Knowledge

ကိုယ့်ကို မေ့ထားတဲ့သူကို ကိုယ်လဲ မေ့ထားနိုင်ဖို့ ကြိုးစားမယ်

ကိုယ့်ကို မေ့ထားတဲ့သူကို ကိုယ်လဲ မေ့ထားနိုင်ဖို့ ကြိုးစားမယ် ။မာနတွေထားလိုက်ရင် လူနှစ်ယောက် ဝေးသွားတော့မယ်ဆိုတာမှန်း ကျွန်မ ကောင်းကောင်းကြီး သိထားပါတယ် ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ လက်ကျန်မာနလေး ထားပါစေ ။

သတိရလို့ ဖုန်းဆက်ပေမယ့် အနှောင့်အယှက်သက်သက်ပဲ ဖြစ်စေခဲ့တယ်ထင်ပါတယ် ။ ကိုယ်မဆက်လို့ သူများဆက်လာလေမလားလို့၊

မျှော်ပေမယ့်လဲ မျှော်နေမိတဲ့ ကိုယ်ပဲ အရူးဖြစ်ရတယ် ။ သူက ကိုယ်မရှိပဲလဲ နေနိုင်တယ် ။ အဲ့တာကို လက်ခံဖို့ပဲ လိုတော့တာပါ ။မနက်တွေ နေ့လည်တွေ ညတွေ … တစ်ရက်မှာ နှစ်ဆယ့်လေးနာရီ ရှိခဲ့တာတောင် ကျွန်မ အတွက် ၁၀မိနစ် ၁၅ မိနစ်လောက် အချိန်မပေးနိုင်ခဲ့တဲ့ ရက်တွေမှ အများကြီးပဲ ။

အဲ့ဒီရက်တွေမှာ မျှော်ရင်းနဲ့လဲ ငိုခဲ့ဖူးသလို ငိုရင်းနဲ့လဲ အိပ်ပျော်သွားဖူးတယ် ။ သူတော့ သိလိမ့်မယ် မထင်ပါဘူး ။

ခုတော့ .. ကိုယ်လဲ သူ့လို မနေရင် မဖြစ်တော့တဲ့ အခြေအနေမို့ပါ ။ ကျွန်မ ဒီထက်ပိုပြီး ဂရုမစိုက်တာ တန်ဖိုးမထားတာတွေကို ခံနိုင်ရည် မရှိတော့ဘူး ။

မျှော်ရတာတွေလဲ မောလှပြီဖြစ်သလို ငိုရတာတွေအတွက် ကိုယ့်ကိုယ်ကိုယ် မုန်းလှပြီ ။သူက မေ့ထားလိုက်ရင် ကျွန်မလဲ မေ့ထားလိုက်ဖို့ကိုရွေးတယ် ။ တခြားနေရာမှာ ပျော်အောင်နေနိုင်ရင် ကျွန်မလဲ မလွမ်းအောင်နေမယ် ။ ကိုယ့်အတွက် မဟုတ်တဲ့ Active Now တွေကို၊

သတိရလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ မနှောင့်ယှက်တော့ဘူး ။ ကိုယ့်အတွက် အမြဲBusy ဖြစ်နေတဲ့ဖုန်းတွေကို မဆက်တော့ဘူး ။

သူက ကိုယ့်ကို မေ့ထားရင်းနဲ့ အဆင်ပြေတယ်ဆိုရင် ကိုယ်ကလဲ အဆင်ပြေဖို့ ကြိုးစားရင်းနဲ့ မေ့ထားဖို့လမ်းကို ရွေးမယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်။

Credit

Zawgyi

ကိုယ့္ကို ေမ့ထားတဲ့သူကို ကိုယ္လဲ ေမ့ထားႏိုင္ဖို႔ ႀကိဳးစားမယ္ ။

မာနေတြထားလိုက္ရင္ လူႏွစ္ေယာက္ ေဝးသြားေတာ့မယ္ဆိုတာမွန္း ကြၽန္မ ေကာင္းေကာင္းႀကီး သိထားပါတယ္ ။

ဒါေပမယ့္ ဒီတစ္ေခါက္ေတာ့ လက္က်န္မာနေလး ထားပါေစ ။

သတိရလို႔ ဖုန္းဆက္ေပမယ့္ အေႏွာင့္အယွက္သက္သက္ပဲ ျဖစ္ေစခဲ့တယ္ထင္ပါတယ္ ။ ကိုယ္မဆက္လို႔ သူမ်ားဆက္လာေလမလားလို႔၊ေမွ်ာ္ေပမယ့္လဲ ေမွ်ာ္ေနမိတဲ့ ကိုယ္ပဲ အ႐ူးျဖစ္ရတယ္ ။ သူက ကိုယ္မရွိပဲလဲ ေနႏိုင္တယ္ ။ အဲ့တာကို လက္ခံဖို႔ပဲ လိုေတာ့တာပါ ။

မနက္ေတြ ေန႔လည္ေတြ ညေတြ … တစ္ရက္မွာ ႏွစ္ဆယ့္ေလးနာရီ ရွိခဲ့တာေတာင္ ကြၽန္မ အတြက္ ၁၀မိနစ္ ၁၅ မိနစ္ေလာက္ အခ်ိန္မေပးႏိုင္ခဲ့တဲ့ ရက္ေတြမွ အမ်ားႀကီးပဲ ။

အဲ့ဒီရက္ေတြမွာ ေမွ်ာ္ရင္းနဲ႔လဲ ငိုခဲ့ဖူးသလို ငိုရင္းနဲ႔လဲ အိပ္ေပ်ာ္သြားဖူးတယ္ ။ သူေတာ့ သိလိမ့္မယ္ မထင္ပါဘူး ။

ခုေတာ့ .. ကိုယ္လဲ သူ႔လို မေနရင္ မျဖစ္ေတာ့တဲ့ အေျခအေနမို႔ပါ ။ ကြၽန္မ ဒီထက္ပိုၿပီး ဂ႐ုမစိုက္တာ တန္ဖိုးမထားတာေတြကို၊ခံႏိုင္ရည္ မရွိေတာ့ဘူး ။ ေမွ်ာ္ရတာေတြလဲ ေမာလွၿပီျဖစ္သလို ငိုရတာေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ မုန္းလွၿပီ ။

သူက ေမ့ထားလိုက္ရင္ ကြၽန္မလဲ ေမ့ထားလိုက္ဖို႔ကိုေ႐ြးတယ္ ။ တျခားေနရာမွာ ေပ်ာ္ေအာင္ေနႏိုင္ရင္ ကြၽန္မလဲ မလြမ္းေအာင္ေနမယ္ ။ ကိုယ့္အတြက္ မဟုတ္တဲ့၊

Active Now ေတြကို သတိရလို႔ပါဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ မေႏွာင့္ယွက္ေတာ့ဘူး ။ ကိုယ့္အတြက္ အၿမဲBusy ျဖစ္ေနတဲ့ဖုန္းေတြကို … မဆက္ေတာ့ဘူး ။သူက ကိုယ့္ကို ေမ့ထားရင္းနဲ႔ အဆင္ေျပတယ္ဆိုရင္ ကိုယ္ကလဲ အဆင္ေျပဖို႔ ႀကိဳးစားရင္းနဲ႔ ေမ့ထားဖို႔လမ္းကို ေ႐ြးမယ္ ။

မူရင္းစာေရးသားသူ သွ်င္ယြန္း ေလးစားစြာျဖင့္ ျပန္လွန္မွ်ေဝျခင္းျဖစ္ပါတယ္။

Credit