Local News

မွေးနေ့မှာ Double Dating အဖွဲ့သားတွေနဲ့အတူ ခိုင်နှင်းဝေရဲ့ ဂေဟာလေးမှာ အလှူအတန်းသွားလုပ်ခဲ့တဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးနဲ့ မင်းသမီးချောလေး ယွန်းယွန်းကတော့ မသိသူမရှိလောက်အောင်ပါပဲနော် ။ကလေးဘဝအရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ ယွန်းယွန်းက အခုဆိုရင် ပရိသတ်တွေအခိုင်အမာရရှိနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တဲ့ ယွန်းက တစ်နေ့တစ်ခြား ပိုပြီးလှသွေးကြွယ်လာတာ ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ တစ်နေ့တစ်ခြားလည်းပိုပိုလှလာပြီး နုပျိုလန်းဆန်းနေတဲ့အလှတရားတွေက မိန်းကလေးအချင်းချင်းတောင်ငေးမောနေရတာလည်းဖြစ်ပါတယ်။သူမရဲ့မဟာဆန်တဲ့ဆံနွယ်ရှည်ကြီးကလည်း အရမ်းကျက်သရေရှိပြီး ပရိသတ်တွေသဘောကျကြိုက်နှစ်သက်နေရတဲ့ အချက်တစ်ချက်ဆိုလည်းမမှားပါဘူးနော်။

သူမရဲ့ အနုပညာပုံရိပ်လေးတွေနဲ့ လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ ယွန်းယွန်းဟာ အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက်လှူဒါန်းတတ်သူလေးပါနော်။

အခုလည်း သူရဲ့မွေးနေ့လေးမှာ double dating အဖွဲ့သားတွေနဲ့အတူ ခိုင်နှင်းဝေရဲ့ ကလေးများဂေဟာမှာ အလှူအတန်းတွေသွားရောက်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit Nyein Naing

Zawgyi





Credit Nyein Naing