Knowledge
မိန်းကလေးတွေ ကိုယ့်ရည်းစားကိုယ် သည်းနေအောင် မချစ်ပြသင့်တဲ့ အကြောင်းအရင်း (၅)ချက်
ဒါပေမယ့် လိုတာထက်ပိုပြီး ကိုယ်ချစ်နေတာကို သည်းသည်းလှုပ်မဖော်ပြသင့်ပါဘူး။ ဒီလိုမဖော်ပြသင့်ရတဲ့ အကြောင်းအရင်း (၅) ချက်ကတော့ ၊
ဒီလိုပါ။ လူတိုင်းဒီလိုဖြစ်မယ်ရယ်လို့တော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေအများဆုံး အရာတွေကို ဖော်ပြပေးထားတာပါနော် ။(၁) အနိုင်ယူလာမယ်
ယောကျ်ားတွေဟာ ပင်ကိုဗီဇကိုက အနိုင်ယူချင်စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။ တကယ်လို့ သင်သာ သူ့ကို သည်းသည်းလှုပ်ချစ်ပြလိုက်မယ်၊
ဒါမှမဟုတ် သူ့ကိုသင် အရမ်းချစ်နေတာကို သိသွားမယ်ဆိုရင်တော့ သင့်ကို အနိုင်ယူလာတော့မှာပါ။ ဒါကြောင့်မို့လို့ ယောကျ်ားတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ထုတ်မပြတာ အကောင်းဆုံးပါပဲ။
(၂) တန်ဖိုးမထားတော့ဘူး
သင့်ချစ်သူကို သူမရှိပဲမနေနိုင်တဲ့ ပုံစံလုံးဝမလုပ်ပြပါနဲ့။ ဒီပုံစံကိုမြင်သွားရင် ဒါမှမဟုတ် သင်ဒီလိုဖြစ်နေတာကို သိသွားရင် သင့်ကို အရင်လို တန်ဖိုးထားတော့မှာ မဟုတ်ပါဘူး။ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်တဲ့၊ ချစ်သူမရှိလည်း ကိယ့်ဘာသာကို ကောင်းကောင်းနေတတ်တဲ့ သူမျိုးကိုမှ ယောကျ်ားလေးတွေက တန်ဖိုးထားတာပါ။
ဒါကြောင့် သူူ့ကို သည်းသည်းလှုပ်ချစ်မပြသင့်သလို သူ မရှိဘဲမနေနိုင်တဲ့ပုံစံလည်း မဖြစ်စေပါနဲ့။
(၃) ဂရုစိုက်တာတွေလျော့လာမယ်
သင့်ချစ်သူကို သင်သည်းသည်းလှုပ်ချစ်ပြပြီး အမြဲတမ်း သူ့ကို တွယ်ကပ်နေမယ်ဆိုရင်တော့ သင့်ကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။
သင်ဟာ သူ ဂရုမစိုက်ရင်တောင် သူ့ကိုဂရုစိုက်နေမယ့်သူမျိုးဖြစ်တယ်ဆိုတာ သူသိလိုက်တာနဲ့ သင့်ကို အချိန်တွေပေး၊
စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ လိုတာထက်ပိုပြီး အရမ်းဂရုစိုက်မပြတာ အကောင်းဆုံးပါပဲ။(၄) မချော့တော့ဘူး
သင့်ချစ်သူကို သည်းသည်းလှုပ်ချစ်ပြပြီး စိတ်ကောက်တဲ့ အချိန်တွေမှာလည်း ကြာကြာမချော့လိုက်ရပဲ ချက်ချင်းစိတ်ပြန်ပြေတာမျို၊
း မလုပ်ပါနဲ့။ အကြောင်းကတော့ သင့်ချစ်သူက သင့်ကိုသူ မချော့လည်း သင့်ဘာသာသင်စိတ်ပြေတယ် ဆိုတာကို သိသွားရင် ၊
သင့်ကို စိတ်ရှည်ရှည်နဲ့ချော့တော့မှာ မဟုတ်သလို သင်ဘယ်လောက်ပဲ စိတ်တို၊ ဒေါသထွက်ထွက် အရေးစိုက်တော့မှာ မဟုတ်ပါဘူးနော်
(၅) ပင်ပန်းမယ်သင့်ချစ်သူကို သင် သည်းသည်းလှုပ်ချစ်ပြလိုက်ရင် သူ့ရဲ့ ပြောင်းလဲလာတဲ့ အချိုးတွေကြောင့် လူပင်ပန်းစိတ်ပင်ပန်းရမှာ သင်ပါပဲ။
သင်ချစ်သလောက် သူက ပြန်မချစ်တဲ့အခါ၊ သင်ချစ်ပြသလို သူက ချစ်မပြတဲ့အခါ သင့်ရဲ့ မာနတွေကို ထိခိုက်ရုံသာမက သင်ကိုယ်တိုင်လည်း၊
အမြဲတမ်း စိတ်တိုဒေါသထွက်ပြီး အလိုမကျဖြစ်နေရမှာပါ။ ဒါကြောင့် အစကတည်း သူ့ကို အရမ်းချစ်မပြပဲ ခပ်တင်းတင်းလေးနေတာ အကောင်းဆုံးပါပဲ။
Credit