ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ဆံကေသာလေးက လှပနေတဲ့အခါ မိန်းကလေးတစ်ယောက်ရဲ့ အလှဟာ ပိုပြီးတော့ ထင်ရှားပေါ်လွင်ပါတယ်။
ဓာတုပစ္စည်းတွေ၊ နေဒဏ်၊ လေဒဏ်၊ ဖုန်ဒဏ်တွေကြောင့် ဆံပင်တွေပျက်စီးကြမ်းတမ်းပြီး မရှည်နိုင်တာ၊ ဖွာတာ၊ အဖျားနှစ်ခွဖြစ်ပြီး ပြတ်ကျတာမျိုးတွေဖြစ်လာတဲ့အခါ သင့်ကို အကျည်းတန်သွားစေပါတယ်။
ခုဖော်ပြပေးမှာကတော့ ဆံပင်နဲ့ဦးရေပြားထဲက အဆိပ်တွေအားလုံးကို ထုတ်ပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
ဒီနည်းလမ်းလေးတွေကို ပုံမှန်လေးပြုလုပ်ပေးသွားရင် ကျန်းမာသန်စွမ်းပြီး လှပတဲ့ ဆံကေသာလေးတွေကို ပိုင်ဆိုင်ရမှာပါ။
(၁) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုန့်ဆိုဒါကို ၁ဇွန်းကို ရေနွေးတစ်ခွက်ထဲထည့်ပြီး သေသေချာချာရောမွှေကာ အအေးခံလိုက်ပါ။
သင့်ဆံပင်တွေကို စိုသွားအောင် ရေနဲ့လောင်းလိုက်ပါ။
ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါရည်ကို ဆံံပင်နဲ့ဦးရေပြားမှာလောင်းပေးပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ နှိပ်နယ်ပေးလိုက်ပါ။
ပြီးရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပြီး ပျော့ဆေးထည့်ပေးကာ မိနစ်အနည်းငယ်အကြာမှာ ဆေးကြောပေးလိုက်ရုံပါပဲ။
(၂) ပန်းသီးရှာလကာ
ပန်းသီးရှာလကာရည် ခွက်တစ်ခွက်၏ ၄ပုံ၁ပုံ
ရေ ၂ခွက်
ပါဝင်ပစ္စည်းတွေကို သေသေချာချာရောမွှေလိုက်ပါ။
ပုံမှန်ခေါင်းလျှော်နေကြအတိုင်းလျှော်ပြီး ရေစင်အောင်ဆေးကာ နောက်ဆုံးမှာ ပန်းသီးရှာလကာရည်နဲ့ လောင်းပေးရုံပါပဲ။ ရေပြန်ဆေးစရာမလိုပါဘူး။
(၃) ဆား
ခေါင်းလျှော်ရည်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခေါင်းလျှော်ပေးခြင်းဖြင့် ဦးရေပြားနဲ့ ဆံပင်ထဲက အဆိပ်အတောက်တွေကို ပြေလျော့စေပြီး ဆံပင်ကို ကျန်းမာသန်စွမ်းလာစေပါတယ်။
(၄) သံပုယိုနဲ့သခွားသီး
သံပုယို ၁လံုး
သခွားသီး(အသေး) တစ်လုံး
ကြိုက်နှစ်သက်ရာအဆီ အနည်းငယ်
သံပုယိုရည်ကို ညှစ်ပြီး သခွားသီးကို ပါးပါးလှီးကာ ရောမွှေလိုက်ပါ။
ကြိုက်နှစ်သက်ရာဆီတစ်ခုခုကို ရောပြီး ခေါင်းလျှော်ရည်လိုပဲ အသုံးပြုပေးလိုက်ပါ။
(၅) ကင်ပွန်းသီး
ကင်ပွန်းသီးကို နေပူလှန်းအခြောက်ခံပြီး အမှုန့်ကြိတ်လိုက်ပါ။ ရလာတဲ့အမှုန့်ကို ရေရောပြီး ရလာတဲ့အရည်နဲ့ ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်။
Credit
Unicode
ဆံပင်နဲ့ဦးရေပြားထဲက အဆိပ်တွေအားလုံးကို ထုတ်ပေးမယ့် အိမ်တွင်းနည်းလမ်းများ
ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ဆံကေသာလေးက လှပနေတဲ့အခါ မိန်းကလေးတစ်ယောက်ရဲ့ အလှဟာ ပိုပြီးတော့ ထင်ရှားပေါ်လွင်ပါတယ်။
ဓာတုပစ္စည်းတွေ၊ နေဒဏ်၊ လေဒဏ်၊ ဖုန်ဒဏ်တွေကြောင့် ဆံပင်တွေပျက်စီးကြမ်းတမ်းပြီး မရှည်နိုင်တာ၊ ဖွာတာ၊
အဖျားနှစ်ခွဖြစ်ပြီး ပြတ်ကျတာမျိုးတွေဖြစ်လာတဲ့အခါ သင့်ကို အကျည်းတန်သွားစေပါတယ်။
ခုဖော်ပြပေးမှာကတော့ ဆံပင်နဲ့ဦးရေပြားထဲက အဆိပ်တွေအားလုံးကို ထုတ်ပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
ဒီနည်းလမ်းလေးတွေကို ပုံမှန်လေးပြုလုပ်ပေးသွားရင် ကျန်းမာသန်စွမ်းပြီး လှပတဲ့ ဆံကေသာလေးတွေကို ပိုင်ဆိုင်ရမှာပါ။
(၁) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုန့်ဆိုဒါကို ၁ဇွန်းကို ရေနွေးတစ်ခွက်ထဲထည့်ပြီး သေသေချာချာရောမွှေကာ အအေးခံလိုက်ပါ။
သင့်ဆံပင်တွေကို စိုသွားအောင် ရေနဲ့လောင်းလိုက်ပါ။
ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါရည်ကို ဆံံပင်နဲ့ဦးရေပြားမှာလောင်းပေးပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ နှိပ်နယ်ပေးလိုက်ပါ။
ပြီးရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပြီး ပျော့ဆေးထည့်ပေးကာ မိနစ်အနည်းငယ်အကြာမှာ ဆေးကြောပေးလိုက်ရုံပါပဲ။
(၂) ပန်းသီးရှာလကာ
ပန်းသီးရှာလကာရည် ခွက်တစ်ခွက်၏ ၄ပုံ၁ပုံ
ရေ ၂ခွက်
ပါဝင်ပစ္စည်းတွေကို သေသေချာချာရောမွှေလိုက်ပါ။
ပုံမှန်ခေါင်းလျှော်နေကြအတိုင်းလျှော်ပြီး ရေစင်အောင်ဆေးကာ နောက်ဆုံးမှာ ပန်းသီးရှာလကာရည်နဲ့ လောင်းပေးရုံပါပဲ။ ရေပြန်ဆေးစရာမလိုပါဘူး။
(၃) ဆား
ခေါင်းလျှော်ရည်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခေါင်းလျှော်ပေးခြင်းဖြင့် ဦးရေပြားနဲ့ ဆံပင်ထဲက အဆိပ်အတောက်တွေကို ပြေလျော့စေပြီး ဆံပင်ကို ကျန်းမာသန်စွမ်းလာစေပါတယ်။
(၄) သံပုယိုနဲ့သခွားသီး
သံပုယို ၁လုံး