မွေးနေ့တိုင်း ၀က်ခြံပေါက်ပါစေ…
ပရင့်ထုတ်တိုင်း စာရွက်ခေါက်ပါစေ…
ပိုက်ဆံအမ်းတိုင်း အကြွေစုတ်နဲ့ ညားပါစေ…
အလကားနေရင်း ဖုန်းဘက်ထရီ အကုန်မြန်ပါစေ…
စာရိုက်တိုင်း မဆေ့ဖ်ခင် ရီစတက်ကျပါစေ……
ခြေအိတ်လျှော်တိုင်း တစ်ဖက်ပျောက်ပါစေ……
သွားလေရာ ထွက်ဖစ် ဂျမ်းပါစေ…
ရေသန့်ဘူး အသစ်ဖောက်သောက်တိုင်း
အဖုံးလွတ်ကျပါစေ…
လိုင်းပေါ်တက်တိုင်း အဝိုင်းလည်ပါစေ…
တစ်အိမ်လုံး ခရီးသွားတိုင်း
သရဲကားကြည့်မိပါစေ…
တက်စီငှားတိုင်း ရပ်ကွက်ထဲမ၀င်ပေးဘဲ
လမ်းထိပ်မှာ ရပ်ပါစေ…
အိမ်သာတက်တိုင်း
အားပြင်းတဲ့ ရေပိုက်ခေါင်းနဲ့ ကြုံပါစေ…
Uniball ၀ယ်တိုင်း
မင်မကုန်ခင် ဘောသီးကြွေပါစေ…
မုန့်ဟင်းခါးစားတိုင်း
ဟင်းရည်အဆစ်မပေးတဲ့ဆိုင်နဲ့ ကြုံပါစေ…
အီးမေးလ်ပို့တိုင်း
အတက်ချမန့် fail ပါစေ…
၀က်သားတုတ်ထိုးဆိုင်ထိုင်တိုင်း
လျှာကုန်နေပါစေ…
ဖိနပ်အသစ်စီးတဲ့နေ့တိုင်း
မိုးရွာဗွက်ထပါစေ…
ဖေ့စ်ဘုတ်မှာ ဂရုပုံ
သူများတင်တိုင်း ကိုယ်ရုပ်ဆိုးတဲ့ပုံ ဖြစ်ပါစေ…
ရုံးကန္နားသွားရတိုင်း
ထမင်းစားဆင်းတာနဲ့ ကြုံပါစေ…
အပြင်ထွက်တိုင်း အိမ်ထဲမှာ သော့ကျန်ပါစေ…
အစည်းအဝေးခန်းထဲမှာ
အီးခိုးပေါက်တိုင်း အကျယ်ကြီးဖြစ်ပါစေ…
ကြေးအိုးစားတိုင်း ဆံပင်မွေးပါပါစေ…
အိတ်စပရက်စီးတိုင်း ပေါကားဖွင့်ပါစေ……
ဘဏ်သွားတိုင်း အရွက်လျော့ပါစေ…
တန်းစီတိုင်း ကိုယ်စီမိတဲ့လိုင်း နှေးပါစေ…
ပူတဲ့ညတိုင်း အဲကွန်းဖွင့်ဖို့
မီးအားမပြည့်ပါစေ…
မင်္ဂလာဆောင်သွားတိုင်း
parking ခက်ပါစေ…
လက်ဖက်ရည်ဆိုင်ထိုင်တိုင်း
စားပွဲထိုး ခေါ်မရပါစေ…
ရပ်ကွက်ထဲမှာ အလှူခံ မဏ္ဍပ်ဆောက်တိုင်း
လော်စပီကာ ကိုယ့်အိမ်ဖက်လှည့်ပါစေ…
သီချင်းနားထောင်တိုင်း အခွေထစ်ပါစေ…
အိပ်ရာ၀င်တိုင်း ခြင်တစ်ကောင် ဝီပါစေ…
နှိုးစက်မြည်တိုင်း အိပ်ကောင်းပါစေ…
တရေးနိုး ရှူးရှူးထပေါက်တိုင်း
ခြေသန်းလေးနဲ့ ခလုတ်တိုက်ပါစေ…
အိမ်မှာနားနေတိုင်း အလှူခံတံခါးခေါက်ပါစေ…
ထမင်းစားတိုင်း သွားကြားညှပ်ပါစေ…
မိုးရွာတိုင်း ထီးလန်ပါစေ…
အာလူးကြော်၀ယ်စားတိုင်း
ဆီချေးစော် နံပါစေ……
အင်္ကျီ၀ယ်တိုင်း တစ်ဆိုဒ်သေးပါစေ…
ဓာတ်ပုံရိုက်တိုင်း မျက်လုံးမှိတ်ပါစေ…
အလျင်လိုတိုင်း အင်္ကျီကြယ်သီးလွဲပါစေ…
ရုပ်ရှင်သွားကြည့်တိုင်း ရုံထဲမှာ အိပ်ပျော်ပါစေ…
ဒိုင်းယက် ၁ ခါလုပ်တိုင်း
၀ိတ်၂ပေါင် တက်ပါစေ သတည်း။
#crd_to_owner
#နော်ဂဲလယ်ထူး (စာပေပရဟိတ)
zawgyi
