Knowledge

ကိုယ့်အနားက ဘယ်တော့မှ စွန့်ခွာ မသွားမယ့် ချစ်သူဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ

အချစ်တွေဆိုတာ ရှိနေကြပေမယ့်လည်း အချစ်တွေ သက်တမ်းကုန်သွားတဲ့အခါ ကိုယ့်ဆီကနေ စွန့်ခွာသွားတတ်ကြတာပါပဲ။

အချစ်တွေ ကုန်သွားလို့ လမ်းခွဲရတဲ့သူတွေ ရှိသလို အချစ်တွေ ခိုင်ခိုင်မြဲမြဲနဲ့ ကိုယ့်အနားက စွန့်ခွာမသွားဘဲ ချစ်ပေးကြတဲ့သူတွေလည်း ရှိပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်တော့မှ စွန့်ခွာမသွားဘဲ အတူရှိနေပေးမယ့်သူဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။

(၁) သင့်ကို မငြိုငြင်ဘူး

ကိုယ့်ကို တကယ်ချစ်တဲ့သူတွေက ကိုယ့်ရဲ့ အဆိုးတွေကို သိရင်တောင် ဆိုးတဲ့ အချက်တွေလို့ပဲ လက်ခံလိုက်ပြီး ငြိုငြင်မှုတွေ မရှိတဲ့သူ ဖြစ်ပါတယ်။

သင့်မှာ ရှိနေတဲ့ အချက်တွေအတွက် စိတ်ဆိုးရင်ပဲ စိတ်ဆိုးမယ်၊ ငြိုငြင်ပြီး သင့်ကို ရှောင်ခွာ မနေတတ်ကြပါဘူး။

ကိုယ့်ရဲ့ အရာတွေအတွက် ကိုယ့်ကို မငြိုငြင်တဲ့သူဆိုတာ ကိုယ့်ကို ထားသွားဖို့ စိတ်ကူးထဲတောင် မရှိလို့ပဲ ဖြစ်ပါတယ်။

(၂) မိသားစုလို ဖြစ်နေမယ်

ချစ်သူဆိုတာ သူစိမ်းနှစ်ဦးက အချစ်တွေနဲ့ ရင်းနှီးသွားကြရင်း ဘဝကို အတူ ဖြတ်သန်းကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ သူစိမ်းနှစ်ဦးက အချိန်အကြာကြီး အဆင်ပြေဖို့ဆိုရင် တည်ဆောက်ရမှာတွေ အများကြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ်နဲ့ စိမ်းတဲ့သူလို့ မခံစားရတော့ဘဲ ကိုယ့်ရဲ့ မိသားစုဝင်လို ကိုယ့်ကို နွေးထွေးမှုတွေ ဖြစ်စေတဲ့သူ၊

မိသားစုလို ဂရုစိုက်မှုတွေ ပေးတဲ့သူဆိုရင် သင်တို့က တော်ရုံနဲ့ ခွဲခွာဖြစ်မယ့်သူတွေ မဟုတ်ပါဘူး။

(၃) သူ့အကြောင်း ထိန်ချန်မထားဘူး

ယောင်္ကျားလေးတွေ အများစုက သူတို့အကြောင်းကို ရည်းစားတိုင်းကို ထုတ်ပြောလေ့ ရှိတဲ့သူတွေ မဟုတ်ပါဘူး။

သူ့အကြောင်းကို ထိန်ချန်မထားဘဲ သူ့စိတ်ညစ်တဲ့အရာတွေကို သင့်ကို ထုတ်ပြောတယ်ဆိုရင်တော့ သင့်ချစ်သူက သင့်ကို အတည် လက်တွဲချင်တဲ့သူမို့ ပြောပြတယ် ဆိုတာပါပဲ။

(၄) ကိုယ်ပျော်ဖို့ ကြိုးစားပေးတယ်

ကောင်လေးတွေက ကိုယ့်ချစ်သူကို ချော့တယ်ဆိုတာ သဘာဝပဲ ဆိုပေမယ့် ကိုယ် တစ်ဘဝလုံး လက်တွဲချင်မိအောင်ကို ချစ်မိတဲ့ မိန်းကလေးကိုတော့ ပျော်အောင် ဖန်တီးပေးချင်တတ်ကြပါတယ်။

