Knowledge

ကတိတွေပေးပြီး မတည်နိုင်တဲ့ ယောကျ်ားတွေရဲ့ကတိစကား(၇)မျို

အချစ်ရေးမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေဆီကနေ ကတိတွေအမျိုးမျိုးတောင်းတတ်ကြပြီး ယောကျာ်းလေးတွေကလည်း ကတိတွေအများကြီးပေးကြပါတယ်။

သူတို့တွေ ကတိတွေဘယ်လောက်ပေးပေး တချို့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကတိတွေကိုတော့ များသောအားဖြင့်မတည်နိုင်ကြတာကို၊

ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ချစ်သူက သင့်ကိုပေးပေမယ့် တည်နိုင်ဖို့ခက်တဲ့ ကတိတွေကတော့ ဒီမှာပါ။

(၁) သဝန္မတိုပါဘူးဆိုတဲ့ ကတိ

စုံတွဲတွေမှာ အဖြစ်မာျးတဲ့ပြဿနာက တစ်ယောက်နဲ့တစ်ယောက် သဝန်တိုပြီးချုပ်ချယ်တာတွေကြောင့်ပါ။

သင်ကအဲ့ဒါတွေကိုစိတ်ကုန်လို့ သင့်ချစ်သူကိုသဝန်မတိုဖို့ဘယ်လောက်ပဲပြောပြော အဲ့ဒီကတိကိုတည်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။

ဘာလို့ဆို ကိုယ့်ချစ်သူက တခြားယောကျာ်းလေးတွေနဲ့ရောနေတာကို မြင်ရရင် မနာလိုဝန်တိုစိတ်မဖြစ်တဲ့ယောကျာ်းဆိုတာ မရှိပါဘူး။သေချာပေါက် သဝန်တိုမှာပါ။

တကယ်လို့ သူ့ဘက်ကဘာမှမဖြစ်ဘူးဆိုရင် အဲ့ဒါသဘောထားကြီးလို့မဟုတ်ပါဘူး။ သင့်ကိုမချစ်လို့ပဲဖြစ်နိုင်ပါဘူး။

(၂) တခြားမိန်းကလေးတွေကို လုံးဝစိတ်မဝင်စားပါဘူးဆိုတဲ့ ကတိ

ဒါကလည်း တည်နိုင်ဖို့ သိပ်မဖြစ်နိုင်တဲ့ကတိပါ။ ယောကျာ်းလေးတစ်ယောက်က ချစ်သူရှိရက်နဲ့ဖြစ်စေ၊ ချစ်သူမရှိတဲ့အခါဖြစ်စေ၊

တခြားမိန်းကလေးတွေအပေါ်မှာ စိတ်ဝင်စားတတ်တဲ့စိတ် ရှိတတ်ကြပါတယ်။ စိတ်အလိုမလိုက်ဘဲ ချစ်သူအပေါ်သစ္စာစောင့်သိတဲ့သူနဲ့၊ သစ္စာဖောက်တဲ့သူပဲ ကွာသွားတာပါ။

တခြားမိန်းကလေးတွေနဲ့ မဖောက်ပြန်ဘူး၊သစ္စာစောင့်သိမယ်ဆိုတာကတော့ဖြစ်နိုင်ပေမယ့် မင်းကလွဲပြီး တခြားမိန်းကလေးတွေကိုလုံးဝစိတ်မဝင်စားပါဘူးဆိုတာကတော့ ဖြစ်နိုင်ချေနည်းပါတယ်တဲ့။

(၃) မင်းဘာပဲဖြစ်ဖြစ် ချစ်မှာပါဆိုတဲ့ကတိ

သင့်ချစ်သူက သင့်ကို မင်းဘယ်လိုပုံစံပဲဖြစ်ပါစေ၊ ဘယ်လိုလူပဲဖြစ်ပါစေ၊ မင်းဖြစ်နေလို့ကိုချစ်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။

အဲ့ဒီလိုပြောတာကိုမယုံနဲ့လို့မပြောပါဘူး၊ ယုံလို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီစကားကိုယုံပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတော့ဘဲ ဖြစ်သလိုနေလိုက်တာမျိုး၊ မပြင်မဆင်နေတာမျိုးတွေမလုပ်မိပါစေနဲ့။

သင်မလှတော့တဲ့အခါ၊ သင်ကသူ့ကိုစိတ်ပျက်စေတဲ့အခါ မင်းဘာပဲဖြစ်ဖြစ်ချစ်မှာပါဆိုတဲ့ ကတိက တည်နိုင်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။

(၄) ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ကတိ

သင့်ချစ်သူက ရည်းစားဟောင်းနဲ့ပြန်ဆက်ဖို့မပြောနဲ့ သူ့အကြောင်းကို စဉ်းတောင်မစဉ်းစားပါဘူးလို့ ပြောလာရင် ယုံမှာလား။ ဒါဖြစ်နိုင်လား ၊

