Knowledge

ကောင်လေးတွေ သဝန်တို လာရင် လုပ်တတ်တဲ့ အရာ ( ၆ ) ခု

ယောင်္ကျားလေးတွေ သဝန်တိုလာရင် မိန်းကလေးတွေလို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။

ဒီအခြေအနေကို မိန်းကလေးဘက်က နားမလည်ရင်တော့ ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။

သင့်ချစ်သူကောင်လေး ဒီအရာလေးတွေကို ပြုလုပ်နေပြီဆိုရင်တော့ သူ သင့်ကို သဝန်တိုနေတယ်ဆိုတာ သေချာနေပါပြီ။

၁။ စပြီး ဂရုမစိုက်တော့ဘူး ။

စကားပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက်သလို လုပ်တတ်ပါတယ်။ အထူးသဖြင့် သင်ပြောတဲ့ စကားထဲမှာ ယောကျ်ားလေးအကြောင်းပါလာရင် သူ့ဘက်က ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ဘာမှကို မပြောတော့ပါဘူး။

၂။ အဆက်အသွယ်ဖြတ် ။

သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

ဒီပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် ခြိမ်းခြောက်ခံရတဲ့ အရာရဲ့ အဝေးမှာ နေတာဖြစ်ပါတယ်။ သူတို့သဝန်တိုမှုဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်မသွားတော့ပါဘူး။

၃။ ဂရုစိုက် ။

ဂရုစိုက်ခံရတာကို မိန်းကလေးတိုင်းနှစ်သက်ပါတယ်။ ဒါပေမယ့် ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိနေလဲ ဆိုတာတွေကို အရင်ကထက် ပိုဂရုစိုက်လာပါတယ်။

၄။ အပြစ်တင်။

သဝန်တိုတဲ့အခါ သင့်ကို အပြစ်တင်တာတွေလုပ်လာပါတယ်။

ဘာမဟုတ်တဲ့အကြောင်းလေးတွေနဲ့ သင့်ကို အပြစ်တင်ပါတယ်။ အပြစ်တင်ရမယ့်ကိစ္စဆိုရင်လည်း လိုတာထက်ပိုပြီး ပြောဆိုတာတွေလုပ်ပါတယ်။

၅။ သိရခက္တဲ့လကၡဏာ။

ယောကျာ်းတစ်ယောက်သဝန်တိုမှု ဖြစ်ပေါ်လာတာဟာ သူ့ကိုယ်သူ လေးစားမှု လျော့ကျလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဥပမာ- သူ့ထက် တစ်ခုခု သာတယ်လို့ ထင်တဲ့လူနဲ့ သင် အတူရှိတာကို မကြိုက်တာမျိုးပါ။

ဒီလိုခံစားနေရတာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။

ဒီခံစားချက်ကို သင့်ဘက်က နားမလည်ရင်တော့ သင်တို့ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။

၆။ ထေ့ငေါ့မှု။

သူ့ဘက်က ထေ့တာငေါ့တာတွေ လုပ်ပါမယ်။ သင့်ဘက်က ဒေါသထွက်ပြီး ပြောဆိုတဲ့အခါမှာလည်း ပြန်မပြောဘဲ ငြိမ်ခံနေတတ်ပါတယ်။

ဒီလိုအခြေအနေက သင်တို့နှစ်ယောက်ဆက်ဆံရေးမှာ သူ့အတွက် အာမခံချက် မရှိဘူးလို့ ခံစားရတဲ့အချိန်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Credit

Unicode

၅။ သိရခက်တဲ့လက္ခဏာ။