Knowledge

မိန်းကလေးတွေကြွေစေမယ့် နည်းလမ်းလေးများ

သင်ကိုယ်တိုင် FA တစ်ယောက်ဖြစ်နေလို့ စိတ်အားငယ်မနေပါနဲ့။မိန်းကလေးတစ်ယောက်ကိုယ့်ကို ကြွေစေဖို့ဆိုတာ ကိုယ့်ဘက်ကလည်း ၊

ကြွေစေနိုင်မယ့် အကျင့်လေးကောင်းလေးတွေရှိနေဖို့လိုအပ်ပါတယ်။Hairstyle ပြောင်းတာတွေ ဖက်ရှင်အကောင်းစားကြီးတွေပြောင်းလဲပြီး ၊ကိုယ့်ကို စိတ်ဝင်စားအောင်လုပ်နေတာက နည်းလမ်းအမှန်ကြီးလည်းမဟုတ်ပါဘူး။ဘယ်လိုမျိုး အပြုအမူလေးတွေက ၊

မိန်းကလေးတွေကိုဆွဲဆောင်နိုင်ပြီး ကြွေစေမလဲဆိုတာကို အလင်းပြပေးလိုက်ပါတယ်။

၁ — အကြည့်တစ်ချက်

လူတစ်ယောက်ရဲ့ စိတ်ထဲက ခံစားချက်ကို မျက်လုံးကနေတဆင့်ပို့ဆောင်ပေးနိုင်ပါတယ်။အကြည့်တွေမှာစွမ်းအားရှိတာမလို့ စိုက်ကြည့်နေစရာတော့မလိုပေမယ့် အမှတ်တမဲ့ ၊မျက်လုံးခြင်းဆုံတဲ့အခါမှာ နွေးထွေးပြီး နူးညံ့တဲ့ အကြည့်လေးတွေနဲ့ ကြည့်ပေးပါ။ဘယ်မိန်းကလေးမှ အဲ့ဒီလို အကြည့်ကို ရင်မခုန်ပဲမနေပါဘူး။

၂ — စကားပြောကောင်းရမယ်

စကားပြောကောင်းရမယ်လို့ပြောတဲ့နေရာမှာ တော်ကီကောင်းနေရမယ်လို့မပြောပါဘူး။ကိုယ်ပြောတဲ့စကားကို တာဝန်ယူမှူအပြည့်နဲ့ လေးနက်စွာပြောတတ်ဖို့ပါ။

စကားလုံးတွေမှာ ရင်ထဲကို ထိစေနိုင်မယ့် စွမ်းအားတွေရှိတာမလို့ ကိုယ်ပြောမယ့်စကားက ဆွဲဆောင်မှူရှိတဲ့ ပုံစံဖြစ်နေရပါမယ်။သူ့အတွက် ဂရုစိုက်တဲ့ စကားလေးတွေကို ချိုသာစွာပြောတတ်ဖို့လိုပါလိမ့်မယ်။

၃ — သပ်သပ်ရပ်ရပ်နေတတ်ခြင်းမိန်းကလေးတော်တော်များက သပ်သပ်ရပ်ရပ်နေတတ်တဲ့ ကောင်လေးတွေကို သဘောကျကြပါတယ်။ဖက်ရှင်အကောင်းစားကြီးတွေ ဝတ်နေမှမဟုတ်ပါဘူး။

ပုံမှန်ရိုးရိုးရှပ်နဲ့ ပုဆိုးကိုသပ်သပ်ရပ်ရပ်လေးဝတ်တတ်ရင်ကို သူတို့ရဲ့ မျက်လုံးထဲမှာ အမှတ်တွေပေးနေပါပြီ။သပ်သပ်ရပ်ရပ်နေတဲ့အထဲမှာ အဝတ်အစားတစ်ခုတည်းတင်မဟုတ်ပဲနဲ့ ၊

ဆံပင်ကိုသန့်ရှင်းသပ်ရပ်နေတာမျိုး လက်သည်းခြေသည်းတွေကို သန့်သန့်ရှင်းရှင်းထားတာမျိုးအပြင် သွားတွေသန့်ရှင်းနေဖို့ကလည်း အရေးကြီးပါတယ်။ကောင်မလေးတွေကြွေတာကိုလိုချင်ရင် လက်သည်းခြေသည်းကိုလည်း မညှပ်ရင်တောင် အရှည်ကြီးတွေ လက်သည်းအောက်မှာ ၊

