Knowledge

အရွယ်တင်နုပျိုချင်တဲ့ မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု

အရွယ်တင်နုပျိုချင်တဲ့ မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခုမိန်းကလေးတိုင်း မလှချင်တဲ့သူ၊ မနုပျိုချင်တဲ့သူ မရှိပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း ၊

အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နုပျို လှပတဲ့သူ၊ အမြဲတမ်းလှပနေတဲ့သူ ဖြစ်ချင်ကြပါတယ်။

အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်း မဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာလျှို့ဝှက်ချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကို အပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေလိုက်ပါ။

မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကို မျက်နာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်ပေးပါ။

တစ်ပတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေစေပါလိမ့်မယ်။(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက် ပေါင်းတင်ဆေး”

ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊ အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ …။

၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။ သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင် အမည်းစက်တွေ သိသိသာသာလျော့ပါးလာတာကို တွေ့ရပါလိမ့်မယ်။

(၃) ဆားဝက်ခြံပျောက် ပေါင်းတင်ဆေး”ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကို ရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက် ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာ၊

တစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။ ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။

တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကို တဖြည်းဖြည်းသက်သာ ပျောက်ကင်းလာစေပါလိမ့်မယ်နော်။

Credit

Unicode