Knowledge

မြို့ပေါ်မှာ ကဲနေတာတွေကိုမြင်ပြီး ငရုတ်သီးထောင်းကိုဟင်းလုပ်စားနေရတဲ့ စစ်ရှောင်တိုင်းရင်းသားတွေကို အားနာမိကြောင်းပြောလာတဲ့ လူငယ်တစ်ဦး

တောင်တန်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ပြည်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာပြီ ဖြစ်ပါတယ် ။

   

အထူးသဖြင့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ စစ်ဘေးရှောင်ပြည်သူပေါင်း သိန်းချီခန့် ရှိနေပြီ ဖြစ်ပါတယ် ။

   

အသက်ဘေးက လွတ်မြောက်ဖို့အတွက် တောထဲတောင်ထဲကို ထွက်ပြေးနေရတဲ့ ပြည်သူတွေခမျာ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနေရတာ ဖြစ်ပါတယ် ။

အခုလည်း ချင်းတောင်တန်းဒေသတစ်ခုကို ရောက်ရှိနေတဲ့ လူငယ်တစ်ဦးက စစ်ဘေးရှောင် တိုင်းရင်းသားတွေရဲ့ဘဝကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

   

အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူတွေဆိုရင် အသားဟင်းတောင်မစားရဘဲ အလေ့ကျပေါက်တဲ့ အရွက်လေးတွေကိုပြုတ်ပြီး စားနေရတာ ဖြစ်ပါတယ် ။

ဒါ့အပြင် သူတို့ရဲ့ဝမ်းစာပြည့်ဖို့အတွက်သာ အဓိကထားပြီး ငရုတ်သီးထောင်းကို ဟင်းလုပ်စားရတာမျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

   

ဒီလိုမျိုးစားသောက်ပြီး တိုက်ပွဲဝင်နေရတဲ့ တိုင်းရင်းသားတွေရဲ့ဘဝကို ကိုယ်တိုင်မြင်တွေ့လိုက်တဲ့ ပြည်သူတစ်ဦးက အခုလိုပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

သူကတော့ “မြို့ပေါ်ကလူတွေ Bar တွေမှာ ကဲနေတာတွေResort တွေမှာ အစားကောင်းတွေ စားနေတာမြင်ရင် တိုင်းရင်းသားတွေကို သိပ်အားနာတယ်” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။

   

စစ်ဘေးရှောင် တိုင်းရင်းသားတွေရဲ့ဘဝကို စာနာနားလည်နိုင်စေဖို့အတွက် သူတို့ရဲ့နေထိုင်မှုပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Credit Original writter