Sport

ထိပ်တန်းခြေစွမ်းတွေပြသလိုက်တဲ့ ယူနိုက်တက်ခံစစ်မှူးဗာရိန်း

ထိပ်တန်းခြေစွမ်းတွေပြသလိုက်တဲ့ ယူနိုက်တက်ခံစစ်မှူးဗာရိန်း

မနေ့က ယှဉ်ပြိုင်ကစားတဲ့ France vs Austria ပွဲစဉ်မှာ ယူနိုက်တက်ကစားသမား ဗာရိန်းဟာ ပြင်သစ် အသင်းခေါင်းဆောင်အနေနဲ့ ပါဝင်ကစားခဲ့ပါတယ်။

လက်ပတ်ကြီးတပ်ပေးလိုက်တာ ကိုကလန့်နေရတယ်။
ခြေစွမ်းကလဲ အားရစရာကောင်းသလို ဒဏ်ရာရမယ့်အခြေနေတွေကိုလဲ ကျနော်တို့ စိုးရိမ်နေရပါတယ်။

မနေ့က Austria နဲ့ပွဲစဥ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး အနာတိုဗစ်လိုအမြင့်ဘောအားသန်တဲ့တိုက်စစ်မူးတွေကြားကအမြင့်ဘောယှဥ််ပြီးရှင်းထုတ်နိုင်မူ ( Aerials ) (3)ကြိမ် (တသင်းလုံးအများဆုံး)ထိရှိခဲ့ပါတယ်။

Tackles Attempted (1)ကြိမ်၊ Interceptions (1) ကြိမ်၊ Pass Accuracy(92)% နူန်းထိရှိခဲ့ပြီးအဝေးဘော (3)ကြိမ်တိကျအောင်ပေးပို့နိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းမှာကတောင့်တင်းတဲ့လူစာရင်းကြောင်း အားစိုက်ထုတ်စရာမလိုဘူးဆိုပေမယ့်ဗာရိန်းကတော့ထိပ်တန်းခြေစွမ်းတခုကိုထပ်မံပြသခဲ့ပါတယ်။အသင်းကလဲ(2)ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဇော်ဂျီဖြင့်ဖတ်ရန်






Credit