အသားအရေလေး နုပျိုစိုပြေလှပနေစေဖို့ သဘာဝနည်းလမ်းကောင်း
အုန်းဆီနဲ့ ဆား (သို့) သကြား
အုန်းဆီဟာ သင့်အသားအရေကို ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး သင့်အသားအရေကို စိုပြေစေပါတယ်။
ဆား (သို့) သကြား ဟာဆိုရင်လည်း ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စိုပြေစေပါတယ်။
ပါဝင်ပစ္စည်း
အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား (သို့) သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ခွက်အသေးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မိတ်ကပ်ကိုသေချာဖျက်ပေးပြီး မျက်နှာသစ်ပါ။
ပြီးရင် အခုရောထားတာကို မျက်နှာပေါ်မှာ ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပါ။
၁၅ မိနစ်ကနေ မိနစ် ၂၀ ထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။ ညအိပ်ယာမဝင်ခင်လုပ်ပေးပါ။
ဒိန်ချဉ်နဲ့ နှင်းဆီ
နှင်းဆီပန်းဟာ ပန်ဖို့တစ်ခုတည်းအသုံးပြုလို့ရတာမဟုတ်ပါဘူး။ အလှပအတွက်လည်းအသုံးပြုလို့ရပါတယ်။
နှင်းဆီပန်းကို ရေသေချာဆေးပြီး ရေဆစ်ထားပါ။ အိုးတစ်လုံးထဲကို ရေထည့်ပြီး ဆူအောင်သည်လိုက်ပါ။
ပြီးရင် နှင်းဆီပွင့်ထည့်လိုက်ပြီး ခဏကျိုထားလိုက်ပါ။ ပြီးရင်အအေးခံထားပါ။ အဲဒီနှင်းဆီရည်ကို မျက်နှာသန့်စင်ဖို့အတွက် တိုနာအနေနဲ့လည်းအသုံးပြုလို့ရပါတယ်။
အခုတော့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ နှင်းဆီရည် စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။
ပြီးရင် မိနစ် ၂၀ ကနေ ၃၀ ထိထားပြီး ရေဆေးချပေးလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

Credit