မဖြစ်နိုင်လားဆိုတာ သင့်မှာလည်းရည်းစားဟောင်းရှိရင် ပိုသိနိုင်ပါတယ်။ အကြောင်းတစ်ခုခုတိုက်ဆိုင်လို့ ရည်းစားဟောင်းအကြောင်းတွေးမိတဲ့အခါမျိုး၊ သူနဲ့မက်ဆေ့ချ်ပို့တာမျိုး၊

စကားပြောတာမျိုးတောင် လုပ်မိနိုင်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ယောင်လို့တောင်မတွေးပါဘူး ဆိုတဲ့ ကတိမျိုးဟာ တည်ဖို့ခက်တဲ့ကတိတစ်ခုပါ။

(၅) ပင်ကိုယ်အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲပါ့မယ်ဆိုတဲ့ကတိ

သင်မကြိုက်တဲ့အချက်တစ်ခုခုကြောင့် သင်တို့နှစ်ယောက်ရန်ဖြစ်ပြီးတိုင်းမှာ နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူး ဆိုတဲ့ကတိကို သူအမြဲပေးခဲ့ဖူးပါသလား။

ပြီးတော့ အဲ့ဒီအကြောင်းကြောင့်ပဲ နောက်ထပ်ရန်တွေဖြစ်ခဲ့ဖူးပါသလား။ ဒီလို နောက်မဖြစ်စေရပါဘူး၊မင်းမကြိုက်တာမလုပ်တော့ပါဘူး၊

သူ့ကိုယ်သူပြုပြင်ပြောင်းလဲပါ့မယ် ဆိုတဲ့စကားတွေက သူပေးပြီးမတည်တဲ့ကတိထဲမှာအမြဲပါနေတတ်ပါတယ်။

(၆) ဘာကိုမှကွယ်ဝှက်မထားပါဘူးဆိုတဲ့ကတိ

လူတိုင်းက ဘယ်သူ့ကိုမှမသိစေချင်တဲ့ ကိစ္စတွေအနည်းနဲ့အများရှိတတ်ကြပါတယ်။ အဲ့ဒီလိုရှိတတ်ကြတဲ့အထဲမှာက ယောကျာ်းလေးတွေက ကိုယ်ပိုင် boundaries လေးတွေနဲ့ပိုနေချင်တတ်ကြတာပါ။

အဲ့ဒါကြောင့် သူတို့ရဲ့အရာအားလုံးမချွင်းမချန်ပေးသိပါ့မယ်လို့ပြောတယ်ဆိုရင် အဲ့ဒီကတိကတည်နိုင်မှာမဟုတ်ပါဘူးတဲ့။

(၇) အမြဲတမ်းချစ်နေမှာပါဆိုတဲ့ကတိ

လူတစ်ယောက်ကို အမြဲတမ်းချစ်သွားတဲ့သူတွေ လုံးဝမရှိဘူးလို့ မပြောပါဘူး၊ ရှိပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတော်တော်များများက အဲ့ဒီ အမြဲတမ်းချစ်သွားမှာပါ ဆိုတဲ့ကတိကို မတည်နိုင်တာများပါတယ်တဲ့။

Credit

Unicode

ကတိတွေပေးပြီး မတည်နိုင်တဲ့ ယောကျ်ားတွေရဲ့ကတိစကား(၇)မျိုး

အချစ်ရေးမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေဆီကနေ ကတိတွေအမျိုးမျိုးတောင်းတတ်ကြပြီး ယောကျာ်းလေးတွေကလည်း ကတိတွေအများကြီးပေးကြပါတယ်။

သူတို့တွေ ကတိတွေဘယ်လောက်ပေးပေး တချို့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကတိတွေကိုတော့ များသောအားဖြင့်၊

မတည်နိုင်ကြတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ချစ်သူက သင့်ကိုပေးပေမယ့် တည်နိုင်ဖို့ခက်တဲ့ ကတိတွေကတော့ ဒီမှာပါ။

(၁) သဝန်မတိုပါဘူးဆိုတဲ့ ကတိ




(၂) တခြားမိန်းကလေးတွေကို လုံးဝစိတ်မဝင်စားပါဘူးဆိုတဲ့ ကတိ

ဒါကလည်း တည်နိုင်ဖို့ သိပ်မဖြစ်နိုင်တဲ့ကတိပါ။ ယောကျာ်းလေးတစ်ယောက်က ချစ်သူရှိရက်နဲ့ဖြစ်စေ၊ ချစ်သူမရှိတဲ့အခါဖြစ်စေ၊ တခြားမိန်းကလေးတွေအပေါ်မှ၊

ာ စိတ်ဝင်စားတတ်တဲ့စိတ် ရှိတတ်ကြပါတယ်။ စိတ်အလိုမလိုက်ဘဲ ချစ်သူအပေါ်သစ္စာစောင့်သိတဲ့သူနဲ့၊ သစ္စာဖောက်တဲ့သူပဲ ကွာသွားတာပါ။ တခြားမိန်းကလေးတွေနဲ့ မဖောက်ပြန်ဘူး၊

