Knowledge

တကယ်ချစ်တဲ့ ကောင်လေးတွေဆိုတာ မအားတာကိုအကြောင်းပြတတ်သူတွေ မဟုတ်ပါ

ဆက်သွယ်မှုဆိုတာ ချစ်သူတစ်ဦးနဲ့ တစ်ဦးကြားမှာ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။

လူချင်းတွေ့တာ၊ ဖုန်းဆက်တာ၊ စာပို့တာ၊ Online ကနေ chatting လုပ်တာတွေ အားလုံးဟာ ဆက်သွယ်တာပါပဲ။

ဒီလိုဆက်သွယ်မှုပြုလုပ်ရတာဟာလည်း တစ်ယောက်နဲ့ တစ်ယောက်လွမ်းလို့၊ သတိရလို့၊ ချစ်လို့ပဲဖြစ်ပါတယ်။

တစ်ချို့ကောင်လေးတွေဟာ မအားတာကိုအကြောင်းပြပြီး ချစ်သူကို တစ်နေကုန်တစ်နေခမ်း၊ နှစ်ရက်သုံးရက်ကြာအောင်အထိ ပစ်ထားတတ်ကြပါတယ်။

ဒါပေမယ့် တကယ်ချစ်တဲ့ ကောင်လေးတွေကတော့ မအားတာကို အကြောင်းပြမယ့် သူတွေမဟုတ်ပါဘူး။

(၁) အသံလေးမကြားရရင် မနေနိုင်ဘူး

တကယ်ချစ်တဲ့ ကောင်လေးတွေဟာ သင့်ကိုအချိန်တိုင်းမြင်ချင်တွေ့ချင်နေတဲ့သူတွေပါ။

တစ်ခါတလေ အလုပ်တွေအရမ်းရှုပ်လို့ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် သင်နဲ့ဝေးနေရင်တောင် သင့်အသံလေးမကြားရရင် မနေနိုင်တဲ့သူပါ။

ဒါကြောင့် သူဘယ်လောက်မအားနေပါစေ၊ သင့်ကိုရအောင် ဆက်သွယ်မယ့်သူဖြစ်ပါတယ်။

(၂) သတိရတယ်

တကယ်ချစ်တဲ့ကောင်လေးတွေဟာ ဘယ်ပဲသွားသွား၊ ဘာပဲလုပ်လုပ် ချစ်သူကို အမြဲတမ်းသတိရတတ်ကြပါတယ်။

ချစ်သူကြိုက်တတ်တဲ့ အစားအသောက်လေးတွေ၊ နေရာလေးတွေနဲ့ အကြောင်းတစ်ခုခု တိုက်ဆိုင်တိုင်း ချစ်သူကို သတိရကြပါတယ်။

အဲလိုသတိရတာကို ပြတဲ့အနေနဲ့ ဘယ်လောက်ပဲ မအားနေပါစေ အမြဲတမ်း ဆက်သွယ်ကြပါတယ်။

(၃) သင်ကအရေးကြီးဆုံး

တကယ်ချစ်တဲ့ကောင်လေးတွေအတွက် အရေးကြီးဆုံးအရာကတော့ သင်ပါပဲ။ သူ့ရဲ့ အလုပ်တွေ၊ သူ့ကိစ္စတွေနဲ့ အရာအားလုံးနီးပါးထက် သင်ကအရေးကြီးပါတယ်။

ဒါကြောင့် အရေးပေါ် သေရေးရှင်ရေးအခြေအနေကလွဲရင် မအားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သင့်ကို ပစ်ထားမယ့်သူမျိုးမဟုတ်ပါဘူး။

(၄) သင်စိတ်ထိခိုက်မှာစိုးရိမ်တယ်

တကယ်ချစ်တဲ့ကောင်လေးတွေဟာ ချစ်သူကို အရမ်းတန်ဖိုးထားသလို၊ အရမ်းလည်း ဂရုစိုက်ကြပါတယ်။

မထိရက်မတို့ရက်သလို နာကျင်အောင်လည်း မလုပ်ရက်ကြပါဘူး။ ချစ်သူကိုမဆက်သွယ်တဲ့အခါ ချစ်သူ စိတ်ပူနေမှာ ၊ ဝမ်းနည်းနေမှာ၊ စိတ်မချမ်းမမြေ့ဖြစ်နေမှာ အရမ်းစိုးရိမ်ကြပါတယ်။

ဒါကြောင့် ဘယ်လောက်ပဲ မအားနေပါစေ၊ ချစ်သူကို ပစ်မထားပဲ အကျိုးသင့်အကြောင်းသင့်ပြောတတ်တဲ့သူတွေပါ။

(၅) သင်ပျော်မှသူပျော်နိုင်တယ်

တကယ်ချစ်တဲ့ကောင်လေးတွေအဖို့ ချစ်သူရဲ့ စိတ်ချမ်းသာမှုဟာ အရမ်းကိုအရေးပါပါတယ်။

ချစ်သူကို ပျော်ရွှင်စေနိုင်ဖို့အတွက် ဂရုစိုက်မှုတွေ အများကြီးပေးဖို့လိုတယ်ဆိုတာကို ကောင်းကောင်းသိကြပါတယ်။

ဒါကြောင့်မို့လို့လည်း ဘယ်လောက်ပဲ မအားနေပါစေ၊ ရအောင် ဆက်သွယ်ကြမှာပါ။ ဒါမှချစ်သူလည်း စိတ်ချမ်းသာသလို၊ သူတို့လည်း လုပ်ရကိုင်ရ စိတ်ဖြောင့်ပြီး ကြည်နူးရလို့ပါ။

Credit Original upload

Unicode