Knowledge

ချစ်ပြီဆိုရင် အမျိုးသား တွေ လိုချင်တဲ့ အရာ (၆) ခု

အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။

နှစ်ဦးသားချစ်မိပြီဆိုရင် အမျိုးသား တွေ လက်တွဲဖော် ဆီက မျှော်လင့်တဲ့အရာမျိုးတွေ ရှိပါတယ်။ စစတွဲချင်းမှာ ဒီအရာတွေမရလို့ ဘာမှ မဖြစ်ပေမဲ့၊အချိန်ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မဝေးနိုင်တဲ့အခါ နှစ်ဦးသား ပြဿနာ က ၊

တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။ ဒီ့အတွက် ယေဘုယျအားဖြင့် ယောကျာ်း တစ်ယောက် မျှော်လင့်တတ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ – လေးစားမှု

လေးစားမှု နဲ့ လူ အထင်ကြီးခံချင်တာမျိုးမဟုတ်ပါဘူး။ အမျိုးသား တွေဟာ သူတို့လက်တွဲဖော် က လေးစားတဲ့အပြုအမူမျိုးပြတဲ့အခါ ၊အဆိုပါ လေးစားမှု ကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။ ဒီလိုလေးစားမှု မပြနိုင်ရင်တောင် သူတို့အလေးအနက်ထားတဲ့အရာတွေ၊

သူတို့နေ့စဉ်ပတ်သက်နေတဲ့ အရာတွေကို အထင်သေးတဲ့ အပြုအမူ မျိုး မပြပါနဲ့။ ဒီ အပြုအမူ တွေဟာ စချစ်တဲ့အချိန်တွေမှာ မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခ ပေးလာပါလိမ့်မယ်။

၂ – ချီးကျူးမှု

ပါးစပ် ကနေ တော်တယ်၊ တတ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မဟုတ်ပါဘူး။ သူတို့လုပ်ရပ်ကြောင့် သင်ပျော်ရွှင်ရတယ်၊သင်နှစ်သက် သဘောကျ ရတယ်ဆိုတာမျိုး သူ့ဘက်က သိရုံပါပဲ။ ရုပ်ပိုင်းဆိုင်ရာတွေထက် ညဏပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုမို အလေးပေး ဂရုပြုသင့်ပါတယ်။

၃ – စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု

နှစ်တွေကြာလာတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ကို လိုချင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ဆိုတာ ထုတ်ဖော်ပြောပြဖို့ ခက်ပေမဲ့ ၊

တစ်ဦးကို တစ်ဦး နားလည်တာမျိုး ဖြစ်ပါတယ်။ ဘယ်သူမှ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ တစ်ဦးကိုတစ်ဦး နားလည် နေတာမျိုး ဖြစ်ပါတယ်။

၄ – ကိုယ်ပိုင် အချိန်တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ပါစေ ကိုယ်ပိုင် အချိန် ကိုတော့ တောင့်တကြပါတယ်။ သူငယ်ချင်း တွေနဲ့ အချိန်ဖြုန်းချင်တာ၊

တစ်ယောက်တည်းနေချင်တာ၊ ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုလုပ်နေချင်တာ စတဲ့ပုဂ္ဂလိက အချိန်လေးတွေ ရှိပါတယ်။ ဒါမျိုးတွေ ပျောက်ဆုံးတာမျိုးကြောင့် နှစ်ဦးသားဆက်ဆံရေးကို စိတ်ညစ်လာနိုင်ပါတယ်။

၅ – ရုပ်ပိုင်းဆိုင်ရာ

လက်တွေ့ကျကျ ပြောရရင်တော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ကိုလည်း အမျိုးသား တွေ လိုချင်ပါတယ်။

၆ – လုံခြုံမှုအချိန်ကြာလာတဲ့အခါ ဘယ်သူ့ကိုမှ မတိုင်ပင်တာတွေ တိုင်ပင်ပါမယ်၊ ဘယ်သူ့ကိုမှ မပြောတာတွေ ပြောပြပါမယ်။

ဒီလိုဖြစ်လာတာဟာ သူတို့တွဲနေတဲ့ မိန်းကလေး က သူတို့အတွက် အလုံခြုံဆုံးပုဂ္ဂိုလ်လို့ ခံစားရတာကြောင့် ဖြစ်ပါတယ်။

ဒီလို လုံခြုံမှု မျိုး မရတဲ့အခါ အဆိုပါဆက်ဆံရေးဟာ အချိန်ကြာတဲ့အခါ နီးလျက်နဲ့ ဝေးသလို ဖြစ်လာပါတယ်။

Credit

Unicode