Knowledge

ဒီလိုတွေဖြစ်နေပြီဆိုရင် ခေါင်းအုံးကို သန့်အောင် ဂရုစိုက်နော်

ဒီလိုတွေဖြစ်နေပြီဆိုရင် ခေါင်းအုံးကို သန့်အောင် ဂရုစိုက်နော်

နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေက ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်ရဲ့အလှအပနဲ့ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ခုဖော်ပြပေးမှာကတော့ သင့်ရဲ့ ဆံပင်နဲ့မျက်နှာအသားအရေမှာဖြစ်တတ်တဲ့ လက္ခဏာတွေပါ။

တကယ်လို့ ဒီလက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ သင့်ခေါင်းအုံးကြောင့်ဖြစ်နေနိုင်တာကြောင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာ အောက်မှာ ဆက်ပြီးဖော်ပြပေးပါ့မယ်။

(၁) ဝက်ခြံတွေပေါက်လာတယ်သင့်မျက်နှာမှာ တခြား ထွေထွေထူးထူး အကြောင်းပြချက်မရှိဘဲ ဝက် ခြံ တွေတအားထွက်နေတယ် ဆိုရင်တော့ သင့်ခေါင်းအုံး နဲ့ ခေါင်းအုံးစွပ် ညစ်ပတ်နေလို့ဖြစ်နိုင်ပါတယ်။

ညစ်ပတ်တဲ့ခေါင်းအုံးဟာ ပါးပြင်ကို ထိကပ်တဲ့အခါ ဘက်တီးရီးယားတွေကနေတစ်ဆင့် ဝက်ခြံဖြစ်ပွားစေတာဖြစ်ပါတယ်။

(၂) အရေးကြောင်းတွေဖြစ်နေတယ်

သင်အိပ်တဲ့ပုံစံ ဒါမှမဟုတ် ခေါင်းအုံးစွပ်က သင့်မျက်နှာမှာ အရေးကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ကြမ်းတမ်းတဲ့ ၊ခေါင်းအုံးစွပ်ဟာ သင့်မျက်နှာကို ပွတ်ဖန်များလာတဲ့အခါမှာ အရေးကြောင်းတွေဖြစ်သွားတာပါ။

(၃) ဆံပင်တွေ ကျိုးကြေကုန်တယ်

ကြမ်းတမ်းတဲ့ခေါင်းအုံးစွပ်ဟာ ဆံပင်ကိုပွတ်တိုက်ဖန်များလာတဲ့အခါ သင့်ဆံပင်ဟာ ခြောက်သွေ့ကြမ်းတမ်းသွားပြီး ကျိုးကြေကုန်တာဖြစ်ပါတယ်။

(၄) နိုးလာတဲ့အခါ မျက်နှာတင်းနေတယ်

အိပ်ရာနိုးနိုးချင်းမျက်နှာအရေပြားက တင်းနေတယ်၊ ဒါမှမဟုတ် ယားယံနေတယ်ဆိုရင်တော့ သင့်ခေါင်းအုံးစွပ်ရဲ့ အသားနဲ့ဓာတ်မတည့်လို့ဒါမှမဟုတ် ခေါင်းအုံးစွပ်ကို၊လျှော်တုန်းက အသုံးပြုခဲ့တဲ့ ဆပ်ပြာမှုန့်မစင်လို့၊ ဒါမှမဟုတ် ဓာတ်မတည့်လို့ဖြစ်နိုင်ပါတယ်။

တကယ်လို့ဒီပြသနာတွေကို ရင်ဆိုင်နေရရင်တော့ သင့်ခေါင်းအုံးက ပြသနာရှိနေတာပါ။

ဒါကြောင့် ခေါင်းအုံးအသစ်လဲပေးတာ၊ နေပူထဲ မကြာခဏ ထုတ်လှမ်းပေးတာ၊ ဖဲသားခေါင်းအုံးစွပ်ကို အသုံးပြုပေးတာနဲ့၊

ခေါင်းအုံးစွပ်ကို သန့်ရှင်းနေအောင် ထားဖို့က ဒီပြသနာတွေကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေပါပဲ။

CreditZawgyi

ဒီလိုေတြျဖစ္ေနၿပီဆိုရင္ ေခါင္းအုံးကို သန္႔ေအာင္ ဂ႐ုစိုက္ေနာ္

ေန႔စဥ္အသုံးျပဳေနတဲ့ ပစၥည္းေတြက ကိုယ္မသိလိုက္ခင္မွာပဲ ကိုယ့္ရဲ့အလွအပနဲ႔ က်န္းမာေရးကို ထိခိုက္ေစတတ္ပါတယ္။

