သင့်ကို တုန်နေအောင် ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ဆီမှာရှိတဲ့ ဒီအပြုအမူ
ဟန်ဆောင်မှုတွေများလွန်းတဲ့ ဒီကမ္ဘာကြီးမှာ သင့်ချစ်သူ၊ လက်တွဲဖော်က သင့်ကို တကယ်မေတ္တာရှိမရှိဆိုတာကလည်း သိနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။
ဒါပေမယ့် အဖြစ်မှန်အခြေအနေကို သိနိုင်တဲ့ သဲလွန်စတချို့တော့ရှိပါတယ်။
၁။ သင့်မျက်လုံးကို ငေးစိုက်ကြည့်နေခြင်း ။
သူတို့ကောင်မလေးတွေကို တကယ်ဂရုစိုက်တဲ့ ကောင်လေးတွေဟာ မျက်လုံးကို အမြဲစူးစိုက်ကြည့်နေတတ်ပါတယ်။
ဒါဟာ သင်ဘယ်လို စိတ်ခံစားမှုမျိုးဖြစ်နေလဲ သိချင်လို့ ဖြစ်ပါတယ်။မျက်လုံးဆိုတာ လူ့အတွင်းစိတ်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။
၂။ ခွင့်လွှတ်ဖို့ ဝန်မလေးခြင်း
ကောင်မလေးကို တကယ်ချစ်တဲ့ ယောကျ်ားလေးတွေ ကြာကြာ စိတ်မဆိုး တတ်ကြပါဘူး။
ကောင်မလေးအပေါ် စိတ်ဆိုးဒေါသထွက်တဲ့အခါ ဒါ သူတို့အတွက် ဝန်ထုပ်တစ်ခုဖြစ်ပါတယ်။
ဒီတော့ ခွင့်လွှတ်ပေးလိုက်ခြင်းက စိတ်သက်သာရာရမှု တစ်ခုဖြစ်ပါတယ်။
၃။ “ငါတို့” ဆိုတဲ့ အသုံးအနှုန်း သုံးစွဲခြင်း
ယောကျ်ားလေးက မိန်းကလေးကို တကယ်သံယောဇဉ်ရှိလာတဲ့အခါ မိမိကိုယ်ကိုယ် တစ်ယောက်တည်းလို့ မယူဆတော့ဘဲ ကောင်မလေးကို မိမိကိုယ်ခွဲလို စမြင်လာကြပါတယ်။
ဒီအချက်ကြောင့် “ငါ” အစား “ငါတို့” ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲကြပါတယ်။
၄။ သင်လုပ်ချင်ရာကို သူလည်း လုပ်ချင်
သူ ဈေးဝယ်ထွက်တာ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သင်သဘောကျနေတော့ ဘယ်လိုပဲဖြစ်ဖြစ် သူလိုက်ပေးပါလိမ့်မယ်။
ဒါက သူ သင်နဲ့ ထွက်လည်ရတာ သဘောကျကြောင်း ဖော်ပြပါတယ်။
၅။ သင့်အကြောင်း သိလိုခြင်း
သင့်ကို တကယ်ဂရုစိုက်တဲ့ ယောကျ်ားတစ်ယောက်က သင့်အကြောင်းအကုန်အစင်သိအောင် နည်းလမ်းရှာကြံပါလိမ့်မယ်။
ဒီအချက်က သူ သင့်ကို အရူးအမူးချစ်တာကို ဖော်ပြပါတယ်။
၆။ အံ့အားသင့်အောင် လုပ်ခြင်း ။
ယောကျ်ားလေးတစ်ယောက်က သင့်ကို တကယ်ချစ်မချစ်ပြောပြနိုင်တဲ့ နည်းလမ်းတစ်က သူ သင့်ကို အံ့အားသင့်အောင် လုပ်မလုပ်ကြည့်ရန် ဖြစ်ပါတယ်။
ကောင်မလေးကို တကယ်ဂရုစိုက်တဲ့ယောကျ်ားတစ်ယောက်က သူမကို အံ့အားသင့်စရာတွေ မရိုးအောင် အမြဲမပြတ် ကြိုးပမ်းလုပ်ဆောင်ပေးပါလိမ့်မယ်။
၇။ ပွေ့ဖက်ရတာ ကြိုက်နှစ်သက်ခြင်း ။
ကောင်လေးက သင့်ကို တကယ်မေတ္တာရှိမရှိ သိဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကသူပွေ့ဖက်တာ ကြိုက်မကြိုက် ကြည့်ရုံသာဖြစ်ပါတယ်။
တကယ် စိတ်ဝင်စားမှုမရှိတဲ့ ယောကျ်ားတွေက ပူးကပ်ပွေ့ဖက်တာတွေ လက်ရှောင်လေ့ရှိပါတယ်။