သစ္စာစောင့်သိမယ်ဆိုတာကတော့ဖြစ်နိုင်ပေမယ့် မင်းကလွဲပြီး တခြားမိန်းကလေးတွေကိုလုံးဝစိတ်မဝင်စားပါဘူးဆိုတာကတော့ ဖြစ်နိုင်ချေနည်းပါတယ်တဲ့။

(၃) မင်းဘာပဲဖြစ်ဖြစ် ချစ်မှာပါဆိုတဲ့ကတိ

သင့်ချစ်သူက သင့်ကို မင်းဘယ်လိုပုံစံပဲဖြစ်ပါစေ၊ ဘယ်လိုလူပဲဖြစ်ပါစေ၊ မင်းဖြစ်နေလို့ကိုချစ်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ အဲ့ဒီလိုပြောတာကိုမယုံနဲ့လို့မပြောပါဘူး၊

ယုံလို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီစကားကိုယုံပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတော့ဘဲ ဖြစ်သလိုနေလိုက်တာမျိုး၊ မပြင်မဆင်နေတာမျိုးတွေမလုပ်မိပါစေနဲ့။ သင်မလှတော့တဲ့အခါ၊

သင်ကသူ့ကိုစိတ်ပျက်စေတဲ့အခါ မင်းဘာပဲဖြစ်ဖြစ်ချစ်မှာပါဆိုတဲ့ ကတိက တည်နိုင်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။

(၄) ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ကတိ

သင့်ချစ်သူက ရည်းစားဟောင်းနဲ့ပြန်ဆက်ဖို့မပြောနဲ့ သူ့အကြောင်းကို စဉ်းတောင်မစဉ်းစားပါဘူးလို့ ပြောလာရင် ယုံမှာလား။

ဒါဖြစ်နိုင်လား ၊ မဖြစ်နိုင်လားဆိုတာ သင့်မှာလည်းရည်းစားဟောင်းရှိရင် ပိုသိနိုင်ပါတယ်။ အကြောင်းတစ်ခုခုတိုက်ဆိုင်လို့ ရည်းစားဟောင်းအကြောင်းတွေးမိတဲ့အခါမျိုး၊ သူနဲ့မက်ဆေ့ချ်ပို့တာမျိုး၊

စကားပြောတာမျိုးတောင် လုပ်မိနိုင်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ယောင်လို့တောင်မတွေးပါဘူး ဆိုတဲ့ ကတိမျိုးဟာ တည်ဖို့ခက်တဲ့ကတိတစ်ခုပါ။

(၅) ပင်ကိုယ်အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲပါ့မယ်ဆိုတဲ့ကတိ

သင်မကြိုက်တဲ့အချက်တစ်ခုခုကြောင့် သင်တို့နှစ်ယောက်ရန်ဖြစ်ပြီးတိုင်းမှာ နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူး ဆိုတဲ့ကတိကို သူအမြဲပေးခဲ့ဖူးပါသလား။

ပြီးတော့ အဲ့ဒီအကြောင်းကြောင့်ပဲ နောက်ထပ်ရန်တွေဖြစ်ခဲ့ဖူးပါသလား။ ဒီလို နောက်မဖြစ်စေရပါဘူး၊မင်းမကြိုက်တာမလုပ်တော့ပါဘူး၊

သူ့ကိုယ်သူပြုပြင်ပြောင်းလဲပါ့မယ် ဆိုတဲ့စကားတွေက သူပေးပြီးမတည်တဲ့ကတိထဲမှာအမြဲပါနေတတ်ပါတယ်။

(၆) ဘာကိုမှကွယ်ဝှက်မထားပါဘူးဆိုတဲ့ကတိ

လူတိုင်းက ဘယ်သူ့ကိုမှမသိစေချင်တဲ့ ကိစ္စတွေအနည်းနဲ့အများရှိတတ်ကြပါတယ်။ အဲ့ဒီလိုရှိတတ်ကြတဲ့အထဲမှာက ယောကျာ်းလေးတွေက ကိုယ်ပိုင် boundaries လေးတွေနဲ့ပိုနေချင်တတ်ကြတာပါ။

အဲ့ဒါကြောင့် သူတို့ရဲ့အရာအားလုံးမချွင်းမချန်ပေးသိပါ့မယ်လို့ပြောတယ်ဆိုရင် အဲ့ဒီကတိကတည်နိုင်မှာမဟုတ်ပါဘူးတဲ့။

(၇) အမြဲတမ်းချစ်နေမှာပါဆိုတဲ့ကတိ

လူတစ်ယောက်ကို အမြဲတမ်းချစ်သွားတဲ့သူတွေ လုံးဝမရှိဘူးလို့ မပြောပါဘူး၊ ရှိပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတော်တော်များများက

အဲ့ဒီ အမြဲတမ်းချစ်သွားမှာပါ ဆိုတဲ့ကတိကို မတည်နိုင်တာများပါတယ်တဲ့။

Credit