ေမြးေန႔တိုင္း ၀က္ၿခံေပါက္ပါေစ…
ပရင့္ထုတ္တိုင္း စာ႐ြက္ေခါက္ပါေစ…
ပိုက္ဆံအမ္းတိုင္း အေႂကြစုတ္နဲ႔ ညားပါေစ…
အလကားေနရင္း ဖုန္းဘက္ထရီ အကုန္ျမန္ပါေစ…
စာ႐ိုက္တိုင္း မေဆ့ဖ္ခင္ ရီစတက္က်ပါေစ……
ေျခအိတ္ေလွ်ာ္တိုင္း တစ္ဖက္ေပ်ာက္ပါေစ……
သြားေလရာ ထြက္ဖစ္ ဂ်မ္းပါေစ…
ေရသန္႔ဘူး အသစ္ေဖာက္ေသာက္တိုင္း
အဖုံးလြတ္က်ပါေစ…
လိုင္းေပၚတက္တိုင္း အဝိုင္းလည္ပါေစ…
တစ္အိမ္လုံး ခရီးသြားတိုင္း
သရဲကားၾကည့္မိပါေစ…
တက္စီငွားတိုင္း ရပ္ကြက္ထဲမ၀င္ေပးဘဲ
လမ္းထိပ္မွာ ရပ္ပါေစ…
အိမ္သာတက္တိုင္း
အားျပင္းတဲ့ ေရပိုက္ေခါင္းနဲ႔ ႀကဳံပါေစ…
Uniball ၀ယ္တိုင္း
မင္မကုန္ခင္ ေဘာသီးေႂကြပါေစ…
မုန္႔ဟင္းခါးစားတိုင္း
ဟင္းရည္အဆစ္မေပးတဲ့ဆိုင္နဲ႔ ႀကဳံပါေစ…
အီးေမးလ္ပို႔တိုင္း
အတက္ခ်မန္႔ fail ပါေစ…
၀က္သားတုတ္ထိုးဆိုင္ထိုင္တိုင္း
လွ်ာကုန္ေနပါေစ…
ဖိနပ္အသစ္စီးတဲ့ေန႔တိုင္း
မိုး႐ြာဗြက္ထပါေစ…
ေဖ့စ္ဘုတ္မွာ ဂ႐ုပုံ
သူမ်ားတင္တိုင္း ကိုယ္႐ုပ္ဆိုးတဲ့ပုံ ျဖစ္ပါေစ…
႐ုံးကႏၷားသြားရတိုင္း
ထမင္းစားဆင္းတာနဲ႔ ႀကဳံပါေစ…
အျပင္ထြက္တိုင္း အိမ္ထဲမွာ ေသာ့က်န္ပါေစ…
အစည္းအေဝးခန္းထဲမွာ
အီးခိုးေပါက္တိုင္း အက်ယ္ႀကီးျဖစ္ပါေစ…
ေၾကးအိုးစားတိုင္း ဆံပင္ေမြးပါပါေစ…
အိတ္စပရက္စီးတိုင္း ေပါကားဖြင့္ပါေစ……
ဘဏ္သြားတိုင္း အ႐ြက္ေလ်ာ့ပါေစ…
တန္းစီတိုင္း ကိုယ္စီမိတဲ့လိုင္း ေႏွးပါေစ…
ပူတဲ့ညတိုင္း အဲကြန္းဖြင့္ဖို႔
မီးအားမျပည့္ပါေစ…
မဂၤလာေဆာင္သြားတိုင္း
parking ခက္ပါေစ…
လက္ဖက္ရည္ဆိုင္ထိုင္တိုင္း
စားပြဲထိုး ေခၚမရပါေစ…
ရပ္ကြက္ထဲမွာ အလႉခံ မ႑ပ္ေဆာက္တိုင္း
ေလာ္စပီကာ ကိုယ့္အိမ္ဖက္လွည့္ပါေစ…
သီခ်င္းနားေထာင္တိုင္း အေခြထစ္ပါေစ…
အိပ္ရာ၀င္တိုင္း ျခင္တစ္ေကာင္ ဝီပါေစ…
ႏႈိးစက္ျမည္တိုင္း အိပ္ေကာင္းပါေစ…
တေရးႏိုး ရႉးရႉးထေပါက္တိုင္း
ေျခသန္းေလးနဲ႔ ခလုတ္တိုက္ပါေစ…
အိမ္မွာနားေနတိုင္း အလႉခံတံခါးေခါက္ပါေစ…
ထမင္းစားတိုင္း သြားၾကားညႇပ္ပါေစ…
မိုး႐ြာတိုင္း ထီးလန္ပါေစ…
အာလူးေၾကာ္၀ယ္စားတိုင္း
ဆီေခ်းေစာ္ နံပါေစ……
အက်ႌ၀ယ္တိုင္း တစ္ဆိုဒ္ေသးပါေစ…
ဓာတ္ပုံ႐ိုက္တိုင္း မ်က္လုံးမွိတ္ပါေစ…
အလ်င္လိုတိုင္း အက်ႌၾကယ္သီးလြဲပါေစ…
႐ုပ္ရွင္သြားၾကည့္တိုင္း ႐ုံထဲမွာ အိပ္ေပ်ာ္ပါေစ…
ဒိုင္းယက္ ၁ ခါလုပ္တိုင္း
၀ိတ္၂ေပါင္ တက္ပါေစ သတည္း။
#crd_to_owner
#ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)