Knowledge

ဆံပင်တွေ ခဏခဏကျွတ်နေရင် ဒီပေါင်းတင်နည်းလေးကိုလုပ်ကြည့်လိုက်ပါ

ဆံပင်တွေခဏခဏကျွတ်နေလို့စိတ်ညစ်စရာမလိုတော့ပါဘူး။ဒီပေါင်းတင်နည်းလေးက သင့်ဆံပင်ကျွတ်တာကိုသက်သာစေတဲ့အပြင် ဆံပင်ကိုလည်းထူလာစေပါတယ်။

ဆံပင်ပါးတဲ့သူတွေလည်းသုံးပေးနိုင်ပါတယ်။ပေါင်းတင်နည်းလေးကလည်းမခက်ပါဘူး။ အိမ်မှာရှိတဲ့ပစ္စည်းတွေကိုသာသုံးပေးရမှာပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သွန်နီနဲ့ပျားရည်ပါ

ကြက်သွန်နီက ဆံပင်ကိုပိုပြီးထူစေပြီးဆံပင်ကျွတ်သက်သာစေပါတယ်။ ဆံပင်အရှည်မြန်စေအတွက်ဆံပင်အုံထူချင်တဲ့သူတွေလုပ်ပေးလို့ရပါတယ်။

ကြက်သွန်နီတစ်လုံးယူပြီးဓားနဲ့ပါးပါးလှီးပါ။မွှေစက်ထဲထည့်ပြီးဖြစ်စေ၊ထောင်းပြီးဖြစ်စေ ညက်သွားအောင်လုပ်ပါ။ပြီးရင်ပန်းကန်လုံးထဲထည့်ပြီးအရည်တွေကိုစစ်ထုတ်ပေးပါ။ပျားရည်စားပွဲတင်ဇွန်း၂ဇွန်းကိုထည့်ပါ။

ခဏနေရင် လာဗင်ဒါအဆီလေးအနည်းငယ်ထည့်ပေးပါ။ အုန်းဆီစစ်စစ်အဆီဆိုရင်လည်းရပါတယ်။အကုန်လုံးကိုရောမွှေပြီးရင်သုံးလို့ရပါပြီ။

ဘယ်လိုသုံးရမလဲဆိုတော့…

အရည်တွေကိုဆံပင်အနှံ့ပွတ်လိမ်းပေးပါ။လိမ်းပြီးရင်ခေါင်းကိုတစ်ခုခုနဲ့စွပ်ထားပါ။နာရီဝက်ဖြစ်စေ၊တစ်ညလုံးဖြစ်စေထားနိုင်ပါတယ်။နာရီဝက်ကြာပြီးရင် ရေနဲ့သန့်စင်အောင်ဆေးချပါ။ နောက်တစ်နေ့မှာခေါင်းလျှော်ရည်နဲ့လျှော်ပေးလို့ရပါပြီ။

တစ်လကို ၂ခါပုံမှန်လုပ်ပေးရင် ဆံပင်ကျွတ်သက်သာပြီးအရင်ကထက်ဆံပင်အုံထူလာတာကိုမြင်တွေ့ရမှာပါ။

Unicode

ဆံပင်တွေ ခဏခဏကျွတ်နေရင် ဒီပေါင်းတင်နည်းလေးကိုလုပ်ကြည့်လိုက်ပါ

ဆံပင်တွေခဏခဏကျွတ်နေလို့စိတ်ညစ်စရာမလိုတော့ပါဘူး။ဒီပေါင်းတင်နည်းလေးက သင့်ဆံပင်ကျွတ်တာကိုသက်သာစေတဲ့အပြင် ဆံပင်ကိုလည်းထူလာစေပါတယ်။

ဆံပင်ပါးတဲ့သူတွေလည်းသုံးပေးနိုင်ပါတယ်။ပေါင်းတင်နည်းလေးကလည်းမခက်ပါဘူး။ အိမ်မှာရှိတဲ့ပစ္စည်းတွေကိုသာသုံးပေးရမှာပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သွန်နီနဲ့ပျားရည်ပါ

ကြက်သွန်နီက ဆံပင်ကိုပိုပြီးထူစေပြီးဆံပင်ကျွတ်သက်သာစေပါတယ်။ ဆံပင်အရှည်မြန်စေအတွက်ဆံပင်အုံထူချင်တဲ့သူတွေလုပ်ပေးလို့ရပါတယ်။

ကြက်သွန်နီတစ်လုံးယူပြီးဓားနဲ့ပါးပါးလှီးပါ။မွှေစက်ထဲထည့်ပြီးဖြစ်စေ၊ထောင်းပြီးဖြစ်စေ ညက်သွားအောင်လုပ်ပါ။ပြီးရင်ပန်းကန်လုံးထဲထည့်ပြီးအရည်တွေကိုစစ်ထုတ်ပေးပါ။

ပျားရည်စားပွဲတင်ဇွန်း၂ဇွန်းကိုထည့်ပါ။ခဏနေရင် လာဗင်ဒါအဆီလေးအနည်းငယ်ထည့်ပေးပါ။ အုန်းဆီစစ်စစ်အဆီဆိုရင်လည်းရပါတယ်။အကုန်လုံးကိုရောမွှေပြီးရင်သုံးလို့ရပါပြီ။

ဘယ်လိုသုံးရမလဲဆိုတော့…

အရည်တွေကိုဆံပင်အနှံ့ပွတ်လိမ်းပေးပါ။လိမ်းပြီးရင်ခေါင်းကိုတစ်ခုခုနဲ့စွပ်ထားပါ။နာရီဝက်ဖြစ်စေ၊တစ်ညလုံးဖြစ်စေထားနိုင်ပါတယ်။နာရီဝက်ကြာပြီးရင် ရေနဲ့သန့်စင်အောင်ဆေးချပါ။

နောက်တစ်နေ့မှာခေါင်းလျှော်ရည်နဲ့လျှော်ပေးလို့ရပါပြီ။တစ်လကို ၂ခါပုံမှန်လုပ်ပေးရင် ဆံပင်ကျွတ်သက်သာပြီးအရင်ကထက်ဆံပင်အုံထူလာတာကိုမြင်တွေ့ရမှာပါ။

Credit