Knowledge

ကိုယ့်ဘက်က လွှတ်ချရဲတဲ့ သတ္တိလေးလိုတယ်

လူတစ်ယောက်ကြောင့် ကိုယ့်မှာ နာနာကျင်ကျင် ခံစားနေရတဲ့အခါ အဲ့ဒီဒဏ်ရာတွေကို ရေတွက်ရင်းနဲ့ပဲ အချိန်တွေ ကုန်မနေနဲ့

မဖြစ်နိုင်မှန်းသိရင် သတ္တိရှိရှိနဲ့ လွှတ်ချရဲရတယ် ။သူမရှိရင် မဖြစ်ပါဘူးဆိုတဲ့ အတွေးက ခုချိန်မှာပဲ စွဲနေတာပါ ၊သေလူလို့သာ သတ်မှတ်ပြီး ဘ၀ထဲက ထုတ်လိုက် သေသောသူ ကြာရင် မေ့သွားလိမ့်မယ် ။

ဘ၀…က တကယ့်ကို တိုတိုလေးပါ … တစ်နှစ် တစ်နှစ်ဆိုတဲ့အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ပြီးသွားတတ်တာမျိုးပဲလေ။

မသိရင် မနေ့တစ်နေ့ကလိုပဲ ။ ဒီလိုတိုတဲ့ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် နေပျော်အောင်နေဖို့လိုတယ် ။ နေပျော်အောင်နေဖို့ဆိုရင် မလိုတဲ့အရာတွေကို ခေါင်းထဲမထည့်ပဲ နေတတ်ဖို့လိုတယ် ။လူတစ်ယောက်ကြောင့် နာကျင်နေရတဲ့အခါ ငါတို့ ကြာကြာနာကျင်နေလို့ မဖြစ်ဘူး … ဘ၀မှာပျော်ဖို့ အချိန်တွေအများကြီးဆုံးရှုံးသွားလိမ့်မယ်။

ငါတို့ အရှုံးဆုံးခံလို့ မဖြစ်ဘူးလေ ။ ပျော်အောင်နေတတ်ဖို့ဆိုတာထက် ကိုယ့်ဘ၀နဲ့ကိုယ် ပျော်နေဖို့လိုပါတယ် ။

တစ်ယောက်ယောက်က ဒဏ်ရာတွေပေးတဲ့အခါ သင်ခန်းစာလေးယူပြီး … ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန်လေး ကုစားလိုက်တာ ပိုကောင်းပါတယ် ။နာကျင်နေပါပြီလို့အော်ပြီး တောင်းပန်နေရုံ ခေါင်းငုံ့နေရုံနဲ့ မစာနာတဲ့သူက ပြန်ပြီးစာနာလာမှာမဟုတ်သလို မကြင်နာတဲ့သူက ၊

ပြန်ပြီး ကြင်နာလာမှာမဟုတ်ဘူး ။ အဲ့လိုလုပ်နေတာဟာ ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်ချလိုက်တာနဲ့ပဲတူပါတယ် ။

အမုန်းတွေလဲ ထုတ်ထုတ်မသုံးနဲ့ လူတစ်ယောက်ကို မုန်းနေရခြင်းက ကိုယ်ကိုယ်တိုင် အရင်ဆုံးပူလောင်ရတယ် ။ အပူလောင်မခံနဲ့ . ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်ရတာက အနာကျင်ရဆုံးပဲ ။တစ်ခါတစ်လေကျတော့ ဘာကိုမှ မတွေးပဲ နေလို့ရရင်နေပါ ။ နေလို့မရတဲ့အခြေအနေရှိနေတဲ့အခါ မမြင်ချင်ယောင်ဆောင်ပြီးပဲဖြစ်ဖြစ် ၊

တစ်ဖက်လှည့်ပြီးပဲ ဖြစ်ဖြစ် နေတတ်သလိုလေး နေလိုက်တာ အကောင်းဆုံးပဲ ။

ဘယ်တော့မှ … ကိုယ်ရခဲ့တဲ့ ဒဏ်ရာတွေကိုရေတွက်ရင်းနဲ့ ကိုယ့်အချိန်တွေကို … မဖြုန်းပစ်လိုက်နဲ့ … ကိုယ့်ဘ၀မှာ အရေးမပါမှန်းသိရင် ကိုယ့်ဘက်က လွှတ်ချရဲတဲ့ သတ္တိလေးလိုတယ် ။မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်

Credit

Zawgyi

ကိုယ့္ဘက္က လႊတ္ခ်ရဲတဲ့ သတၱိေလးလိုတယ္

လူတစ္ေယာက္ေၾကာင့္ ကိုယ့္မွာ နာနာက်င္က်င္ ခံစားေနရတဲ့အခါ အဲ့ဒီဒဏ္ရာေတြကို ေရတြက္ရင္းနဲ႔ပဲ အခ်ိန္ေတြ ကုန္မေနနဲ႔မျဖစ္နိုင္မွန္းသိရင္ သတၱိရွိရွိနဲ႔ လႊတ္ခ်ရဲရတယ္ ။သူမရွိရင္ မျဖစ္ပါဘူးဆိုတဲ့ အေတြးက ခုခ်ိန္မွာပဲ စြဲေနတာပါ ေသလူလို႔သာ သတ္မွတ္ၿပီး ဘ၀ထဲက ထုတ္လိုက္ ေသေသာသူ ၾကာရင္ ေမ့သြားလိမ့္မယ္ ။