အသေးအဖွဲ့ကနေ သူတို့ တတ်နိုင်တဲ့အထိ အရာရာ သင့်အတွက် စဉ်းစားပေးပြီး သင် ပျော်ဖို့ ကြိုးစားပေးနေတာကို ၊

သင် မြင်ရတယ်ဆိုရင် ဒီချစ်သူမျိုးက သင့်ကို ထားသွားဖို့ တွေးမယ့်သူ မဟုတ်ပါဘူးနော်။

(၅) ကိုယ့်အကျင့်တွေကို အလွတ်ရနေမယ်

ယောင်္ကျားလေးတွေရဲ့ သဘာဝက သူတို့ စိတ်ဝင်စားတဲ့အရာကလွဲရင် ကိုယ့်ရည်းစားအကြောင်းတွေတောင် မှတ်မိတတ်တဲ့သူမျိုး မဟုတ်ပါဘူး။

ကိုယ့်သားသမီးရဲ့ မွေးနေ့ကိုတောင် မသိတဲ့ ဖခင်တွေလည်း အများကြီးပါပဲ။

ဆိုလိုတာက ယောင်္ကျားလေးတွေက မိန်းကလေးတွေလို အသေးအဖွဲ့ အရာတွေကို အလွယ်တကူ မှတ်မိကြတဲ့သူတွေ မဟုတ်ဘူးဆိုတာပါပဲ။

ဒါပေမယ့် သင့်ချစ်သူ ကောင်လေးက သင့်ရဲ့ စားသောက်တဲ့အခါ ရှိနေတဲ့အကျင့်တွေ၊ သင်ကြိုက်တတ်တဲ့ အဝတ်အစားပုံစံတွေနဲ့ ၊

သင် မကြိုက်တဲ့အရာတွေကိုပါ မှတ်မိနေတယ်ဆို၊ရင် သင့်ကို ထားသွားဖို့ မဖြစ်နိုင်တဲ့သူ ဖြစ်ပါတယ်။

Kham

Credit

unicode

ကိုယ့်အနားက ဘယ်တော့မှ စွန့်ခွာ မသွားမယ့် ချစ်သူဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ

အချစ်တွေဆိုတာ ရှိနေကြပေမယ့်လည်း အချစ်တွေ သက်တမ်းကုန်သွားတဲ့အခါ ကိုယ့်ဆီကနေ စွန့်ခွာသွားတတ်ကြတာပါပဲ။

အချစ်တွေ ကုန်သွားလို့ လမ်းခွဲရတဲ့သူတွေ ရှိသလို အချစ်တွေ ခိုင်ခိုင်မြဲမြဲနဲ့ ကိုယ့်အနားက စွန့်ခွာမသွားဘဲ ချစ်ပေးကြတဲ့သူတွေလည်း ရှိပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်တော့မှ စွန့်ခွာမသွားဘဲ အတူရှိနေပေးမယ့်သူဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။

(၁) သင့်ကို မငြိုငြင်ဘူး

ကိုယ့်ကို တကယ်ချစ်တဲ့သူတွေက ကိုယ့်ရဲ့ အဆိုးတွေကို သိရင်တောင် ဆိုးတဲ့ အချက်တွေလို့ပဲ လက်ခံလိုက်ပြီး ငြိုငြင်မှုတွေ မရှိတဲ့သူ ဖြစ်ပါတယ်။

သင့်မှာ ရှိနေတဲ့ အချက်တွေအတွက် စိတ်ဆိုးရင်ပဲ စိတ်ဆိုးမယ်၊ ငြိုငြင်ပြီး သင့်ကို ရှောင်ခွာ မနေတတ်ကြပါဘူး။

ကိုယ့်ရဲ့ အရာတွေအတွက် ကိုယ့်ကို မငြိုငြင်တဲ့သူဆိုတာ ကိုယ့်ကို ထားသွားဖို့ စိတ်ကူးထဲတောင် မရှိလို့ပဲ ဖြစ်ပါတယ်။

