Local News

Facebook မှာ အတော်နာမည်ကြီးသွားတဲ့ ပုံတစ်ပုံရဲ့ ဖြစ်ရပ်မှန်အကြောင်းရင်းအား ပြန်ပြောပြလာတဲ့ ဦးဇင်းလူထွက်တစ်ဦး

Facebook မှာ အတော်နာမည်ကြီးသွားတဲ့ ပုံတစ်ပုံရဲ့ ဖြစ်ရပ်မှန်အကြောင်းရင်းအား ပြန်ပြောပြလာတဲ့ ဦးဇင်းလူထွက်တစ်ဦး

   

လွန်ခဲ့တဲ့ တစ်ပတ်လောက်က Facebook ပေါ်တွင် လူထုလှုပ်ရှားမှုတွေမှာ အတူဆန္ဒပြခဲ့တဲ့ စုံတွဲတစ်တွဲဟာ လက်ရှိအချိန်မှာ ၊

လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းသင်ကြားနေကြတဲ့ ပုံဆိုပြီး ဓာတ်ပုံတစ်ပုံ တက်လာခဲ့တာ ဖြစ်ပါတယ်။

   

ဒီပုံလေးဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေးကို နာမည်ကြီးခဲ့ပြီး ပြည်သူများက ဒီလိုရဲစွမ်းသတ္တိရှိတဲ့လူငယ်လေးတွေအတွက် လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းက ဦးဇင်းအဖြစ်မှလူထွက်ပြီး လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေသူတစ်ဦးမှ ဒီပုံနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်ကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

   

အမှန်တကယ်တော့ ဒီဓာတ်ပုံထဲက လူနှစ်ယောက်ဟာ စုံတွဲတွေ မဟုတ်ကြပါဘူး။ နွေဦးတော်လှန်ရေးမှာယောကျာ်းလေးတွေသာမက မိန်းကလေးများပါ စစ်မေ စစ်သည်အဖြစ် ၊

တောခိုတော်လှန်ရေးမှာ ပါဝင်လာပြီဆိုတဲ့အသိလေး ပေးချင်တဲ့အတွက် ရဲဘော်မလေးနဲ့ အတူ ဓာတ်ပုံတွဲရိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့ အတွဲနဲ့ တူတယ်ဆိုပြီး Facebook ပေါ် နာမည်ကြီးနေချိန်တုန်းက လုံခြုံရေးအရ ငြိမ်နေရတာမို့ ထုတ်မပြောရခြင်းဖြစ်ပြီး အခုမှပြန်လည်ရှင်းပြတာ ဖြစ်ကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။

   

ဒါ့အပြင် လက်နက်ကိုင်ပြီး တောခိုမှတော်လှန်ရေးမဟုတ်ဘဲ အာဏာရှင် အမိန့်မှန်သမျှ ဆန့်ကျင် ကန့်ကွက်နေသရွေ့၊

တော်လှန်ရေးတွင် ကိုယ်တိုင်ပါဝင်နေတယ်လို့ မှတ်ယူသင့်ကြောင်း ပြောထားပါသေးတယ်။

တစ်ဖက်ကို နာကျည်း မုန်းတီး နေရုံနဲ့တင် မရဘဲ ထိုနာကျည်းဝမ်းနည်းမှုတွေကို ယုံကြည်မှုအဖြစ် ပြောင်းလဲနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ပိုပြီး မြန်ဆန်မှာ ဖြစ်ပါတယ်။

   

အာဏာရှင် ပြုတ်ကျဖို့ ဆန့်ကျင်မှု မှန်သမျှ ငါရှိမှငါပါမှ အနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ပြင်းထန်သင့်ကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ဖို့အတွက် ကျရာနေရာကနေ ပါဝင်ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားရင်းဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit