Knowledge

သည်းသည်းလှုပ် ချစ်မပြတတ်ပေမယ့် သင့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ

ကံကောင်းတဲ့ မိန်းကလေးဆိုတာ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းနဲ့အတူ တန်ဖိုးထားခြင်းကို ခံရတဲ့သူပါပဲ။

တစ်ချို့ယောကျ်ားလေးတွေက သည်းသည်းလှုပ်တော့ ချစ်မပြတတ်ပေမယ့် တကယ်တန်ဖိုးထားတယ်ဆိုတာ သူတို့ရဲ့အပြုအမူကနေတစ်ဆင့်၊

သိလို့ရပါတယ်။ သင့်ချစ်သူဟာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်အရမ်းကံကောင်းပါတယ်။(၁) သင့်အကြိုက်လိုက်တယ်

ယောကျ်ားလေး တော်တော်များများက သူတို့ပဲဆုံးဖြတ်၊ သူတို့ပဲဆုံးဖြတ်ချင်တာပါ။ ဒါပေမယ့် သင့်ချစ်သူကတော့ သင့်ကိုအလိုလိုက်တယ်၊

သင့်ဆန္ဒတွေကို လိုက်လျောပေးတယ်၊ သင့်အလိုကျ လိုက်လုပ်ပေးတယ်ဆိုရင်တော့ သင့်ကိုအရမ်းတန်ဖိုးထားလို့ပါ။

သင်ပျော်ရွှင်ဖို့က သူ့အတွက် အရေးကြီးဆုံးဖြစ်သလို၊ သင်ပျော်နေရင် သူလည်းပျော်တာကြောင့် သင့်အကြိုက်တွေကို အမြဲလိုက်ပေးနေမယ့်သူပါ။(၂) ဖြည့်ဆည်းပေးတယ်

သင့်ချစ်သူဟာ သူများတွေလို ကဗျာဆန်ချင်မှဆန်မယ် ဒါပေမယ့် သင့်အတွက် အမြဲတမ်းစဉ်းစားပေးတတ်တဲ့သူပါ။

သင်ကြိုက်တတ်တဲ့ မုန့်လေးတွေဝယ်လာပေးတာမျိုး၊ သင်လိုအပ်နေတဲ့ ပစ္စည်းကိရိယာလေးတွေ ဝယ်ပေးတာမျိုး၊

အသုံးအဆောင်လေးတွေ ဝယ်ပေးတာမျိုး မကြာခဏ လုပ်လေ့ရှိတဲ့သူပါ။ သူပေးတဲ့ပစ္စည်းလေးတွေကလည်း ကဗျာဆန်ချင်မှဆန်မယ်၊ တန်ဖိုးကြီးချင်မှကြီးမယ် ။

ဒါပေမယ့်လည်း တကယ်အသုံးလိုတဲ့၊ သင်လိုအပ်နေတဲ့ ပစ္စည်းလေးတွေ ဖြစ်နေမှာကတော့ အသေအချာပါပဲ။(၃) ရန်ဖြစ်ရင် အလျှော့ပေးတယ်

သင့်ချစ်သူဟာ သင်နဲ့ရန်ဖြစ်တဲ့အချိန်တွေ၊ ပြဿနာတက်တဲ့အချိန်တွေမှာ ငြိမ်ခံပေးတယ်၊ အလျှော့ပေးတယ်ဆိုတာ သင့်ကို သူကြောက်လို့လည်း ။

မဟုတ်ပါဘူး၊ သူမှားနေလို့လည်းမဟုတ်ပါဘူး၊ ပြောစရာစကားတွေမရှိလို့လည်း မဟုတ်ပါဘူး။ သူ့ရဲ့စကားတွေကြောင့် သင့်ကို စိတ်ဒဏ်ရာတွေ မရစေချင်လို့ဖြစ်ပါတယ်။

တစ်ခါတလေ သင်ပြောတာတော်တော် လွန်နေပြီဆိုရင်တောင် သူအတတ်နိုင်ဆုံး မတုံ့ပြန်ပဲနေမှာပါ။ အကြောင်းကတော့ သူတန်ဖိုးထားရတဲ့သင့်ကို စိတ်ဒဏ်ရာမရစေချင်လို့ပါ။

(၄) သစ္စာရှိတယ်

ယောကျ်ားတစ်ယောက်ရဲ့သစ္စာဟာ သူ့ချစ်သူကို တန်ဖိုးထားကြောင်း သက်သေပါပဲ။ ယောကျ်ားတစ်ယောက်ဟာ ဘယ်လောက်ပဲရုပ်ဆိုးဆိုး ၊

သူ့အထိုက်နဲ့သူတော့ တစ်ယောက်မဟုတ်တစ်ယောက် ရအောင်လိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း သင်နဲ့တွဲပြီးနောက်ပိုင်း ခြေမရှုပ်တော့ဘူး၊

မဖောက်ပြန်ဘူး၊ သင်စိတ်ချအောင် အမြဲနေတယ်၊ ယုံကြည်ထိုက်တဲ့သူတစ်ယောက်အဖြစ် အမြဲသစ္စာရှိတယ်ဆိုရင်တော့ သင့်ကို အရမ်းတန်ဖိုးထားလို့ပါ။(၅) ငိုအောင်မလုပ်ဘူး

သင့်ချစ်သူဟာ သင့်ကိုပျော်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ သိချင်မှသိမယ် ဒါပေမယ့်လည်း သင့်ကိုငိုအောင်တော့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။

အကြောင်းကတော့ သင်ဟာ သူ့အတွက် အရမ်းကိုအဖိုးတန်တဲ့ သူတစ်ယောက်ဖြစ်သလို၊ သင့်ကိုဝမ်းနည်းစေမယ့် အရာတွေ၊

