Knowledge

သင့် ကောင်လေး ဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ လက္ခဏာများ

အချစ်ရေး တစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။

ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။

ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ ခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ ၊

သင့်ကိုအတည်တွဲနေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ကံကောင်းပါတယ်။

(၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ်

သင့်ကိုအတည်တွဲတဲ့ ယောကျ်ားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။

သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့သူမျိုးပါ။

(၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ်

ယောကျ်ားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ။

ဒါကြောင့်မို့လို့ သင့်ချစ်သူက သင့်ကို စကားလုံးလှလှတွေ ပြောချင်မှပြောမယ်။ ဒါပေမယ့် သူ့ရဲ့အမူအရာမှာ၊ အပြုအမူမှာ ထင်ဟပ်နေတယ်ဆိုရင်တော့ သင့်ကိုအတည်တွဲနေတာဖြစ်ပါတယ်။

(၃) သင့်ပုံစံတွေကိုပြောင်းလဲဖို့ဖိအားမပေးဘူး

သူဟာသင့်ကို ကောင်းကောင်းနားလည်တဲ့သူပါ။ သင့်အားသာချက်တွေကစလို့ အားနည်းချက်အဆုံး၊ သင်နဲ့ပတ်သက်ရင် အရာအားလုံးကို နားလည်တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီး သင်မဖြစ်ချင်တဲ့ပုံစံမျိုး၊ သင့်ပုံစံမဟုတ်တာမျိုးကို အတင်းပြောင်းလဲခိုင်းဖို့ ၊

ဖိအားပေးမှာ မဟုတ်ပါဘူူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အပြင်ပန်းထက် အတွင်းစိတ်ကို ပိုချစ်တယ်ဆိုတာကို သိစေချင်လို့ပါ။

(၄) သင့်ရဲ့အဆိုးဆုံးအခြေအနေကိုမြင်ပြီးတာတောင်ပစ်မသွားဘူး

သင်ဘယ်လောက်ဆိုးတယ်၊ သင့်မှာအားနည်းချက်တွေ၊ ပြစ်ချက်တွေဘယ်လောက်များလဲဆိုတာ သူကောင်းကောင်းသိပါတယ်။ အကြောင်းရင်းကတော့ သင့်ရဲ့သရုပ်မှန်တွေအားလုံးကို သူ့ကိုသင်ပြခဲ့ပြီးဖြစ်ပါတယ်။

သင့်အကြောင်းအားလုံးကိုသိပြီး သင့်အားနည်းချက်တွေ၊ အဆိုးဆုံးအခြေအနေတွေကို မြင်ပြီးတာတောင်မှ သင့်ကိုပစ်မသွားဘူးဆိုရင် သင့်ကိုအတည်တွဲနေတာဖြစ်ပါတယ်။

Credit

Unicode

သင့် ကောင်လေး ဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ လက္ခဏာများ

အချစ်ရေး တစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။

ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။

ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ ခုဖော်ပြပေးမယ့်၊

အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ကံကောင်းပါတယ်။

(၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ်

သင့်ကိုအတည်တွဲတဲ့ ယောကျ်ားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။

သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့သူမျိုးပါ။

(၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ်

ယောကျ်ားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ။

ဒါကြောင့်မို့လို့ သင့်ချစ်သူက သင့်ကို စကားလုံးလှလှတွေ ပြောချင်မှပြောမယ်။ ဒါပေမယ့် သူ့ရဲ့အမူအရာမှာ၊ အပြုအမူမှာ ထင်ဟပ်နေတယ်ဆိုရင်တော့ သင့်ကိုအတည်တွဲနေတာဖြစ်ပါတယ်။

(၃) သင့်ပုံစံတွေကိုပြောင်းလဲဖို့ဖိအားမပေးဘူး

သူဟာသင့်ကို ကောင်းကောင်းနားလည်တဲ့သူပါ။ သင့်အားသာချက်တွေကစလို့ အားနည်းချက်အဆုံး၊ သင်နဲ့ပတ်သက်ရင် အရာအားလုံးကို နားလည်တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီး သင်မဖြစ်ချင်တဲ့ပုံစံမျိုး၊ သင့်ပုံစံမဟုတ်တာမျိုးကို အတင်းပြောင်းလဲခိုင်း၊

ဖို့ ဖိအားပေးမှာ မဟုတ်ပါဘူူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အပြင်ပန်းထက် အတွင်းစိတ်ကို ပိုချစ်တယ်ဆိုတာကို သိစေချင်လို့ပါ။

(၄) သင့်ရဲ့အဆိုးဆုံးအခြေအနေကိုမြင်ပြီးတာတောင်ပစ်မသွားဘူး

သင်ဘယ်လောက်ဆိုးတယ်၊ သင့်မှာအားနည်းချက်တွေ၊ ပြစ်ချက်တွေဘယ်လောက်များလဲဆိုတာ သူကောင်းကောင်းသိပါတယ်။

အကြောင်းရင်းကတော့ သင့်ရဲ့သရုပ်မှန်တွေအားလုံးကို သူ့ကိုသင်ပြခဲ့ပြီးဖြစ်ပါတယ်။