ဘ၀…က တကယ့္ကို တိုတိုေလးပါ … တစ္ႏွစ္ တစ္ႏွစ္ဆိုတဲ့အခ်ိန္ေတြက မ်က္စိတစ္မွိတ္အတြင္း ၿပီးသြားတတ္တာမ်ိဳးပဲေလ … မသိရင္ မေန႔တစ္ေန႔ကလိုပဲ ။

ဒီလိုတိုတဲ့ ဘ၀မွာ ကိုယ့္ကိုယ္ကိုယ္ ေနေပ်ာ္ေအာင္ေနဖို႔လိုတယ္ ။ ေနေပ်ာ္ေအာင္ေနဖို႔ဆိုရင္ မလိုတဲ့အရာေတြကို ေခါင္းထဲမထည့္ပဲ ေနတတ္ဖို႔လိုတယ္ ။လူတစ္ေယာက္ေၾကာင့္ နာက်င္ေနရတဲ့အခါ ငါတို႔ ၾကာၾကာနာက်င္ေနလို႔ မျဖစ္ဘူး … ဘ၀မွာေပ်ာ္ဖို႔ အခ်ိန္ေတြအမ်ားႀကီးဆုံးရွုံးသြားလိမ့္မယ္ ၊

ငါတို႔ အရွုံးဆုံးခံလို႔ မျဖစ္ဘူးေလ ။ ေပ်ာ္ေအာင္ေနတတ္ဖို႔ဆိုတာထက္ ကိုယ့္ဘ၀နဲ႔ကိုယ္ ေပ်ာ္ေနဖို႔လိုပါတယ္ ။

တစ္ေယာက္ေယာက္က ဒဏ္ရာေတြေပးတဲ့အခါ သင္ခန္းစာေလးယူၿပီး … ဒဏ္ရာေတြကို ျမန္ျမန္ဆန္ဆန္ေလး ကုစားလိုက္တာ ပိုေကာင္းပါတယ္ ။နာက်င္ေနပါၿပီလို႔ေအာ္ၿပီး ေတာင္းပန္ေန႐ုံ ေခါင္းငုံ႔ေန႐ုံနဲ႔ မစာနာတဲ့သူက ျပန္ၿပီးစာနာလာမွာမဟုတ္သလို မၾကင္နာတဲ့သူက၊

ျပန္ၿပီး ၾကင္နာလာမွာမဟုတ္ဘူး ။ အဲ့လိုလုပ္ေနတာဟာ ကိုယ့္တန္ဖိုးကို ကိုယ္ကိုယ္တိုင္ခ်လိုက္တာနဲ႔ပဲတူပါတယ္ ။

အမုန္းေတြလဲ ထုတ္ထုတ္မသုံးနဲ႔ လူတစ္ေယာက္ကို မုန္းေနရျခင္းက ကိုယ္ကိုယ္တိုင္ အရင္ဆုံးပူေလာင္ရတယ္ ။ အပူေလာင္မခံနဲ႔ . ကိုယ့္အေတြးနဲ႔ကိုယ္ ပူေလာင္ရတာက အနာက်င္ရဆုံးပဲ ။တစ္ခါတစ္ေလက်ေတာ့ ဘာကိုမွ မေတြးပဲ ေနလို႔ရရင္ေနပါ ။ ေနလို႔မရတဲ့အေျခအေနရွိေနတဲ့အခါ ၊

မျမင္ခ်င္ေယာင္ေဆာင္ၿပီးပဲျဖစ္ျဖစ္ တစ္ဖက္လွည့္ၿပီးပဲ ျဖစ္ျဖစ္ ေနတတ္သလိုေလး ေနလိုက္တာ အေကာင္းဆုံးပဲ ။

ဘယ္ေတာ့မွ … ကိုယ္ရခဲ့တဲ့ ဒဏ္ရာေတြကိုေရတြက္ရင္းနဲ႔ ကိုယ့္အခ်ိန္ေတြကို  မျဖဳန္းပစ္လိုက္နဲ႔ … ကိုယ့္ဘ၀မွာ အေရးမပါမွန္းသိရင္ … ကိုယ့္ဘက္က လႊတ္ခ်ရဲတဲ့ သတၱိေလးလိုတယ္ ။မူရင္းစာေရးသားသူ သၽွင္ယြန္း ေလးစားစြာျဖင့္ ‌ျပန္လွန္မၽွေဝျခင္းျဖစ္ပါတယ္

Credit