ယောကျာ်းလေးတွေဟာ သူတို့ဘယ်လောက်ပဲချစ်ချစ် အိမ်ထောင်ဖက်အဖြစ်ရွေးချယ်လို့အဆင်မပြေတဲ့သူကို လက်ထပ်ဖို့မစဉ်းစား ကြပါဘူး။
အိမ်ထောင်ဖက်အဖြစ်၊ လက်တွဲဖော်အဖြစ်ရွေးချယ်တဲ့အခါ အခုလို အချက်တွေနဲ့ပြည့်စုံတဲ့ မိန်းကလေးမျိုးကို ရွေးချယ်တတ်ကြပါတယ်။(၁) ပြင်ပရုပ်ရည်သွင်ပြင်ကိုဂရုစိုက်တဲ့သူ
အလှအပကိုအရမ်းဦးစားပေးလွန်းတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး ကြည့်ကောင်းနေအောင် ၊ လူအမြင်မှာတင့်တယ်အောင် အမြဲဂရုတစိုက်ရှိတဲ့မိန်းကလေးမျိုး။
(၂) စကားအပြောအဆိုလိမ္မာတဲ့သူ
ကိုယ့်ကိုပြောလာတဲ့စကားကို ဘယ်လိုတုံ့ပြန်ရမလဲသိတဲ့သူ၊ မိုက်ရိုင်းတဲ့စကားအသုံးအနှုန်းတွေ မပြောတတ်တဲ့သူ၊ကိုယ့်ကိုစိတ်အနှောက်အယှက်ပေးလာသူတွေကို ပညာသားပါပါတုံ့ပြန်နိုင်တဲ့မိန်းကလေးမျိုး။
(၃) ဘဝရည်မှန်းချက်ရှိတဲ့သူ
ကိုယ်ဘာဖြစ်ချင်လဲ ရှင်းရှင်းလင်းလင်းသိပြီး ဘဝကိုပေါ့ပျက်ပျက်မဖြတ်သန်းဘဲ ရည်မှန်းချက်ရှိတဲ့မိန်းကလေးမျိုး။
(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူ
ကိုယ့်ကိုယ်ကို သံသယမဝင်ဘဲ၊ ဘာလုပ်လုပ်တွန့်ဆုတ်မနေဘဲ ယုံကြည်မှုရှိတဲ့မိန်းကလေးမျိုး။(၅) ကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်လို့စိတ်ကျေနပ်မှုရှိတဲ့သူ
ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ မလိုမကျဖြစ်မနေဘဲ စိတ်ကျေနပ်မှုရှိတဲ့ မိန်းကလေးမျိုး။
(၆) ကိုယ့်ကိုယ်ကိုဂရုစိုက်တတ်တဲ့သူ
ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ အရာရာကိုဂရုစိုက်တတ်ပြီး ကိုယ့်ကိုယ်ကိုထိခိုက်အောင် မလုပ်တဲ့မိန်းကလေးမျိုး။
(၇) ကိုယ့်အရည်အချင်းကိုသိတဲ့သူ
ကိုယ့်ရဲ့အားသာချက်၊ ကိုယ်လုပ်နိုင်တဲ့အရာတွေကို ကောင်းကောင်းနားလည်ပြီး ကိုယ့်ရဲ့အရည်အချင်းကို သိနားလည်တဲ့မိန်းကလေးမျိုး။(၈) လွတ်လပ်ပွင့်လင်းတဲ့သူ
လျှို့ဝှက်ချက်တွေများပြီး အရာရာဖုံးကွယ်ထားတတ်သူမျိုးမဟုတ်ဘဲ အမြဲလိုလိုပေါ့ပါးသွက်လက်ပြီး လွတ်လပ်ပွင့်လင်းတဲ့မိန်းကလေးမျိုး။
(၉) ကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့သူ
ဘယ်လိုအခြေအနေမျိုးဖြစ်လာလာ ကိုယ့်တန်ဖိုးကိုယ်မချဘဲ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့မိန်းကလေးမျိုး။
(၁၀) သူတို့ကိုရယ်မောစေတဲ့သူ
ကိုယ့်အနားမှာရှိတဲ့အခါ ပျော်ရွှင်အောင်လုပ်ပေးနိုင်ပြီး သူတို့ကိုရယ်မောစေတတ်တဲ့မိန်းကလေးမျိုး။
ဒီအချက်တွေထဲက ငါးချက်နဲ့အထက်ရှိတဲ့မိန်းကလေးမျိုးဆိုရင် ချစ်သူ၊
အိမ်ထောင်ဖက်ရဲ့တန်ဖိုးထားလေးစားမှုတင်မက လူမှုပတ်ဝန်းကျင်ရဲ့ အထင်ကြီးလေးစားမှုကိုပါ ပိုင်ဆိုင်ရပါလိမ့်မယ်။
Credit
Unicode