(၂) မိသားစုလို ဖြစ်နေမယ်

ချစ်သူဆိုတာ သူစိမ်းနှစ်ဦးက အချစ်တွေနဲ့ ရင်းနှီးသွားကြရင်း ဘဝကို အတူ ဖြတ်သန်းကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ သူစိမ်းနှစ်ဦးက အချိန်အကြာကြီး အဆင်ပြေဖို့ဆိုရင် တည်ဆောက်ရမှာတွေ အများကြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ်နဲ့ စိမ်းတဲ့သူလို့ မခံစားရတော့ဘဲ ကိုယ့်ရဲ့ မိသားစုဝင်လို ကိုယ့်ကို နွေးထွေးမှုတွေ ဖြစ်စေတဲ့သူ၊

မိသားစုလို ဂရုစိုက်မှုတွေ ပေးတဲ့သူဆိုရင် သင်တို့က တော်ရုံနဲ့ ခွဲခွာဖြစ်မယ့်သူတွေ မဟုတ်ပါဘူး။

(၃) သူ့အကြောင်း ထိန်ချန်မထားဘူး

ယောင်္ကျားလေးတွေ အများစုက သူတို့အကြောင်းကို ရည်းစားတိုင်းကို ထုတ်ပြောလေ့ ရှိတဲ့သူတွေ မဟုတ်ပါဘူး။

သူ့အကြောင်းကို ထိန်ချန်မထားဘဲ သူ့စိတ်ညစ်တဲ့အရာတွေကို သင့်ကို ထုတ်ပြောတယ်ဆိုရင်တော့ သင့်ချစ်သူက သင့်ကို အတည် လက်တွဲချင်တဲ့သူမို့ ပြောပြတယ် ဆိုတာပါပဲ။

(၄) ကိုယ်ပျော်ဖို့ ကြိုးစားပေးတယ်

ကောင်လေးတွေက ကိုယ့်ချစ်သူကို ချော့တယ်ဆိုတာ သဘာဝပဲ ဆိုပေမယ့် ကိုယ် တစ်ဘဝလုံး လက်တွဲချင်မိအောင်ကို ချစ်မိတဲ့ မိန်းကလေးကိုတော့ ပျော်အောင် ဖန်တီးပေးချင်တတ်ကြပါတယ်။

အသေးအဖွဲ့ကနေ သူတို့ တတ်နိုင်တဲ့အထိ အရာရာ သင့်အတွက် စဉ်းစားပေးပြီး သင် ပျော်ဖို့ ကြိုးစားပေးနေတာကို

သင် မြင်ရတယ်ဆိုရင် ဒီချစ်သူမျိုးက သင့်ကို ထားသွားဖို့ တွေးမယ့်သူ မဟုတ်ပါဘူးနော်။

(၅) ကိုယ့်အကျင့်တွေကို အလွတ်ရနေမယ်

ယောင်္ကျားလေးတွေရဲ့ သဘာဝက သူတို့ စိတ်ဝင်စားတဲ့အရာကလွဲရင် ကိုယ့်ရည်းစားအကြောင်းတွေတောင် မှတ်မိတတ်တဲ့သူမျိုး မဟုတ်ပါဘူး။

ကိုယ့်သားသမီးရဲ့ မွေးနေ့ကိုတောင် မသိတဲ့ ဖခင်တွေလည်း အများကြီးပါပဲ။

ဆိုလိုတာက ယောင်္ကျားလေးတွေက မိန်းကလေးတွေလို အသေးအဖွဲ့ အရာတွေကို အလွယ်တကူ မှတ်မိကြတဲ့သူတွေ မဟုတ်ဘူးဆိုတာပါပဲ။

ဒါပေမယ့် သင့်ချစ်သူ ကောင်လေးက သင့်ရဲ့ စားသောက်တဲ့အခါ ရှိနေတဲ့အကျင့်တွေ၊ သင်ကြိုက်တတ်တဲ့ အဝတ်အစားပုံစံတွေနဲ့

သင် မကြိုက်တဲ့အရာတွေကိုပါ မှတ်မိနေတယ်ဆိုရင် သင့်ကို ထားသွားဖို့ မဖြစ်နိုင်တဲ့သူ ဖြစ်ပါတယ်။

Kham

Credit