Local News

အလှမယ်ဟန်လေးရဲ့ ယနေ့သိရတဲ့ နောက်ဆုံးရသတင်း Seemore…

အလှမယ်ဟန်လေး မြန်မာရဲနဲ့တွေ့ဖို့ငြင်းဆိုမှုကို ထိုင်းလဝက လက်ခံပြီး ဆက်လက်စောင့်ရှောက်ထား
ထိုင်းလေဆိပ်မှာ ဆက်လက်ရှိနေ

အလှမယ် ဟန်လေးကို မြန်မာရဲတပ်ဖွဲ့ဘက်က ဘန်ကောက်က လေဆိပ်မှာ စက်တင်ဘာ ၂၂ ရက် မြန်မာစံတော်ချိန်သန်းခေါင်ယံမှာ လာရောက်တွေ့ဆုံဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကတစ်ဆင့် ဆက်သွယ်လာခဲ့တာကို ဟန်လေးက ငြင်းဆိုခဲ့တဲ့နောက်လက်ရှိမှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာပဲ ဒီနေ့ စက်တင်ဘာ ၂၃ ရက်မနက်ထိ လုံလုံခြုံခြုံဆက်ရှိနေပါတယ်။

“ကျွန်မကို ညက ထိုင်းလဝကအရာရှိက ဖုန်းဆက်လာပြီး မြန်မာရဲတွေရောက်လာတယ်။ သူတို့နဲ့တွေ့ချင်လား။ တွေ့ချင်ရင် ငါတို့ဘက်က ထိုင်းရဲလည်းထည့်ပေးမယ်။ အစောင့်အရှောက်တွေလည်း ထည့်ပေးမယ်။ နင် တွေ့ချင်လားစကားပြောချင်လားပေ့ါနော်။ ကျွန်မက မတွေ့ချင်ဘူး။ စကားလည်းမပြောချင်ဘူးလို့ပြောလိုက်တော့ လဝက အရာရှိက အေးအေးဆေးဆေးပဲလက်ခံတယ်။

UNHCR ကလည်း ညီမကို ထွက်မတွေ့ဖို့ မှာထားတာလေ။ အခုဒီမနက်ထိ အေးအေးဆေးဆေးပဲ။ လေဆိပ်ထဲက ဟိုတယ်တစ်ခုမှာ ထားပေးထားတယ်။ အခု ညီမ ထိုင်းလဝက အရာရှိနဲ့ UNHCR က တာဝန်ရှိသူတစ်ဦး ညီမဆီလာနေတာကို စောင့်နေတာပါ” လို့ ဟန်လေးက ဘီဘီစီကိုပြောပါတယ်။

ဟန်လေးရဲ့ပတ်စ်ပို့ကို မြန်မာဘက်က ပျောက်ဆုံးအနေနဲ့ ဗီယက်နမ်ဘက်ကို လှမ်းအကြောင်းကြားထားကြောင်းနဲ့ ထိုင်းကို ပြန်လည်ဝင်ရောက်ချိန်မှာ သူ့ရဲ့ပတ်စ်ပို့ကိုစစ်ဆေးရာမှာ အင်တာပိုလ်စာရင်းထဲ ပါနေပြီး မြန်မာမှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ပါရှိနေတာြဖစ်ပါတယ်။

ဟန်လေးကို မြန်မာစစ်ကောင်စီက ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲထားပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။

BBC Burmese

Crd

Zawgyi

အလွမယ္ဟန္ေလး ျမန္မာရဲနဲ႔ေတြ႕ဖို႔ျငင္းဆိုမႈကို ထိုင္းလဝက လက္ခံၿပီး ဆက္လက္ေစာင့္ေရွာက္ထား
ထိုင္းေလဆိပ္မွာ ဆက္လက္ရွိေန

အလွမယ္ ဟန္ေလးကို ျမန္မာရဲတပ္ဖြဲ႕ဘက္က ဘန္ေကာက္က ေလဆိပ္မွာ စက္တင္ဘာ ၂၂ ရက္ ျမန္မာစံေတာ္ခ်ိန္သန္းေခါင္ယံမွာ လာေရာက္ေတြ႕ဆုံဖို႔ ထိုင္းလူဝင္မႈႀကီးၾကပ္ေရးဌာနကတစ္ဆင့္ ဆက္သြယ္လာခဲ့တာကို ဟန္ေလးက ျငင္းဆိုခဲ့တဲ့ေနာက္လက္ရွိမွာ ထိုင္းႏိုင္ငံ သုဝဏၰဘူမိေလဆိပ္မွာပဲ ဒီေန႔ စက္တင္ဘာ ၂၃ ရက္မနက္ထိ လုံလုံၿခဳံၿခဳံဆက္ရွိေနပါတယ္။

“ကြၽန္မကို ညက ထိုင္းလဝကအရာရွိက ဖုန္းဆက္လာၿပီး ျမန္မာရဲေတြေရာက္လာတယ္။ သူတို႔နဲ႔ေတြ႕ခ်င္လား။ ေတြ႕ခ်င္ရင္ ငါတို႔ဘက္က ထိုင္းရဲလည္းထည့္ေပးမယ္။ အေစာင့္အေရွာက္ေတြလည္း ထည့္ေပးမယ္။ နင္ ေတြ႕ခ်င္လားစကားေျပာခ်င္လားေပ့ါေနာ္။ ကြၽန္မက မေတြ႕ခ်င္ဘူး။ စကားလည္းမေျပာခ်င္ဘူးလို႔ေျပာလိုက္ေတာ့ လဝက အရာရွိက ေအးေအးေဆးေဆးပဲလက္ခံတယ္။

UNHCR ကလည္း ညီမကို ထြက္မေတြ႕ဖို႔ မွာထားတာေလ။ အခုဒီမနက္ထိ ေအးေအးေဆးေဆးပဲ။ ေလဆိပ္ထဲက ဟိုတယ္တစ္ခုမွာ ထားေပးထားတယ္။ အခု ညီမ ထိုင္းလဝက အရာရွိနဲ႔ UNHCR က တာဝန္ရွိသူတစ္ဦး ညီမဆီလာေနတာကို ေစာင့္ေနတာပါ” လို႔ ဟန္ေလးက ဘီဘီစီကိုေျပာပါတယ္။

ဟန္ေလးရဲ႕ပတ္စ္ပို႔ကို ျမန္မာဘက္က ေပ်ာက္ဆုံးအေနနဲ႔ ဗီယက္နမ္ဘက္ကို လွမ္းအေၾကာင္းၾကားထားေၾကာင္းနဲ႔ ထိုင္းကို ျပန္လည္ဝင္ေရာက္ခ်ိန္မွာ သူ႔ရဲ႕ပတ္စ္ပို႔ကိုစစ္ေဆးရာမွာ အင္တာပိုလ္စာရင္းထဲ ပါေနၿပီး ျမန္မာမွာ ျပစ္မႈက်ဴးလြန္ခဲ့တယ္လို႔ ပါရွိေနတာျဖစ္ပါတယ္။
ဟန္ေလးကို ျမန္မာစစ္ေကာင္စီက ပုဒ္မ ၁၂၄ (က)နဲ႔ တရားစြဲထားၿပီးဖမ္းဝရမ္းထုတ္ထားပါတယ္။

BBC Burmese

Crd