Local News

မ-အ-လ ကို လုံခြုံရေးပေးပြီး ပြန်လာသည့် စစ်ကား ဗျင်းခံရပြန်ကာ…

စစ်ခေါင်းဆောင်ကို လုံခြုံရေးပေးပြီး ပြန်လာသည့် စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ သို့ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လုံခြုံရေးပေးပြီး မန္တလေးမြို့သို့ ပြန်လာသည့် စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ အများ အပြားဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်မြို့ ၊ စစ်ကောင်စီ၏ စစ်တပ်က္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းပွဲကို ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

ယမန်နေ့ မွန်းလွဲ ၃နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီဥက္ကဋ္ဌအား လုံခြုံရေးပေးပြီးပြန်လာသည့် စစ်ကောင်စီတပ်ကားကို မန္တလေး-ပြင်ဦးလွင်လမ်း၊ အောင်ပင်လယ်တိုးဂိတ်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NGU:FF မြေခွေးတပ်ဖွဲ့တာဝန်ခံ ထံက သိရသည်။

“ကားရှေ့ခေါင်းခန်းကိုထိတာ။ ခေါင်းခန်းမှာပါတဲ့နှစ်ဦးသေတာ ကတော့သေချာတယ်။ နောက်ကလူတွေရဲ့အထိအခိုက်အတိအကျတော့မသိရဘူး “ဟု NGU:FFမြေခွေးတပ်ဖွဲ့ တာဝန်ခံကပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို NGU :FF မြေခွေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရမှုနှင့်ပတ်သက်၍ “အုန်းဆိုတဲ့ အသံကတော်တော် ကျယ်တယ်။ မြေပါ တုန်သွားတာ။ အထိအခိုက်များနိုင်တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

စာတည်း။ ။မောင်ကောင်း