ချေးတက်နေတာမျိုးတွေမထားသင့်ပါဘူး။ရယ်လိုက်ရင် ကွမ်းချေးတက်နေတဲ့သွားမျိုး ဝါထိန်နေတဲ့သွားမျိုးက ဆွဲဆောင်မှုကို လျော့ကျစေမှာပါ။

၄ — ဟာသဉာဏ်ရွှင်ခြင်း

ဒါကတော့ လူတိုင်းမှာ မရှိတတ်ကြပါဘူး။ဟာသဉာဏ်ရွှင်ဖို့ဆိုတာက ပုံမှန် ပါရမီပါလာတာမျိုးလည်းရှိတတ်သလို ကျင့်ယူလို့လည်းရပါတယ်။

ရယ်ရမယ့် အကြောင်းအရာလေးတွေကို သင်ယူထားပြီးတော့အခြေအနေအချိန်အခါကို ကြည့်ပြီး လှူပ်ရှားတတ်မယ်ဆိုရင် အဆင်ပြေမှာပါ။စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ကိုယ့်ရဲ့ ဟာသဉာဏ်ကြောင့် ပျော်ရွှင်လာရတယ်ဆိုရင် စိတ်ထဲမှာ အမှတ်ပြည့်ပေးပြီးနေပါပြီ။ပျင်းဖို့ကောင်းတဲ့ ပုံစံကိုတော့ မိန်းကလေးတွေက သဘောမကျကြပါဘူး။ခြွင်းချက်တော့ရှိမှာပါ။

၅ — အတတ်ပညာတစ်ခုခုတတ်ကျွမ်းခြင်း

ဒါကလိုအပ်တယ်လို့လည်းမဟုတ်ပေမယ့် မပါမဖြစ်ပြောရမယ့် အကြောင်းအရာလေးပါ။အတတ်ပညာဆိုတဲ့နေရာမှာ လက်မှု ပစ္စည်း Fancy လေးတွေ၊

ကိုယ်တိုင်လုပ်ပေးတတ်တာတို့ ဓာတ်ပုံလှလှလေးတွေရိုက်ပေးတတ်တာတို့ကလည်း ဆွဲဆောင်မှုရှိစေတဲ့အချက်လေးတွေပါပဲ။ဂီတာလေးတီးပြီး၊သီချင်းဆိုပြတတ်တာတို့ သူ့ရဲ့ ပုံတူပန်းချီလေးတွေကို လှလှပပလေးဆွဲပေးတတ်တာတို့က အမှတ်တရအနေနဲ့ရော စိတ်ထဲမှာပါ စွဲကျန်နေစေမှာပါ။

ကိုယ့်ရဲ့ အားသာချက်ကို ကောင်မလေးတွေကြွေစေဖို့ အသုံးချပစ်ပါ။

အခုဖော်ပြသွားတဲ့ အချက်လေးတွေကို လုပ်တာနဲ့လည်း ကျိန်းသေ ကြွေစေမယ်လို့တော့မပြောလိုပေမယ့် အနည်းနဲ့အများတော့ စိတ်ထဲမှာ အမှတ်ပေးခြင်းကို ခံရမှာပါ။

ကိုယ်က ဘာလို့ FA ဖြစ်နေတာလဲဆိုတာကို ဒီအချက်လေးတွေကိုရော လုပ်ဖြစ်ရဲ့လားဆိုတာနဲ့ပြန်မေးကြည့်ပါ။FA ဘဝကနေလွတ်မြောက်စေဖို့ နည်းလမ်းလေးတွေပြသလိုက်ပြီဆိုတော့ ကြိုးစားပြီးလုပ်ကြည့်မယ်ဆိုရင် အနှေးနဲ့အမြန်တော့ မြှားနတ်မောင်ရဲ့ မြှားလာမှန်မှာပါ။

