Sport

နာပိုလီအသင်းရဲ့ဗဟိုနောက်ခံလူကိုခေါ်ယူရန်စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

နာပိုလီအသင်းရဲ့ဗဟိုနောက်ခံလူကိုခေါ်ယူရန်စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်အသင်းရဲ့ ဗဟိုခံစစ်မှူးတစ်ဦးဖြစ်တဲ့ လင်ဒီလော့ဒ်ကိုရောင်းချသွားဖို့ဆုံးဖြတ်ထားပြီး ၎င်း၏နေရာကို အစားထိုးဖို့အတွက်နာပိုလီအသင်းမှ တောင်ကိုးရီးယားသား ဗဟိုနောက်ခံလူကိုခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

တူရကီ သတင်းဌာနတစ်ခုဖြစ်တဲ့ CNN ရဲ့ဖော်ပြချက်အရ ” မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်နာပိုလီနောက်ခံလူ Kim Min-jae ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းဖော်ပြလာခဲ့ပါသည်။

ယခုနှစ် နွေရာသီတွင်တူရကီကလပ် ဖီနာဘာချီမှ စီးရီးအေကလပ်နာပိုလီအသင်းသို့ ရောက်ရှိလာခဲ့သည့် ဗဟိုနောက်ခံလူသည် ရာသီအစတွင်ပုံစံကောင်းပြသလာနိုင်ပြီးနောက် အခြားအသင်းများ၏ စိတ်ဝင်စားမှုကိုရရှိခဲ့တာဖြစ်ပါသည်။

နာပိုလီအသင်းဟာ Kim Min-jaeကို​ေခါ်ယူဖို့ ဖီနာဘာချီအသင်းထံ စာချုပ်ဖျက်သိမ်းကြေးယူရို 19.5 သန်းထိ ပေးချေထားခဲ့ရတာကြောင့်၎င်းတို့ကစားသမားအားအလွယ်တကူထွက်ခွာခွင့်‌ပြုမည်မဟုတ်ပေ။သူဟာယခုရာသီအစကတည်းကနာပိုလီအသင်းရဲ့ပွဲထွက်လူစာရင်းတွင်ပါဝင်နေပြီးပြိုင်ပွဲစုံ8ပွဲမှာသွင်းဂိုး 2 ဂိုးသွင်းယူထားနိုင်ကာအသင်းရဲ့ခံစစ်ကြောင်းမှာအထူးခြေစွမ်းပြကစားထားနိုင်တာဖြစ်ပါတယ်။

အီတလီဂျာနယ်လစ် Gianluca Di Marzio ကအဆိုပါ တောင်ကိုးရီးယား၏တန်‌ကြေးသည် ခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားကြောင်းအတည်ပြုခဲ့ပြီးမည်သည့်ကလပ်မဆို၎င်းကို‌ခေါ်ယူဖို့အတွက်စာချုပ်ဖျက်သိမ်းကြေးယူရိုသန်း၅၀ထိပေးဆောင်ရကြောင်းအတည်ပြုခဲ့သည်။

သို့သော်လည်း၎င်းကိုလာမည့်ဇန်န၀ါရီလတွင်ခေါ်ယူ၍မရနိုင်ဘဲနောက်နှစ်နွေရာသီမှသာခေါ်ယူနိုင်မည်ဖြစ်ကြောင်းကိုလည်း၎င်းက ဖွင့်ဟခဲ့သည်။

ဇော်ဂျီဖြင့်ဖတ်ရန်







Credit