Local News

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် သရုပ်ဆောင်ခန့်စည်သူတာဝန်ယူပြီးနောက် အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်များ

မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌအဖြစ် သရုပ်ဆောင်ခန့်စည်သူက တာဝန်ယူဆောက်ရွက်မယ့်အကြောင်၊

း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဒီကနေ့ ဇွန်လ (၄)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သရုပ်ဆောင်ခန့်စည်သူကို မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာတော့ ၊

အနုပညာရှင်အချို့ဟာ အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး  ဥက္ကဋ္ဌ  ဦးညီညီထွန်းလွင် နှုတ်ထွက်ပြီးနောက် ဥက္ကဋ္ဌ နေရာမှာ ၊

လစ်လပ်နေခဲ့တာဖြစ်ပြီး အဆိုပါ ဥက္ကဋ္ဌနေရာမှာ ခန့်စည်သူက တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်..။

ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး သရုပ်ဆောင်ခန့်စည်သူကို အခုလိုခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

အဆိုပါသတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ အနုပညာရှင်အချို့ဟာ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ ထုတ်ဖော်ပြောကြားလာပါတယ်။

သရုပ်ဆောင်တွေအပြင် ဒါရိုက်တာတွေနဲ့ အခြားသော အနုပညာရှင်တွေက အသီးသီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်..။

Credit