ခုေဖာ္ျပေပးမွာကေတာ့ သင့္ရဲ့ ဆံပင္နဲ႔မ်က္ႏွာအသားအေရမွာျဖစ္တတ္တဲ့ လကၡဏာေတြပါ။တကယ္လို႔ ဒီလကၡဏာေတြ ျဖစ္ေနၿပီဆိုရင္ေတာ့ သင့္ေခါင္းအုံးေၾကာင့္ျဖစ္ေနနိုင္တာေၾကာင့္ ဘယ္လိုေျဖရွင္းရမလဲဆိုတာ ေအာက္မွာ ဆက္ၿပီးေဖာ္ျပေပးပါ့မယ္။

(၁) ဝက္ၿခံေတြေပါက္လာတယ္

သင့္မ်က္ႏွာမွာ တျခား ေထြေထြထူးထူး အေၾကာင္းျပခ်က္မရွိဘဲ ဝက္ ၿခံ ေတြတအားထြက္ေနတယ္ ဆိုရင္ေတာ့ သင့္ေခါင္းအုံး နဲ႔ ေခါင္းအုံးစြပ္ ညစ္ပတ္ေနလို႔ျဖစ္နိုင္ပါတယ္။

ညစ္ပတ္တဲ့ေခါင္းအုံးဟာ ပါးျပင္ကို ထိကပ္တဲ့အခါ ဘက္တီးရီးယားေတြကေနတစ္ဆင့္ ဝက္ၿခံျဖစ္ပြားေစတာျဖစ္ပါတယ္။(၂) အေရးေၾကာင္းေတြျဖစ္ေနတယ္

သင္အိပ္တဲ့ပုံစံ ဒါမွမဟုတ္ ေခါင္းအုံးစြပ္က သင့္မ်က္ႏွာမွာ အေရးေၾကာင္းေတြ ျဖစ္ေစနိုင္ပါတယ္။

ၾကမ္းတမ္းတဲ့ ေခါင္းအုံးစြပ္ဟာ သင့္မ်က္ႏွာကို ပြတ္ဖန္မ်ားလာတဲ့အခါမွာ အေရးေၾကာင္းေတြျဖစ္သြားတာပါ။

(၃) ဆံပင္ေတြ က်ိဳးေၾကကုန္တယ္

ၾကမ္းတမ္းတဲ့ေခါင္းအုံးစြပ္ဟာ ဆံပင္ကိုပြတ္တိုက္ဖန္မ်ားလာတဲ့အခါ သင့္ဆံပင္ဟာ ေျခာက္ေသြ႕ၾကမ္းတမ္းသြားၿပီး က်ိဳးေၾကကုန္တာျဖစ္ပါတယ္။(၄) နိုးလာတဲ့အခါ မ်က္ႏွာတင္းေနတယ္

အိပ္ရာနိုးနိုးခ်င္းမ်က္ႏွာအေရျပားက တင္းေနတယ္၊ ဒါမွမဟုတ္ ယားယံေနတယ္ဆိုရင္ေတာ့ သင့္ေခါင္းအုံးစြပ္ရဲ့ အသားနဲ႔ဓာတ္မတည့္လို႔ဒါမွမဟုတ္ ေခါင္းအုံးစြပ္ကို၊

ေလၽွာ္တုန္းက အသုံးျပဳခဲ့တဲ့ ဆပ္ျပာမႈန္႔မစင္လို႔၊ ဒါမွမဟုတ္ ဓာတ္မတည့္လို႔ျဖစ္နိုင္ပါတယ္။

တကယ္လို႔ဒီျပသနာေတြကို ရင္ဆိုင္ေနရရင္ေတာ့ သင့္ေခါင္းအုံးက ျပသနာရွိေနတာပါ။

ဒါေၾကာင့္ ေခါင္းအုံးအသစ္လဲေပးတာ၊ ေနပူထဲ မၾကာခဏ ထုတ္လွမ္းေပးတာ၊ ဖဲသားေခါင္းအုံးစြပ္ကို အသုံးျပဳေပးတာနဲ႔၊ေခါင္းအုံးစြပ္ကို သန္႔ရွင္းေနေအာင္ ထားဖို႔က ဒီျပသနာေတြကို ေျဖရွင္းေပးနိုင္တဲ့ နည္းလမ္းေတြပါပဲ။

Credit