Local News

အမေရိကန်ရဲ့အာဏာသိမ်းစစ်အစိုးရအပေါ်တုန့်ပြန်ချက် ပထမခြေလှမ်းနဲ့တင် ပြည်သူတွေအားအားတက်စေပါပြီ

တပ်မတော်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မယ့် သမ္မတအမိန့် ဂျိုးဘိုင်ဒင်ခွင့်ပြု

အာဏာသိမ်းဖို့ညွှန်ကြားတဲ့ တပ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအပြင် သူတို့ရဲ့အနီးကပ်၊

မိသားစုဝင်တွေကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့နိုင်မယ့် သမ္မတအမိန့်အသစ်တစ်ရပ်ကို

ခွင့်ပြုလိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မနေ့ကညပိုင်းမှထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ပစ်မှတ်ထားအရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ပထမအသုတ်စာရင်းကိုဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်သွားမယ်လို့ ဘိုင်ဒင်က ပြောပါတယ်။

ဒါ့အပြင် ပို့ကုန်တွေထိန်းချုပ်မှုဆိုင်ရာခိုင်မာတဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကိုလည်းချမှတ်သွားမှာဖြစ်သလို

မြန်မာအစိုးရအကျိုးရှိစေမယ့်ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။အခုအချိန်မှာတော့ ၊

အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ရန်ပုံငွေဒေါ်လာတစ်ဘီလျံကို စစ်ဗိုလ်ချုပ်တွေ တရားနည်းလမ်းမကျရယူမှုကနေ၊

တားဆီးဟန့်တားသွားဖို့အမေရိကန်အစိုးရက ဆောင်ရွက်နေပြီလို့လည်း ဘိုင်ဒင်က ပြောပါတယ်။

အာဏာသိမ်းတာဝန်ရှိသူတွေအပေါ် နောက်ထပ်လိုအပ်တဲ့အရေးဆောင်ရွက်မှုတွေ ချမှတ်ဖို့အသင့်ဖြစ်နေပြီး ဒီလိုကြိုးပမ်းအားထုတ်မှုမှ၊

ာ တစ်ခြားနိုင်ငံတွေပါဝင်လာဖို့လည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ မြန်မာပြည်သူလူထုအတွက် ၊

တိုက်ရိုက်အကျိုးရှိစေမကျန်းမာရေးစောင့်ရှောက်မှု၊ အရပ်ဘက်

လူမှုအဖွဲ့အစည်းတွေနဲ့ တခြားကဏ္ဍတွေအတွက် ဆက်ပြီးအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit

Unicode