စိတ်ထိခိုက်စေမယ့်အရာတွေကို ဘယ်တော့မှလုပ်မှာမဟုတ်တဲ့သူပါ။ အကြောင်းကတော့ သင့်ကို သူအရမ်းတန်ဖိုးထားလို့ပါ။

Credit

Unicodeဖြင့်ဖတ်ရန်

သည်းသည်းလှုပ် ချစ်မပြတတ်ပေမယ့် သင့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ

ကံကောင်းတဲ့ မိန်းကလေးဆိုတာ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းနဲ့အတူ တန်ဖိုးထားခြင်းကို ခံရတဲ့သူပါပဲ။

တစ်ချို့ယောကျ်ားလေးတွေက သည်းသည်းလှုပ်တော့ ချစ်မပြတတ်ပေမယ့် တကယ်တန်ဖိုးထားတယ်ဆိုတာ သူတို့ရဲ့အပြုအမူကနေတစ်ဆင့် ၊

သိလို့ရပါတယ်။ သင့်ချစ်သူဟာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်အရမ်းကံကောင်းပါတယ်။(၁) သင့်အကြိုက်လိုက်တယ်

ယောကျ်ားလေး တော်တော်များများက သူတို့ပဲဆုံးဖြတ်၊ သူတို့ပဲဆုံးဖြတ်ချင်တာပါ။ ဒါပေမယ့် သင့်ချစ်သူကတော့ သင့်ကိုအလိုလိုက်တယ်၊

သင့်ဆန္ဒတွေကို လိုက်လျောပေးတယ်၊ သင့်အလိုကျ လိုက်လုပ်ပေးတယ်ဆိုရင်တော့ သင့်ကိုအရမ်းတန်ဖိုးထားလို့ပါ။

သင်ပျော်ရွှင်ဖို့က သူ့အတွက် အရေးကြီးဆုံးဖြစ်သလို၊ သင်ပျော်နေရင် သူလည်းပျော်တာကြောင့် သင့်အကြိုက်တွေကို အမြဲလိုက်ပေးနေမယ့်သူပါ။(၂) ဖြည့်ဆည်းပေးတယ်

သင့်ချစ်သူဟာ သူများတွေလို ကဗျာဆန်ချင်မှဆန်မယ် ဒါပေမယ့် သင့်အတွက် အမြဲတမ်းစဉ်းစားပေးတတ်တဲ့သူပါ။

သင်ကြိုက်တတ်တဲ့ မုန့်လေးတွေဝယ်လာပေးတာမျိုး၊ သင်လိုအပ်နေတဲ့ ပစ္စည်းကိရိယာလေးတွေ ဝယ်ပေးတာမျိုး၊

အသုံးအဆောင်လေးတွေ ဝယ်ပေးတာမျိုး မကြာခဏ လုပ်လေ့ရှိတဲ့သူပါ။ သူပေးတဲ့ပစ္စည်းလေးတွေကလည်း ကဗျာဆန်ချင်မှဆန်မယ်၊ တန်ဖိုးကြီးချင်မှကြီးမယ်၊

ဒါပေမယ့်လည်း တကယ်အသုံးလိုတဲ့၊ သင်လိုအပ်နေတဲ့ ပစ္စည်းလေးတွေ ဖြစ်နေမှာကတော့ အသေအချာပါပဲ။(၃) ရန်ဖြစ်ရင် အလျှော့ပေးတယ်

သင့်ချစ်သူဟာ သင်နဲ့ရန်ဖြစ်တဲ့အချိန်တွေ၊ ပြဿနာတက်တဲ့အချိန်တွေမှာ ငြိမ်ခံပေးတယ်၊ အလျှော့ပေးတယ်ဆိုတာ သင့်ကို သူကြောက်လို့လည်း ၊

မဟုတ်ပါဘူး၊ သူမှားနေလို့လည်းမဟုတ်ပါဘူး၊ ပြောစရာစကားတွေမရှိလို့လည်း မဟုတ်ပါဘူး။ သူ့ရဲ့စကားတွေကြောင့် သင့်ကို စိတ်ဒဏ်ရာတွေ မရစေချင်လို့ဖြစ်ပါတယ်။

တစ်ခါတလေ သင်ပြောတာတော်တော် လွန်နေပြီဆိုရင်တောင် သူအတတ်နိုင်ဆုံး မတုံ့ပြန်ပဲနေမှာပါ။ အကြောင်းကတော့ သူတန်ဖိုးထားရတဲ့သင့်ကို စိတ်ဒဏ်ရာမရစေချင်လို့ပါ။

(၄) သစ္စာရှိတယ်

ယောကျ်ားတစ်ယောက်ရဲ့သစ္စာဟာ သူ့ချစ်သူကို တန်ဖိုးထားကြောင်း သက်သေပါပဲ။ ယောကျ်ားတစ်ယောက်ဟာ ဘယ်လောက်ပဲရုပ်ဆိုးဆိုး ၊

သူ့အထိုက်နဲ့သူတော့ တစ်ယောက်မဟုတ်တစ်ယောက် ရအောင်လိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း သင်နဲ့တွဲ

ပြီးနောက်ပိုင်း ခြေမရှုပ်တော့ဘူး၊ မဖောက်ပြန်ဘူး၊ သင်စိတ်ချအောင် အမြဲနေတယ်၊ ယုံကြည်ထိုက်တဲ့သူတစ်ယောက်အဖြစ် အမြဲသစ္စာရှိတယ်ဆိုရင်တော့ သင့်ကို အရမ်းတန်ဖိုးထားလို့ပါ။(၅) ငိုအောင်မလုပ်ဘူး