Sport

ဇာဟာကို အလွတ်ကြေးဖြင့် ခေါ်ယူမယ် ယူနိုက်တတ်နည်းပြ အဲရစ်တန်ဟဂ်

ဇာဟာကို အလွတ်ကြေးဖြင့် ခေါ်ယူမယ်ယူနိုက်တတ် နည်းပြ အဲရစ်တန်ဟဂ်

မန်ယူအသင်းသည် ယခုနွေရာသီတွင် ထိပ်တန်းကစားသမားတွေအတွက် ပေါင်သန်း 200 ကျော် အသုံးပြုထားသော်လည်း အိုးထရက်ဖို့ဒ်တွင် ကစားသမားခေါ်ယူမှုနှင့်ပတ်သက်၍ အဲရစ်တန်ဟက်၏အလုပ်မှာ မပြီးပြတ်သေးပေ။

မကြာမှီရောက်ရှိတော့မည့် ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်ပြန်ဖွင့်ချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ထပ်ကစားသမားသစ်ခေါ်ယူမှုတွေ ထပ်မံပြုလုပ်သွားဖို့ မျှော်လင့်နေပါတယ်။

နယ်သာလန်သားသည်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွက်ယူနိုက်တက်ထံအသုံးစားရိတ်ထပ်မံတောင်းခံရမည်ဖြစ်ပြီး၎င်း၏အသင်းသည်ထိပ်တန်းလေးသင်းအဆင့်ကိုရယူနိုင်ရန်နှင့်ချန်ပီယံလိဂ်တွင် ပြန်လည်ပါဝင်ခွင့်ရရန် အခွင့်အလမ်းများကိုအားကောင်းစေရန်အတွက်နောက်ထပ်ကစားသမားသစ်များစွာကို ထပ်မံခေါ်ဆောင်လာရန်ကြိုးပမ်းမည်ဖြစ်သည်။

သို့ပေမယ့် ယူနိုက်တက်ဝာာဝန်ရှိသူများဟာအဲရစ်တန်ဟဂ်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်မဟုတ်ဘဲနောက်နှစ်နွေရာသီမှသာကစားသမားသစ်တွေထပ်မံခေါ်ယူပေးဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ယူနိုက်တက်နည်းပြကြီးအဲရစ်တန်ဟဂ်ဟာအလွတ်ဖြင့်ရရှိမည့ခြေစွမ်းကောင်းကစားသမားတစ်ဦးကို ခေါ်ယူရန်စောင့်ကြည့်နေကြောင်းသိရှိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဝယ်ဖရိုင်းဒ်ဇာဟာသည်လက်ရှိစာချုပ်သက်တမ်းအရ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီးနောက်နှစ်နွေရာသီတွင်အလွတ်ကစားသမားဖြစ်လာမည်ဖြစ်သည်။သူသည်ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပြီးအသင်းကလည်း စာချုပ်သစ်ချုပ်ဆိုဖို့ကြိုးစားနေပါတယ်။

သို့ပေမယ့်ဇာဟာသည်အသင်းကြီးတစ်သင်းသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေတာကြောင့်ပဲလေစ့်အသင်းမှအလွတ်ဖြင့် ထွက်ခွာဖို့ကြိုးစားနေတယ်လို့သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။သူသည်ခရစ္စတယ်ပဲလေ့စ်အသင်းတွင် ၂၀၁၅ ခုနှစ်ကတည်းက ကစားနေပြီးပြိုင်ပွဲစုံ၂၇၃ ပွဲမှာ ၆၈ ဂိုးထိ သွင်းယူထားနိုင်ပါတယ်။

ယခုရာသီမှာလည်း ဇာဟာသည် လိဂ်ပွဲ ၅ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၄ ဂိုး သွင်းယူထားနိုင်ပြီး ခြေစွမ်းပြထားပါတယ်။ ပဲလေ့စ်အသင်းသာဇာဟာကို အချိန်မှီသက်တမ်းမတိုးနိုင်ခဲ့ပါက နောက်နှစ်နွေရာသီတွင်အလွတ်ဖြင့်ထွက်ခွာခွင့်ပြုရမည်ဖြစ်ပြီး ဇာဟာအနေဖြင့်ယခု‌ဇန်နဝါရီလတွင်အခြားအသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူထားနိုင်မှာဖြစ်ပါတယ်။ယူနိုက်တက်အသင်းအနေဖြင့်ပဲလေ့စ်အသင်းမှထွက်ခွာချင်နေတဲ့ ဇာဟာကို ခေါ်ယူရန် စောင့်ကြည့်နေပြီးလာမည့်ဇန်နဝါရီကာလတွင် အကြိုသဘောတူညီမှုရယူပြီး ခေါ်ယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။

ဇော်ဂျီဖြင့်ဖတ်ရန်








Credit