Knowledge

ရုပ်ချောလွန်းတဲ့သူတွေမှာပဲ ရှိနေတတ်တဲ့ မကောင်းတဲ့ အချက် (၅) ချက်

လှတဲ့သူတွေကို လူတော်တော် များများက နှစ်သက် တတ်ကြ ပါတယ်။ ရုပ်ရည်ပေါ် မူတည်ပြီး ရုပ်ဆိုးတဲ့ သူတွေက အကျင့်ဆိုးတယ် ဆိုတာတွေပါ ပြောလေ့ ရှိကြတာမျိုးတွေလည်း ရှိပါတယ်။တကယ်တော့ လှတဲ့ သူတွေ မှာလည်း မကောင်းတဲ့ အချက်တွေ ရှိနေ ပါတယ်။ လှလွန်းပြီး သူများက ရုပ်ချောကြောင်း ချီးကျူးခံရတဲ့ သူအချို့မှာ အခုလို မကောင်းတဲ့အချက်တွေ ရှိနေပါတယ်။

(၁) ရုပ်ချောတဲ့သူကိုသာ ချစ်သူအဖြစ် စဉ်းစားတယ်

ရုပ်ချောတဲ့ သူတွေက သူတို့လို ရုပ်ရည် ရှိတဲ့ သူမျိုးကိုသာ ထည့်တွေးတတ်ကြပါတယ်။ ရုပ်ဆိုးတဲ့သူ တစ်ယောက်က ချစ်ခွင့်ပန်ရင် သူတို့က မလေးမစား ပြုမူ တတ်ကြ ပါတယ်။သူတို့ကတော့ ရုပ်ရည်ခွဲခြားမှု မရှိဘူး ဆိုရင်တောင် သူငယ်ချင်း အဖြစ်မှာ မရှိတာ ဖြစ်ပြီး အချစ်ရေးမှာ ရုပ်ရည်ကိုပါ ထည့်သွင်း စဉ်းစားလေ့ ရှိတာက သူတို့ရဲ့ မကောင်းတဲ့အချက်တစ်ခုပါပဲ။

(၂) ဟန်ဆောင်တတ်တယ်

လှတဲ့သူ အချို့တော့ စိတ်ထားမကောင်းဘူး ဆိုတာကို လူမသိစေချင်တတ်ကြပါဘူး။ စိတ်ထားပုတ်ပြီး အပြုံး လှလှလေးတွေနဲ့ ဖုံးကွယ် ထားတတ် ပါတယ်။

ဒါ့အပြင် ခွဲခြားတတ်တဲ့စိတ်တွေ ရှိနေ ရက်သားနဲ့ သဘောကောင်းချင်ယောင်ဆောင် တာမျိုးတွေ လည်း ရှိပါတယ်။

လူတွေ နောက်ကွယ်ကျ တစ်မျိုး ရှေ့ကျ တစ်မျိုး နေထိုင်တတ်တဲ့သူတို့က သိပ်ကြောက်စရာကောင်း လှပါတယ်။(၃) ကိုယ့်ထက် လှရင် မနာလို ဖြစ်တယ်

လှတဲ့သူတွေက လှတာကို သဘောကျ ပါတယ်။ ဒါကြောင့် သူတို့ကို လှတယ် ချောတယ် ပြောတာကို သဘောကျနေသလို ၊

သူတို့ထက် တခြား တစ်ယောက်က ပိုပြီး ချောတယ်လို့ အပြောခံရတ့အခါမှာ သူတို့က မနှစ်မြို့တတ်ပါဘူး။

ဒီလို မနာလို စိတ်က သူတို့အတွက် မကောင်းတဲ့ စိတ်တစ်ခု ပါပဲ။ ရုပ်ရည်ဆိုတာ ရုပ်ရည်သက်သက်ပဲလို့ သူတို့က မတွေး တတ်တာ ဖြစ်ပါတယ်။(၄) အမြဲ ချီးကျူးခံချင်တယ်

သူတို့တွေက ရုပ်ချောတာကြောင့် အခုလိုလည်း ခံစားနေ ရတတ် ပါတယ်။ သူတို့ကို ရုပ်မချောဘူးလို့ အပြောခံ ရတာ ကြောက်သလို ၊

သူတို့ကို မချီးကျူးတော့ မှာကို သိပ်ကို စိုးရိမ်တတ်ကြ ပါတယ်။ သူတို့က ဒါကြောင့် ရုပ်ရည်ကို အမြဲ ဂရုစိုက်လေ့ ရှိပါတယ်။

(၅) စိတ်ထားကို ဦးစားပေးဖို့ မေ့နေတယ်

လောကမှာ ရုပ်ရည်ထက် စိတ်ထားက ဦးစားပေး ဖြစ်သင့်ပါတယ်။ စိတ်ထားတတ်မှသာ စိတ်ချမ်းသာမှုတွေလည်း ရမှာ ဖြစ်သလို လူကောင်း တစ်ယောက်လည်း ဖြစ်မှာပါ။ဒါပေမယ့်လည်း ရုပ်ချောတဲ့ သူတွေကတော့ ရုပ်ရည်ကို ကြည့်ကောင်းအောင် ဂရုစိုက်နေပြီး စိတ်ထားကောင်းအောင်နေဖို့ မေ့နေကြပါတယ်။

Credit