Local News

ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ် Seemore…..

နေတု (Sundog)
ကျနော်တို့ နေထိုင်တဲ့ နေအဖွဲ့အစည်းမှာ နေ ဆိုတဲ့ မိခင်ကြယ်ဟာ တစ်လုံးတည်းသာရှိပါတယ်။ အကယ်၍ နှစ်လုံး သုံးလုံး မြင်နေရပြီဆိုလျှင်တော့.. နေတု များသာ ဖြစ်ပေလိမ့်မည်။ နေတု ကို အင်္ဂလိပ်လို Sundog, Mock sun (သို့မဟုတ်) Parhelion လို့ ခေါ်ကြပါတယ်။

၂၀၂၂ခု နိုဝင်ဘာလ ၂၅ ရက်နေ့မနက်က ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုပေါ်လာခြင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ကြလို့ အာကာသနှင့် စကြဝဠာ သင်ထောက်ကူ စာမျက်နှာမှာ လာရောက် မေးမြန်းထားကြပါတယ်။ တကယ်တော့.. နေတုများဟာ ကြည့်ရှုသူနေရာကကြည့်လျှင်

မူလနေရဲ့ ၂၂ ဒီဂရီ အကွာအဝေးလောက်မှာ ရှိနေတတ်ကြပါတယ်။ ဒါဟာ ကမ္ဘာ့လေထုထဲမှာ ရှိနေတဲ့ မှန်ချပ်လို ရေခဲမှုန်လေးများရဲ့ အလင်းပြန်မှု၊ အလင်းယိုင်မှုကြောင့် ဖြစ်ရပါတယ်။ ရေမှုန်ရေခဲများဟာ မိုးရွာပြီးစ (သို့မဟုတ်) မိုးရွာသွန်းမည့် တိမ်တိုက်ထဲမှာ ရှိနေကြပါတယ်။

မိုးလေဝသအခြေအနေကို ပြန်ကြည့်လိုက်တော့.. ကပ္ပလီပင်လယ်ပြင်မှာ အခုရက်ပိုင်း လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေပြီး တိမ်အသင့်အတင့် ထူထပ်ကာ မြန်မာပြည် တောင်ဘက်ခြမ်းက မွန်၊ တနင်္သာရီကမ်းရိုးတန်းတလျောက် မိုးရွာသွန်းလျက် ရှိနေပါတယ်။ ဒီတော့.. သုံးသပ်ကြည့်လျှင် လေထုထဲ ရေခိုးရေငွေ့တွေ တည်ရှိနေတဲ့ ဇင်းကျိုက်တောင်အနီးမှာ ယခုလို နေတုဖြစ်စဉ် ပေါ်လာခြင်းက ဆန်းလိမ့်မည် မထင်ပါ။

နေထီးဆောင်းခြင်း၊ နေတုပေါ်ထွက်ခြင်း၊ သက်တံဖြစ်ပေါ်ခြင်းတို့ဟာ နေရဲ့ အလင်းရောင်နဲ့ လေထုထဲက အလင်းပြန်နိုင်တဲ့ ရေမှုန်ရေခဲတွေ ထိတွေ့ခြင်းကြောင့် ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်များသာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို အခြေခံပညာ အလယ်တန်း သိပ္ပံသင်ခန်းစာများမှာ ပရစ်စင် (သုံးမြှောင့်ဖန်တုံး) ဖြင့် လက်တွေ့စမ်းသပ်ပြီး ကျနော်တို့ လေ့လာသင်ယူခဲ့ကြပါတယ်။
အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

zawgyi

ေနတု (Sundog)

က်​ေနာ္တို႔ ​ေနထိုင္တဲ့ ​ေနအဖြဲ႕အစည္းမွာ ​ေန ဆိုတဲ့ မိခင္ၾကယ္ဟာ တစ္လုံးတည္းသာရွိပါတယ္။ အကယ္၍ ႏွစ္လုံး သုံးလုံး ျမင္​ေနရၿပီဆိုလွ်င္​ေတာ့.. ​ေနတု မ်ားသာ ျဖစ္​ေပလိမ့္မည္။ ​ေနတု ကို အဂၤလိပ္လို Sundog, Mock sun (သို႔မဟုတ္) Parhelion လို႔ ​ေခၚၾကပါတယ္။

