Local News

ဘုရား…ဘုရား…ဘုရား….လုပ်ရက်လိုက်ကြတာ…ကျန်ခဲ့တဲ့ ဇနီးကတော့ ကလေးနှစ်ယောက်နဲ့ဒုက္ခရောက်ရှာပါပီ

အငှားယာဉ်မောင်းတစ်ဦးကို သ–တ်ပြီးကားလုယူသွား

မဲခေါင်၊ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်း၊ထောက်ကြန့်မြို့ နယ်တွင် အမျိုးသားနှစ်ဦးကအငှားယာဉ်မောင်တစ်ဦးကိုဓားနဲ့ထိုးသတ်ကာကားလုယူခဲ့မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။

ဒီဇင်ဘာ၁ရက်နေ့ညနေ၄နာရီအချိန်ခန့်ကထောက်ကြန့်အငှားယာဉ်ဂိတ်တွင်အမျိုးသားနှစ်ဦးကထောက်ကြန့်မှလှော်ကားသို့ကားငှားစီးခဲ့ပြီးနောက်တက္ကစီယာဉ်မောင်းကိုဓားနဲ့ထိုးသတ်ကာကားကိုလုယူခဲ့တာဖြစ်တယ်လို့သေဆုံးသူ၏မိသားစုဝင်တစ်ဦးကပြောပါတယ်။

“အိမ်မှာနေ့လည်ကထမင်းပြန် လာစားသေးတယ်။ညနေ၃နာရီခွဲလောက်မှဂိတ်ကိုပြန်ထွက်သွားတာ။ညနေ၄နာရီလောက်မှာလူနှစ်ယောက်ကားငှားပြီးဈေးစစ်တယ်။တစ်သောင်းသုံးထောင်နဲ့တောင်းတာတစ်သောင်းနဲ့ဈေးစစ်သေးတယ်။ပြီးမှပေးမယ်ဆိုပြီးလှော်ကားဆိုတော့နီးတယ်ဆိုပြီးလိုက်သွားတာ။ညနေမှသူ့အလောင်းကိုကားလမ်းဘေးမှာတွေ့တဲ့သူကရဲစခန်းဖုန်းဆက်တော့မှအိမ်ကလူတွေသိရတာပါ”လို့ သေဆုံးသူ၏မိသား စုဝင်တစ်ဦးကပြောပါတယ်။

သေဆုံးခဲ့သူမှာအသက်၃၃နှစ်အရွယ်ကိုရှိန်းသူစိုးဖြစ်ပြီးထောက်ကြန့်မြို့နယ်တွင်နေထိုင်သူဖြစ်ကာမိသားစုပိုင်အငှားယာဉ်ကိုမောင်းနှင်နေသူတစ်ဦးဖြစ်ပြီးလူချင်လူခင်ပေါများသူတစ်ဦးလည်းဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

ကိုရှိန်းသူစိုးအလောင်းကိုလှော်ကားကျောက်ခွဲစက်အကျော်နှစ်ကြိတ်ရှစ်ဆူဘုရားအနီးကားလမ်းဘေးမှာတွေ့ရှိခဲ့တာဖြစ်ပြီးလည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်နဲ့သေဆုံးခဲ့တာဖြစ်တယ်လို့မိသားစုဝင်တစ်ဦးကပြောပါတယ်။

“အချိန်ကအရမ်းမြန်တယ်။သူလေးနာရီကျော်လောက်အော်ဒါပါသွားတယ်။သတင်းကြားတော့ညနေ၅နာရီခွဲမှာသတင်း ကြားပြီးလိုက်သွားတယ်။သူ့လက်ထဲမှာဖုန်းတွေ့တယ်။သူအကူအညီတောင်းဖို့ကြိုးစားသေးတာနေမယ်။လူတိုင်းအပေါ်စေတနာအရမ်းကောင်းတဲ့သူပါ။ရန်လဲမဖြစ်တတ်ပါဘူး။တရားခံတွေကိုအမြန်ဆုံးဖမ်းမိစေချင်ပါတယ်”လို့ သေဆုံးသူ၏ဇနီးဖြစ်သူကပြောပါတယ်။

အသတ်ခံရသူကိုရှိန်းသူစိုးတွင်၁၀နှစ်အရွယ်သားတစ်ယောက်နဲ့၁နှစ်၁၀လအရွယ်သားငယ်တစ်ဦးကျန်ခဲ့တယ်လို့မိသားစုဝင်တစ်ဦးကပြောပါတယ်။

“လူ့အသက်တစ်ချောင်းကိုတန်ဖိုးမထားတတ်ကြတဲ့ဒုစရိုက်သမားတွေကြောင့်လူတွေဒုက္ခ ရောက်တာထက်ပိုဒုက္ခရောက်နေကြတာပါ”လို့ သေဆုံးသူ၏ ဇနီးဖြစ်သူကပြောပါတယ်။

အဆိုပါလူသတ်မှုကိုထောက်ကြန့်ရဲစခန်းတွင်အမှုဖွင့်လှစ်ထားပြီးသေဆုံးသူအလောင်းကိုအင်းစိန်ပြည်သူ့ဆေးရုံမှာထားရှိထားတယ်လို့သူကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းနေ့စဉ်လုယက်မှုခါးပိုက်နှိုက်မှုအုပ်စုဖွဲ့လုယက်မှုဓားပြမှုတွေဖြစ်ပွားနေပေမယ့်ကျူးလွန်တဲ့တရားခံတွေကိုတော့မိအောင်ဖမ်းဆီးနိုင်မှုတွေနည်းပါးနေပြီးလုံခြုံမှုမရှိတဲ့အတွက်ပြည်သူတွေအနေဖြင့်များစွာဒုက္ခရောက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။

MeKongNews