Knowledge

ခုချိန်ကစပြီး ဒီ အရာတွေကို ငြင်းလိုက်ပါ

ခုချိန်ကစပြီး ဒီ အရာတွေကို ငြင်းလိုက်ပါသားတို့ သမီးတို့ ခုချိန်ကစပြီး ဒီ အရာတွေကို ငြင်းလိုက်ပါ

လွယ်လွယ် အရှုံး ပေးတာတွေကို ခုကစပြီး ငြင်းပါ။

ခုချိန်ကစပြီး ဒီ အရာတွေကို ငြင်းလိုက်ပါ

ဘဝကို အလေးမထားပဲ ဖြစ်ချင်ရာ ဖြစ်ဆိုတဲ့ စိတ်ကို ခုက စပြီး ငြင်းပါ။

ကိုယ့်ကို စိတ် အနှောက်အယှက် အမြဲ ဖြစ်စေသူတွေကို ခုက စပြီး ငြင်းပါ။

ကိုယ့်အပေါ် အလေးမထားတဲ့ သူတွေကို ခုက စပြီး ငြင်းပါ။

ရည်မှန်းချက် မရှိပဲ အပျော်တွေပဲ ကြိုက်တဲ့ သူငယ်ချင်းတွေကိုလည်း ခုက စပြီး ငြင်းပါ။ဘာဖြစ်ဖြစ် ဝမ်းနည်းတတ်တဲ့ ကိုယ့်စိတ်ကိုလည်း ခုက စပြီး ငြင်းပါ။

လောကကြီးက ဒုက္ခတွေရော သုခတွေရော ပေးမှာပဲ ကိုယ့်အတွက် သုခဆိုတာ နည်းမယ်

ဒါကို ကြိုသိထားရမယ် ဒုက္ခ ဆိုတာမျိုးက လာရင် တစ်ခုတည်း လာတာ နည်းတယ် မျိုးစုံ လာတတ်တယ်

ကိုယ်က ကိုယ့်စိတ်ကို သန်မာအောင် အရင် ကြိုးစားထားရင် ဘယ်လို ဒုက္ခမျိုးပဲဖြစ် တဖြည်းဖြည်း ရင်ဆိုင်လာနိုင်မယ်။အဲဒါကြောင့် ဒီနေ့က စပြီး ကိုယ့်ဘဝအတွက် အရေးမပါတာတွေကို လုံးဝ လုံးဝ အားမနာပါနဲ့ အပြတ်သာ ငြင်းလိုက်ပါ။

ပြန်လည် မျှဝေပါသည်။

Credit Original

Zawgyi




ခုချိန်ကစပြီး ဒီ အရာတွေကို ငြင်းလိုက်ပါ1









ပြန်လည် မျှဝေပါသည်။

Credit Original