၂၀၂၂ခု ႏိုဝင္ဘာလ ၂၅ ရက္​ေန႔မနက္က ဇင္းက်ိဳက္​ေတာင္အနီးမွာ ယခုလို ​ေနတု​ေပၚလာျခင္း ျဖစ္စဥ္ကို ျမင္​ေတြ႕ခဲ့ၾကလို႔ အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ စာမ်က္ႏွာမွာ လာ​ေရာက္ ​ေမးျမန္းထားၾကပါတယ္။ တကယ္​ေတာ့.. ​ေနတုမ်ားဟာ ​ၾကည့္ရႈသူ​ေနရာကၾကည့္လွ်င္ မူလ​ေနရဲ႕ ၂၂ ဒီဂရီ အကြာအ​ေဝး​ေလာက္မွာ ရွိ​ေနတတ္ၾကပါတယ္။ ဒါဟာ ​ကမာၻ႔​ေလထုထဲမွာ ရွိ​ေနတဲ့ မွန္ခ်ပ္လို ​ေရခဲမႈန္​ေလးမ်ားရဲ႕ အလင္းျပန္မႈ၊ အလင္းယိုင္မႈ​ေၾကာင့္ ျဖစ္ရပါတယ္။ ​ေရမႈန္​ေရခဲမ်ားဟာ မိုး႐ြာၿပီးစ (သို႔မဟုတ္) မိုး႐ြာသြန္းမည့္ တိမ္တိုက္ထဲမွာ ရွိ​ေနၾကပါတယ္။

မိုး​ေလဝသအ​ေျခအ​ေနကို ျပန္ၾကည့္လိုက္​ေတာ့.. ကပၸလီပင္လယ္ျပင္မွာ အခုရက္ပိုင္း ​ေလ​ေပြလႈိင္းတစ္ခု ျဖစ္​ေပၚ​ေနၿပီး တိမ္အသင့္အတင့္ ထူထပ္ကာ ျမန္မာျပည္ ​ေတာင္ဘက္ျခမ္းက မြန္၊ တနသၤာရီကမ္း႐ိုးတန္းတ​ေလ်ာက္ မိုး႐ြာသြန္းလ်က္ ရွိ​ေနပါတယ္။ ဒီ​ေတာ့.. သုံးသပ္ၾကည့္လွ်င္ ​ေလထုထဲ ​ေရခိုး​ေရ​ေငြ႕​ေတြ တည္ရွိ​ေနတဲ့ ဇင္းက်ိဳက္​ေတာင္အနီးမွာ ယခုလို ​ေနတု​ျဖစ္စဥ္ ​ေပၚလာျခင္းက ဆန္းလိမ့္မည္ မထင္ပါ။

​ေနထီး​ေဆာင္းျခင္း၊ ​ေနတု​ေပၚထြက္ျခင္း၊ သက္တံျဖစ္​ေပၚျခင္းတို႔ဟာ ​ေနရဲ႕ အလင္း​ေရာင္နဲ႔ ​ေလထုထဲက အလင္းျပန္ႏိုင္တဲ့ ​ေရမႈန္​ေရခဲ​ေတြ ထိ​ေတြ႕ျခင္း​ေၾကာင့္ ျဖစ္လာတဲ့ သဘာဝျဖစ္စဥ္မ်ားသာ ျဖစ္ပါတယ္။

ဒီအ​ေၾကာင္း​ေတြကို အ​ေျခခံပညာ အလယ္တန္း သိပၸံသင္ခန္းစာမ်ားမွာ ပရစ္စင္ (သုံး​ေျမႇာင့္ဖန္တုံး) ျဖင့္ လက္​ေတြ႕စမ္းသပ္ၿပီး က်​ေနာ္တို႔ ​ေလ့လာသင္ယူခဲ့ၾကပါတယ္။
အနာဂတ္ပညာ​ေရးအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Credit