တစ်စုံတစ်ယောက်က သင့်ကို အရမ်းလွမ်းနေမှန်းသိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုးအချစ်မှာ ထူးဆန်းတဲ့ မှော်စွမ်းအင်ရှိတယ်လို့၊
(၂) မထင်မှတ်ပဲတွေ့တယ်
Credit
unicode
အချစ်မှာ ထူးဆန်းတဲ့ မှော်စွမ်းအင်ရှိတယ်လို့လူတစ်ချို့ကပြောကြပါတယ် ။ချစ်တဲ့စိတ်နဲ့ တစ်စုံတစ်ယောက်က၊ကိုယ့်ကိုလွမ်းတဲ့အခါသူတို့ကိုယ်တိုင်က ဖွင့်မပြောရင်တောင်သဘာဝတရားကြီးက သူတို့အစား ပြောပေးတတ်ပါတယ် ။
လူတစ်ယောက်က သင့်ကို ဖွင့်မပြောပဲတိတ်တိတ်လေးအရမ်းလွမ်းနေတယ်ဆိုတာကိုသိနိုင်မယ့်လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်နော် ။
(၁) အိပ်မက်မက်တယ်
အိပ်မက်ဆိုတာ စိတ်ဝိညာဉ်မှာဖြစ်နေတဲ့ အရာတစ်ခုပါ။တစ်စုံတစ်ယောက်ရဲ့အကြောင်းကို မပြောမိ၊မတွေးမိပေမယ့် အိပ်မက်ထဲမှာသူ့ကို တွေ့တယ်ဆိုရင်တော့သင့်ကို သူအရမ်းလွမ်းပြီး သတိရနေလို့ပါပဲ ။
သင့်အကြောင်းကို ထပ်ခါထပ်ခါတွေးလွန်းပြီးသူ့ရဲ့စိတ်က သင့်အနားမှာပဲတဝဲလည်လည်ဖြစ်နေလို့ပါပဲနော် .။
(၂) မထင်မှတ်ပဲတွေ့တယ်
သင့်ကို တစ်စုံတစ်ယောက်က အရမ်းလွမ်းတဲ့အခါမမျှော်လင့်ပဲ သူနဲ့ဆုံတာမျိုး၊မချိန်းထားပဲနဲ့ တစ်နေရာတည်းကိုအတူတူရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ် ။သင့်ဖက်ကတိုက်ဆိုင်မှုလို့ ထင်ကောင်းထင်နိုင်ပေမယ့်တကယ်တော့ သင့်က ဒါမှမဟုတ်
တစ်ဖက်လူက သင့်ကို အရမ်းသတိရနေလို့ဖြစ်ပါတယ်နော် ။
(၃) စိတ်တွေစုစည်းမရဖြစ်နေမယ်
တစ်ခါတလေ ဘာကိုလွမ်းလို့လွမ်းမှန်းမသိပဲ ဆွေးနေတယ်၊ငိုချင်သလိုလို ဖြစ်နေတယ်ဆိုရင်တော့ဒါဟာ သင့်ကို တစ်ယောက်ယောက်ကအရမ်းလွမ်းနေလို့ပါတဲ့ ။သင့်ကိုလွမ်းလွန်း လို့ခံစား နေရတဲ့သူ့ရဲ့ခံ စားချက်တွေကသင့် ဆီ မှာရောင် ပြန် ဟပ်နေတဲ့သဘော ပေါ့လေ ။
အချိန်ပေးဖတ် ရှု ပေးတဲ့ ပရိတ်သတ် ကြီးကိုကျေးဇူး အထူး တင်ရှိ ပါသည် ။
Credit