။

 

RFA က ေကာက္ယူထားတဲ့ စာရင္း အရ စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ေမလကုန္ပိုင္းအထိ ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးေတြမွာ ေပါက္ကြဲမႈ အႀကိမ္ေပါင္း ၃၀၀ ေက်ာ္ရွိခဲ့ပါတယ္။

Credit Original upload