Credit

Zawgyi ဖြင့်ဖတ်ပါ

မိန္းကေလးေတြေႂကြေစမယ့္ နည္းလမ္းေလးမ်ား

သင္ကိုယ္တိုင္ FA တစ္ေယာက္ျဖစ္ေနလို႔ စိတ္အားငယ္မေနပါနဲ႔။မိန္းကေလးတစ္ေယာက္ကိုယ့္ကို ေႂကြေစဖို႔ဆိုတာ ကိုယ့္ဘက္ကလည္း ေႂကြေစႏိုင္မယ့္ အက်င့္ေလးေကာင္းေလးေတြရွိေနဖို႔လိုအပ္ပါတယ္။Hairstyle ေျပာင္းတာေတြ ဖက္ရွင္အေကာင္းစားႀကီးေတြေျပာင္းလဲၿပီး ကိုယ့္ကို စိတ္ဝင္စားေအာင္လုပ္ေနတာက နည္းလမ္းအမွန္ႀကီးလည္းမဟုတ္ပါဘူး။

ဘယ္လိုမ်ိဳး အျပဳအမူေလးေတြက မိန္းကေလးေတြကိုဆြဲေဆာင္ႏိုင္ၿပီး ေႂကြေစမလဲဆိုတာကို အလင္းျပေပးလိုက္ပါတယ္။

၁ အၾကည့္တစ္ခ်က္

လူတစ္ေယာက္ရဲ႕ စိတ္ထဲက ခံစားခ်က္ကို မ်က္လုံးကေနတဆင့္ပို႔ေဆာင္ေပးႏိုင္ပါတယ္။အၾကည့္ေတြမွာစြမ္းအားရွိတာမလို႔ ၊စိုက္ၾကည့္ေနစရာေတာ့မလိုေပမယ့္ အမွတ္တမဲ့ မ်က္လုံးျခင္းဆုံတဲ့အခါမွာ ေႏြးေထြးၿပီး ႏူးညံ့တဲ့ အၾကည့္ေလးေတြနဲ႔ ၾကည့္ေပးပါ။ဘယ္မိန္းကေလးမွ အဲ့ဒီလို အၾကည့္ကို ရင္မခုန္ပဲမေနပါဘူး။

၂ စကားေျပာေကာင္းရမယ္

စကားေျပာေကာင္းရမယ္လို႔ေျပာတဲ့ေနရာမွာ ေတာ္ကီေကာင္းေနရမယ္လို႔မေျပာပါဘူး။ကိုယ္ေျပာတဲ့စကားကို တာဝန္ယူမႉအျပည့္နဲ႔ ေလးနက္စြာေျပာတတ္ဖို႔ပါ။

စကားလုံးေတြမွာ ရင္ထဲကို ထိေစႏိုင္မယ့္ စြမ္းအားေတြရွိတာမလို႔ ကိုယ္ေျပာမယ့္စကားက ဆြဲေဆာင္မႉရွိတဲ့ ပုံစံျဖစ္ေနရပါမယ္။သူ႔အတြက္ ဂ႐ုစိုက္တဲ့ စကားေလးေတြကို ခ်ိဳသာစြာေျပာတတ္ဖို႔လိုပါလိမ့္မယ္။

၃ သပ္သပ္ရပ္ရပ္ေနတတ္ျခင္း

မိန္းကေလးေတာ္ေတာ္မ်ားက သပ္သပ္ရပ္ရပ္ေနတတ္တဲ့ ေကာင္ေလးေတြကို သေဘာက်ၾကပါတယ္။ဖက္ရွင္အေကာင္းစားႀကီးေတြ၊

ဝတ္ေနမွမဟုတ္ပါဘူး။ပုံမွန္႐ိုး႐ိုးရွပ္နဲ႔ ပုဆိုးကိုသပ္သပ္ရပ္ရပ္ေလးဝတ္တတ္ရင္ကို သူတို႔ရဲ႕ မ်က္လုံးထဲမွာ အမွတ္ေတြေပးေနပါၿပီ။သပ္သပ္ရပ္ရပ္ေနတဲ့အထဲမွာ အဝတ္အစားတစ္ခုတည္းတင္မဟုတ္ပဲနဲ႔ ၊ဆံပင္ကိုသန႔္ရွင္းသပ္ရပ္ေနတာမ်ိဳး လက္သည္းေျခသည္းေတြကို သန႔္သန႔္ရွင္းရွင္းထားတာမ်ိဳးအျပင္ သြားေတြသန႔္ရွင္းေနဖို႔ကလည္း အေရးႀကီးပါတယ္။ေကာင္မေလးေတြေႂကြတာကို၊

လိုခ်င္ရင္ လက္သည္းေျခသည္းကိုလည္း မညႇပ္ရင္ေတာင္ အရွည္ႀကီးေတြ လက္သည္းေအာက္မွာ ေခ်းတက္ေနတာမ်ိဳးေတြမထားသင့္ပါဘူး။