Credit
Zawgyi
သင့္ကို တုန္ေနေအာင္ ခ်စ္တတ္တဲ့ ေကာင္ေလးတစ္ေယာက္ဆီမွာရွိတဲ့ ဒီအျပဳအမူ
ဟန္ေဆာင္မႈေတြမ်ားလြန္းတဲ့ ဒီကမာၻႀကီးမွာ သင့္ခ်စ္သူ၊ လက္တြဲေဖာ္က သင့္ကို တကယ္ေမတၱာရွိမရွိဆိုတာကလည္း သိႏိုင္ဖို႔ ခက္ခဲတဲ့အရာတစ္ခုပါ။
ဒါေပမယ့္ အျဖစ္မွန္အေျခအေနကို သိႏိုင္တဲ့ သဲလြန္စတခ်ိဳ႕ေတာ့ရွိပါတယ္။
၁။ သင့္မ်က္လုံးကို ေငးစိုက္ၾကည့္ေနျခင္း ။
သူတို႔ေကာင္မေလးေတြကို တကယ္ဂ႐ုစိုက္တဲ့ ေကာင္ေလးေတြဟာ မ်က္လုံးကို အၿမဲစူးစိုက္ၾကည့္ေနတတ္ပါတယ္။ဒါဟာ သင္ဘယ္လို စိတ္ခံစားမႈမ်ိဳးျဖစ္ေနလဲ သိခ်င္လို႔ ျဖစ္ပါတယ္။မ်က္လုံးဆိုတာ လူ႔အတြင္းစိတ္ကို လွမ္းေမွ်ာ္ၾကည့္ႏိုင္တဲ့ ျပတင္းေပါက္ျဖစ္ပါတယ္။
၂။ ခြင့္လႊတ္ဖို႔ ဝန္မေလးျခင္း
ေကာင္မေလးကို တကယ္ခ်စ္တဲ့ ေယာက်္ားေလးေတြ ၾကာၾကာ စိတ္မဆိုး တတ္ၾကပါဘူး။
ေကာင္မေလးအေပၚ စိတ္ဆိုးေဒါသထြက္တဲ့အခါ ဒါ သူတို႔အတြက္ ဝန္ထုပ္တစ္ခုျဖစ္ပါတယ္။
ဒီေတာ့ ခြင့္လႊတ္ေပးလိုက္ျခင္းက စိတ္သက္သာရာရမႈ တစ္ခုျဖစ္ပါတယ္။၃။ “ငါတို႔” ဆိုတဲ့ အသုံးအႏႈန္း သုံးစြဲျခင္း
ေယာက်္ားေလးက မိန္းကေလးကို တကယ္သံေယာဇဥ္ရွိလာတဲ့အခါ မိမိကိုယ္ကိုယ္ တစ္ေယာက္တည္းလို႔ မယူဆေတာ့ဘဲ ေကာင္မေလးကို မိမိကိုယ္ခြဲလို စျမင္လာၾကပါတယ္။
ဒီအခ်က္ေၾကာင့္ “ငါ” အစား “ငါတို႔” ဆိုတဲ့ အသုံးအႏႈန္းကို သုံးစြဲၾကပါတယ္။
၄။ သင္လုပ္ခ်င္ရာကို သူလည္း လုပ္ခ်င္
သူ ေဈးဝယ္ထြက္တာ ႀကိဳက္ခ်င္မွ ႀကိဳက္ပါလိမ့္မယ္။ ဒါေပမယ့္ သင္သေဘာက်ေနေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ သူလိုက္ေပးပါလိမ့္မယ္။
ဒါက သူ သင္နဲ႔ ထြက္လည္ရတာ သေဘာက်ေၾကာင္း ေဖာ္ျပပါတယ္။
၅။ သင့္အေၾကာင္း သိလိုျခင္း
သင့္ကို တကယ္ဂ႐ုစိုက္တဲ့ ေယာက်္ားတစ္ေယာက္က သင့္အေၾကာင္းအကုန္အစင္သိေအာင္ နည္းလမ္းရွာႀကံပါလိမ့္မယ္။
ဒီအခ်က္က သူ သင့္ကို အ႐ူးအမူးခ်စ္တာကို ေဖာ္ျပပါတယ္။
၆။ အံ့အားသင့္ေအာင္ လုပ္ျခင္း ။
ေယာက်္ားေလးတစ္ေယာက္က သင့္ကို တကယ္ခ်စ္မခ်စ္ေျပာျပႏိုင္တဲ့ နည္းလမ္းတစ္က သူ သင့္ကို အံ့အားသင့္ေအာင္ လုပ္မလုပ္ၾကည့္ရန္ ျဖစ္ပါတယ္။
ေကာင္မေလးကို တကယ္ဂ႐ုစိုက္တဲ့ေယာက်္ားတစ္ေယာက္က သူမကို အံ့အားသင့္စရာေတြ မ႐ိုးေအာင္ အၿမဲမျပတ္ ႀကိဳးပမ္းလုပ္ေဆာင္ေပးပါလိမ့္မယ္။
၇။ ေပြ႕ဖက္ရတာ ႀကိဳက္ႏွစ္သက္ျခင္း ။ေကာင္ေလးက သင့္ကို တကယ္ေမတၱာရွိမရွိ သိဖို႔ အေကာင္းဆုံးနည္းလမ္းေတြထဲက တစ္ခုကသူေပြ႕ဖက္တာ ႀကိဳက္မႀကိဳက္ ၾကည့္႐ုံသာျဖစ္ပါတယ္။
တကယ္ စိတ္ဝင္စားမႈမရွိတဲ့ ေယာက်္ားေတြက ပူးကပ္ေပြ႕ဖက္တာေတြ လက္ေရွာင္ေလ့ရွိပါတယ္။
Credit