Local News

ကဲ..သတင်းကောင်းဆိုတာဒါကိုပြောတာ

ကဲ..သတင်းကောင်းဆိုတာဒါကိုပြောတာ

အကောင်ကြီးတွေမနေ့ကဒွမ်တဲ့အပြင် တပ်ကြပ်ဆိုတဲ့အကောင်ကြီးတွေလဲမိထားတယ် ဒီလောက်အထိနာလို့ မနေ့ကလေကြောင်းနဲ့ ညနေတခင်းလုံးကြဲပြီးမဝလို့ ညကြီးပါဗုံး၄ခါထပ်ကြဲတယ်လေ

မိတာက မိုဆိုမှာပြည်သူတွေကိုအရှင်မီးရှို့တဲ့တပ်မကအကောင်တွေ အဲ့စိတ်နဲ့ရော အဲ့ခွေးတွေကိုဖမ်းဖို့ဝင်လုံးရင်းထိတဲ့ရဲဘော်တွေကိုငါကိုင်တိုင်ကြည့်ပေးထားတာနဲ့ရော သူတို့မျက်နှာတွေရွံလွန်းလို့မကြည့်နိုင်ဘူး

ကယား(ကရင္နီ)KNDF

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ။

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၄)ရက် ။

ဒီဇင်ဘာလ (၃)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဖက်သို့ အင်းအား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မျာအား KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် KA တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ထိတွေ့တိုက်ပွဲအတွင်း အထိနာသော အကြမ်းဖက်စစ်ကောင်စီဖက်မှ ၎င်းတို့၏ ဒီးမော့ဆိုအခြေစိုက်တပ်များမှ လက်နက်ကြီးများဖြင့် အဆမတန် ပစ်ကူပေးခဲ့သည့်အပြင် ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် (၃)ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ညနေ (၉း၀၀)နာရီခန့်တွင်လည်း တိုက်လေယာဉ်ဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ ပါသည်။

တစ်နေကုန်နီးပါးကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး (၁)ဦး ၊ တပ်ကြပ် (၂)ဦး ၊ တပ်သား (၁)ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကာ MA-1 သေနတ် (၄)လက် ၊ MA -3 သေနတ် (၂)လက် ၊ MA-4(79)တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး (၁)လက် ၊ RPG (၁)လက် ၊ (၆၀)မမ စိန်ပြောင်း (၂)ပြောင်း ၊ ကွန်ပျူတာ (၁)လုံး ၊ ဖုန်းအချို့နှင့် ခဲယမ်းပစ္စည်းများ ၊ အသုံးအဆောင် အချို့တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီဖက်မှ စစ်ကြောင်းထိုးလာသောတပ်ရင်းမှာ တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူ အခြေစိုက် တပ်ရင်းဖြစ်ပြီး အဆိုပါ တပ်ရင်းမှာ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ (၂၄) ရက်နေ့က ဖရူဆိုမြို့နယ် ၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ (၄၀)ကျော်အား မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုအား ကျူးလွန်ရာတွင် ပါဝင်ခဲ့သော တပ်ရင်း ဖြစ်ပါသည်။

မိမိတို့ KNDF မှ ယခုတိုက်ပွဲအတွင်း ရရှိခဲ့သော အောင်မြင်မှုနှင့် လက်တုန့်ပြန်နိုင်ခဲ့မှုများအား မိုဆိုကျေးရွာအနီး စစ်ကောင်စီ၏ တပ်မ (၆၆)မှ လူမဆန်စွာမီးရှို့သတ်ဖြတ်ခဲ့၍ သေဆုံးသွားခဲ့ရသော အပြစ်မဲ့ပြည်သူ ( ၄၀) ကျော်တို့အား ရည်ညွှန်းပါသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အရှေ့ဖက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင်အကြမ်း ဖက် စစ်ကောင်စီမှ စစ်ကြောင်းများ ပြန်ထိုးလာသော အခြေနေများကြောင့် စစ်ရေးအခြေနေတင်းမာနေသလို တိုက်ပွဲများ လည်း ဖြစ်ပွားနေကာ အထက်ပါ နေရာများအနီး ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြသေးရန် နှင့် မိမိတို့ KNDF မှ အစဉ်တစ်စိုက် ထုတ်ပြန်နေသည့် စစ်ရေးအခြေနေများကို ဂရုပြုကြရန် မိဘပြည်သူများအား မေတ္တာ ရပ်ခံပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ဆက်သွယ်ရန်။ ၀၉၄၂၅၅၁၇၅၉၄၊ ၀၉၄၅၇၂၉၆၄၈၇၊ ၀၉၄၄၅၂၅၂၂၇၄။