ရယ္လိုက္ရင္ ကြမ္းေခ်းတက္ေနတဲ့သြားမ်ိဳး ဝါထိန္ေနတဲ့သြားမ်ိဳးက ဆြဲေဆာင္မႈကို ေလ်ာ့က်ေစမွာပါ။

၄ ဟာသဉာဏ္႐ႊင္ျခင္းဒါကေတာ့ လူတိုင္းမွာ မရွိတတ္ၾကပါဘူး။ဟာသဉာဏ္႐ႊင္ဖို႔ဆိုတာက ပုံမွန္ ပါရမီပါလာတာမ်ိဳးလည္းရွိတတ္သလို က်င့္ယူလို႔လည္းရပါတယ္။

ရယ္ရမယ့္ အေၾကာင္းအရာေလးေတြကို သင္ယူထားၿပီးေတာ့အေျခအေနအခ်ိန္အခါကို ၾကည့္ၿပီး လႉပ္ရွားတတ္မယ္ဆိုရင္ အဆင္ေျပမွာပါ။

စိတ္ညစ္ေနတဲ့အခ်ိန္မ်ိဳးမွာ ကိုယ့္ရဲ႕ ဟာသဉာဏ္ေၾကာင့္ ေပ်ာ္႐ႊင္လာရတယ္ဆိုရင္ စိတ္ထဲမွာ အမွတ္ျပည့္ေပးၿပီးေနပါၿပီ။

ပ်င္းဖို႔ေကာင္းတဲ့ ပုံစံကိုေတာ့ မိန္းကေလးေတြက သေဘာမက်ၾကပါဘူး။ႁခြင္းခ်က္ေတာ့ရွိမွာပါ။

၅ အတတ္ပညာတစ္ခုခုတတ္ကြၽမ္းျခင္း

ဒါကလိုအပ္တယ္လို႔လည္းမဟုတ္ေပမယ့္ မပါမျဖစ္ေျပာရမယ့္ အေၾကာင္းအရာေလးပါ။အတတ္ပညာဆိုတဲ့ေနရာမွာ လက္မႈ ပစၥည္း Fancy ေလးေတြကိုယ္တိုင္လုပ္ေပးတတ္တာတို႔၊

ဓာတ္ပုံလွလွေလးေတြ႐ိုက္ေပးတတ္တာတို႔ကလည္း ဆြဲေဆာင္မႈရွိေစတဲ့အခ်က္ေလးေတြပါပဲ။ဂီတာေလးတီးၿပီးသီခ်င္းဆိုျပတတ္တာတို႔ သူ႔ရဲ႕ ပုံတူပန္းခ်ီေလးေတြကို ၊

လွလွပပေလးဆြဲေပးတတ္တာတို႔က အမွတ္တရအေနနဲ႔ေရာ စိတ္ထဲမွာပါ စြဲက်န္ေနေစမွာပါ။ကိုယ့္ရဲ႕ အားသာခ်က္ကို ေကာင္မေလးေတြေႂကြေစဖို႔ အသုံးခ်ပစ္ပါ။အခုေဖာ္ျပသြားတဲ့ အခ်က္ေလးေတြကို လုပ္တာနဲ႔လည္း က်ိန္းေသ ေႂကြေစမယ္လို႔ေတာ့မေျပာလိုေပမယ့္ အနည္းနဲ႔အမ်ားေတာ့ စိတ္ထဲမွာ အမွတ္ေပးျခင္းကို ခံရမွာပါ။

ကိုယ္က ဘာလို႔ FA ျဖစ္ေနတာလဲဆိုတာကို ဒီအခ်က္ေလးေတြကိုေရာ လုပ္ျဖစ္ရဲ႕လားဆိုတာနဲ႔ျပန္ေမးၾကည့္ပါ။

FA ဘဝကေနလြတ္ေျမာက္ေစဖို႔ နည္းလမ္းေလးေတြျပသလိုက္ၿပီဆိုေတာ့ ႀကိဳးစားၿပီးလုပ္ၾကည့္မယ္ဆိုရင္ အေႏွးနဲ႔အျမန္ေတာ့ ျမႇားနတ္ေမာင္ရဲ႕ ျမႇားလာမွန္မွာပါ။

Credit