Knowledge

ယောကျာ်းလေးတွေလုံးဝထုတ်ပြောမှာမဟုတ်တဲ့ သူတို့စိတ်ထဲက အမှန်တရား(၇)ခု

ယောကျာ်းလေးတွေလုံးဝထုတ်ပြောမှာမဟုတ်တဲ့ သူတို့စိတ်ထဲက အမှန်တရား(၇)ခု

ယောကျာ်းလေးတွေအကြောင်း မိန်းကလေးတွေက သိလှပြီလို့ထင်ထားပေမယ့် တကယ်တမ်းမှာတော့ ယောကျာ်းလေးတွေနဲ့ ပတ်သက်ပြီး မိန်းကလေးတွေ မသိသေးတဲ့ အရာတွေ ရှိလို့နေပါတယ်။ဒီအရာတွေက သူတို့တွေနဲ့ ပတ်သက်တဲ့ မိန်းကလေးတိုင်း မသိနိုင်သေးတဲ့ အရာတွေပါ။

(1) ကျန်းမာတဲ့ မိန်းကလေးပုံစံမျိုးကို ပိုသဘောကျတတ်တယ်

ယောကျာ်းလေးတွေက မိန်းကလေးပုံစံတွေထဲမှာ ကျန်းမာသန်စွမ်းတဲ့ပုံပေါ်တဲ့ မိန်းကလေးမျိုးကို ပိုသဘောကျတတ်ကြပါတယ်တဲ့။

ဆိုလိုချင်တာကတော့ ပျော့တိပျော့ဖတ် မိန်းကလေးမျိုးထက် နည်းနည်း ကြံခိုင်တဲ့ မိန်းကလေးပုံစံမျိုးကို သဘောကျတတ်ကြတာပါ။

နောက်ပြီး ပိန်ပိန်သွယ်သွယ် မိန်းကလေးတွေထက် ရှိသင့်တဲ့ ဝိတ်မျိုးရှိတဲ့ ခန္ဓာကိုယ် ပြည့်ပြည့်နဲ့ မိန်းကလေးမျိုးကို ပိုသဘောကျတတ်ကြပါတယ်။(2) ယောကျာ်းတွေက တူညီတဲ့ အရာမျိုးကို စိတ်ဝင်စားတတ်ကြတယ်

လေ့လာချက်တွေအရ ယောကျာ်းလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေ စိတ်ဝင်စားတဲ့ အရာမျိုးကို လိုက်စိတ်ဝင်စားတတ်ကြပါတယ်တဲ့။

ဒါကတော့ မိန်းကလေးတွေနဲ့ လုံးဝမတူညီတဲ့အချက်တစ်ခု ဖြစ်ပြီးတော့ ယောကျာ်းလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ ၊

အားကစားတွေ အတူလုပ်ဖြစ်တာမျိုးက ဒီလိုမျိုး သူတို့ရဲ့ တူညီတဲ့ အချက်တွေကို ဖော်ပြနေတာပါ။

(3) ယောကျာ်းလေးအချင်းချင်း ချီးကျူးတာကို နှစ်သက်တတ်ကြတယ်မိန်းကလေးတွေ မသိသေးတဲ့အကြောင်းအရာထဲက တစ်ခုက ယောကျာ်းလေးတွေဟာ သူတို့အချင်းချင်း ချီးကျူးတာမျိုးကို ခံချင်တတ်ကြတာပါပဲ။

ဒီလို ယောကျာ်းလေးအချင်းချင်းဆီက ချီးကျူးခံရခြင်းဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုပိုရှိစေပြီး ကိုယ့်ကိုယ်ကို လေးစားမှုကို ဖြစ်စေပါတယ်။

(4) ယောကျာ်းလေးတွေဟာ မိန်းကလေးတွေထက် နှစ်ဆလိမ်ညာတတ်တယ်

ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပိုပြီး လိမ်ညာပြောတတ်ကြပါတယ်တဲ့။ မိန်းကလေးတစ်ယောက် တစ်ရက်ကို သုံးကြိမ်လောက်၊လိမ်ညာပြောတတ်တယ်ဆိုရင် ယောကျာ်းလေးတွေက တစ်ရက်ကို ခြောက်ကြိမ်လောက်ကို လိမ်ညာတတ်ကြပါတယ်တဲ့။

(5) အကြောက်လွယ်တတ်တယ်

ယောကျာ်းလေးတွေဟာ မိန်းကလေးတွေ ထင်ထားတာထက်ကို အကြောက်လွယ်တတ်ကြပါတယ်။ သူတို့တွေ စိတ်မဝင်စားတတ် မိန်းကလေးကို မချည်းကပ်တာတာမျိုး ဖြစ်နိုင်ပေမယ့် ၊

ချည်းကပ်ရတာ ရှက်နေတာ၊ ကြောက်နေတာမျိုးကြောင့်လည်း မချည်းကပ်ဝံ့တာမျိုး ဖြစ်တတ်ပါတယ်။

(6) သူတို့ရဲ့ IQ က သူတို့နေ့စဉ်ဘဝကို ထင်ဟပ်နေတယ်

ယောကျာ်းလေးတစ်ယောက် IQ ဘယ်လောက်ရှိတယ်ဆိုတာဟာ သူ့နေထိုင်တဲ့ lifestyle ကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။ဆိုလိုချင်တာကတော့ IQ နည်းတဲ့သူ၊ စိတ်ခံစားမှုပြသနာတွေ ရှိတဲ့သူဆိုရင်တော့ တစ်ချိန်လုံး သောက်စားပျော်ပါးနေတတ်ပြီ၊

း IQ မြင့်တဲ့ အမျိုးသားတွေကတော့ ကျန်းမာတဲ့ lifestyle နဲ့ ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိပါတယ်။

(7) သူတို့ဘဝအတွက် တစ်စုံတစ်ယောက်ကို ရှာဖွေနေတတ်တယ်

ယောကျာ်းလေးအများစုဟာ အသက်အရွယ်တော်တော်များများမှာ သူတို့ဘဝရဲ့ မိန်းကလေးကို ရှာဖွေနေတတ်ကြပါတယ်တဲ့။သူတို့ဘဝအတွက် ပြီးပြည့်စုံတဲ့မိန်းကလေးကို ရှာဖွေတွေ့ရှိဖို့ အချိန်တော်တော်များများကို အသုံးချတတ်ကြပါတယ်။

Credit