Sport

နောက်တန်းခံစစ်မှူးတစ်ဦးကိုရောင်းချသွားတော့မယ့် အဲရစ်တန်ဟတ်

နောက်တန်းခံစစ်မှူးတစ်ဦးကိုရောင်းချသွားတော့မယ့် အဲရစ်တန်ဟတ်

ပရီးမီးယားလိဂ်နာမည်ကြီးကလပ်မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ဂန္တဝင်ခံစစ်မှူးတဦးဖြစ်သူရီယိုဖာဒီနန်ကတော့ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်ဂ်ဟာသူတို့အသင်းရဲ့အသင်းခေါင်းဆောင်မက်ဂွိုင်းယားကိုရောင်းချဖွယ်ရှိနေကြောင်းသုံးသပ်စကားပြောကြားသွားခဲ့ပါတယ်

ဒါပေမယ့်မက်ဂွိုင်းယားကယူရို ၂၀၂၀ပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့အတူရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းသွားခဲ့ပြီးအဆိုပါဖြစ်ရပ်ရဲ့နောက်ဆက်တွဲအနေနဲ့ကလပ်အသင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်မှာပါ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ရုန်းကန်လာခဲ့ရပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာလည်းမက်ဂွိုင်းယားကရာသီအစ ၂ပွဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲထွက်လူစာရင်းထဲပါဝင်ကစားခွင့်ရခဲ့ပေမယ့်သူပါဝင်ကစားခဲ့တဲ့၂ပွဲစလုံးမှာမန်ချက်စတာယူနိုက်တက်ဟာရှုံးပွဲတွေနဲ့ကြုံတွေ့ခဲ့ရတာကြောင့်

ယူနိုက်တက်ရဲ့နည်းပြအဲရစ်တန်ဟက်ဂ်ကပရီးမီးယားလိဂ် ပွဲစဉ်(၃)မှစတင်ကာမက်ဂွိုင်းယားကိုပွဲထွက်လူစာရင်း ကနေ ဖယ်ရှားပြီးဗာရန်းနဲ့မာတီနက်ဇ်တို့ရဲ့ခံစစ်အတွဲကိုသာ အဓိကထား အသုံးပြုနေကာဗာရန်းနဲ့မာတီနက်ဇ်တို့ရဲ့အတွဲကလည်း အခုချိန်မှာ အတော်လေးကိုခြေစွမ်းကောင်းတွပြသထားနိုင်ပါတယ်။

ဒါကြောင့်ပဲဟယ်ရီမက်ဂွိုင်းယားရဲ့မန်ချက်စတာယူနိုက်တက် ကစားသမားဘဝဟာမကြာခင်မှာအဆုံးသတ်နိုင်ကြောင်း သုံးသပ်မှုတွေရှိလာပြီးယူနိုက်တက်ရဲ့ဂန္တဝင်နောက်ခံလူလည်းဖြစ်ယခုချိန်အထိအသင်းနဲ့ဆက်သွယ်မှုတွေပါရှိနေသေးတဲ့ဖာဒီနန်ကတော့တန်ဟက်ဂ်ဟာသင့်တော်တဲ့ကမ်းလှမ်းမှုသာ ရလာရင် မက်ဂွိုင်းယားကိုရောင်းချလိမ့်မယ်လို့ထုတ်ဖော်ပြောဆိုလာပါတယ်။

ဖာဒီနန်ကတကယ်လို့မက်ဂွိုင်းယားအတွက် ကမ်းလှမ်းမှုတွေသာ ရလာမယ်ဆိုရင်တန်ဟက်ဂ်ကသူ့ကို ရောင်းချလိမ့်မယ်လို့ ထင်ပါတယ်။ပြီးတော့မက်ဂွိုင်းယားကလည်း သူ့အတွက် သင့်တော်တဲ့အသင်းသာရှိမယ်ဆိုရင်အသင်းပြောင်းလိမ့်မယ်လို့ မြင်ပါတယ်။တကယ်လို့ပွဲထွက်ခွင့်သာမရဘူး ဆိုရင် မက်ဂွိုင်းယားကယူနိုက်တက်မှာ ဆက်နေမယ်လို့ မထင်ပါဘူး။

တချို့ကစားသမားတွေကပွဲထွက်ခွင့်မရလည်းပဲအသင်းမှာ ဆက်နေတတ်ကြပါတယ်။ဒါပေမယ့်မက်ဂွိုင်းယားကအဲ့ဒီလို ကစားသမားမျိုးလို့မထင်ပါဘူးမက်ဂွိုင်းယားကဘောလုံးအားကစားကိုချစ်သလိုအမြဲတမ်းပွဲထွက်ခွင့်တွေလိုချင်နေတဲ့ လူစားမျိုးပါလို့ ပြောကြားသွားခဲ့တာပါ။

ဇော်ဂျီဖြင့်ဖတ်ရန်








Credit