Knowledge

ယောကျာ်းတစ်ယောက်ရဲ့ကစားတာကိုမခံရဖို့ မိန်းကလေးတိုင်းသိထားသင့်တဲ့အချက်များ

မိန်းကလေးတွေအနေနဲ့ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာတဲ့အခါ သူဟာ ကိုယ့်ကိုချစ်လို့ချဉ်းကပ်လာတာလား၊

ကိုယ့်ကိုအပျော်တွဲချင်တာလား၊ ဘာရည်ရွယ်ချက်နဲ့ကိုယ့်အနားရောက်လာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။

ဒါတွေကို သေချာနားမလည်ဘူးဆိုရင်တော့ ယောကျာ်းတစ်ယောက်ရဲ့ကစားတာကိုခံရနိုင်ပြီး ကိုယ့်ဘဝမှာကမောက်ကမတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ ယောကျာ်းတစ်ယောက်ရဲ့ ကစားတာမခံရအောင် သူကိုယ့်အနားရောက်လာတာဟာ ဘာရည်ရွယ်ချက်နဲ့ချဉ်းကပ်လာသလဲဆိုတာကို သိအောင်လုပ်ပါ။

(၁) လက်ရှိအချိန်ကိုပဲအာရုံစိုက်တာလား၊ အနာဂတ်အတွက်အစီအစဉ်ရှိသူလား

ယောကျာ်းတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာပြီဆိုရင် သူဟာ ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။

ချစ်သူရည်းစားတွေအဆင့်ရောက်ဖို့ ကြိုးစားလာပြီဆိုရင်တော့ သူရဲ့အပြုအမူတချို့ကို လေ့လာဖို့လိုပါတယ်။ သူဟာ သင်နဲ့အတူရှိတဲ့အချိန်တွေမှာပျော်ရွှင်နေတယ်၊

သူနဲ့တွေ့တဲ့အချိန်တွေမှာ သင့်ကိုပျော်အောင်ထားတယ် ဒါပေမယ့် အနာဂတ်အတွက်တော့ ဘာမှစဉ်းစားထားခြင်းမရှိဘူး၊

သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်လို့ သင်နဲ့မဆွေးနွေးဘူးဆိုရင်တော့ သင့်ကိုအပျော်သဘောနဲ့ပတ်သက်တာဖြစ်ဖို့များပါတယ်။

(၂) ကိုယ်အဆင်ပြေတဲ့အချိန်မှကိုယ့်အနားရှိတာလား၊ အချိန်တိုင်းကိုယ့်အတွက်ရှိနေတာလား

သူဟာ ဘယ်လိုအချိန်တွေမှာသင့်အနားရှိတတ်သလဲဆိုတာကြည့်ပါ။ သင်အဆင်ပြေနေတဲ့အချိန်၊ ဘာပြဿနာမှမရှိတဲ့အချိန်တွေမှ၊

ာ သင့်အနားရှိနေတတ်ပြီး အခက်အခဲတွေဖြစ်နေတဲ့အချိန်၊ ပြိုလဲနေတဲ့အချိန်မှာ ပေါ်မလာဘူးဆိုရင်တော့ အဲ့ဒီလိုလူမျိုးအတွက် အချိန်ပေးပြီး စဉ်းစားနေစရာမလိုပါဘူး။

သင်ပျော်ရွှင်တဲ့အချိန်၊ ဝမ်းနည်းတဲ့အချိန် ၊ အချိန်တွေတိုင်းသင့်အနားရှိတဲ့သူမျိုးကိုသာ ရွေးချယ်ဖို့စဉ်းစားသင့်ပါတယ်။

(၃) ကိုယ့်ကိုပြောင်းလဲချင်သလား၊ ကိုယ့်ရဲ့အရှိအတိုင်းလက်ခံသလား

သင့်ရဲ့နဂိုပုံစံကိုလက်ခံပြီးချစ်တဲ့သူက သင့်ကိုတကယ်ချစ်တဲ့သူဖြစ်ပြီး သင့်ရဲ့နဂိုပုံစံကိုပြောင်းလဲဖို့ကြိုးစားတတ်တဲ့သူက သင့်ကိုထိန်းချုပ်ချင်သူ၊

သင့်ဘဝကိုကြိုးကိုင်ချင်တဲ့သူဖြစ်ပါတယ်။ သင့်ရဲ့အမှားကိုထောက်ပြတာကိုလက်ခံသင့်ပေမယ့် သင့်ရဲ့နဂိုပုံစံကိုပြောင်းလဲဖို့ ကြိုးစားလာရင်တော့ လက်မခံသင့်ပါဘူး။

(၄) ကိုယ့်ခန္ဓာကိုယ်ကိုချစ်တာလား၊ ကိုယ့်ရဲ့အရာအားလုံးကိုချစ်တာလား

ခန္ဓာကိုယ်နဲ့အချစ်ကိုသက်သေပြခိုင်းတဲ့သူဟာ သင့်ကိုချစ်တာထက်၊ အပျော်တွဲတဲ့သူပဲဖြစ်ဖို့များပါတယ်။

လက်မထပ်ရသေးခင်မှာ နှစ်ဦးသဘောတူအတူတူနေတာ အပြစ်လို့မဆိုနိုင်ပေမယ့် ဒီလိုနည်းနဲ့သက်သေပြဖို့ မဖြစ်မနေတွန်းအားပေးလာပြီဆိုရင်တော့၊

ဒီလိုလူကိုဆက်ပြီးလက်မခံသင့်ပါဘူး။ ကိုယ့်ရဲ့အရာအားလုံးကိုခက်ခံနိုင်တဲ့သူကမှ ကိုယ့်ရဲ့တစ်ဘဝစာအတွက်သင့်တော်တဲ့သူပါ။

written by PP

Credit

Unicode